Billu

 "Billu"




ရုပ်ရှင်နှစ်သက်သူတွေကတော့ Irrfan Khan ဆိုရင် သိကြပြီးသားဖြစ်မှာပါ။ ခပ်တည်တည်ဇတ်ရုပ်တွေနဲ့ သဘာဝကျကျသရုပ်ဆောင်တတ်တဲ့ နာမည်ကျော် Bollywood actor တစ်ယောက်ပေါ့။ Irrfan Khan ဟာ ၂၀၂၀ ခုနှစ် အသက် ၅၃ နှစ်အရွယ်မှာ ဝမ်းနည်းဖွယ် ကြွေလွင့်ခဲ့ရပါတယ်။ 

 Irrfan Khan ဟာ ဘဝတစ်သက်တာရုပ်ရှင်ဆု အပါအဝင် ဇတ်ပို့ဆု၊ သရုပ်ဆောင်ဆုပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ Main actor role, supporting role စသည်ဖြင့် ကျရာနေရာမှာ ပီပြင်နိုင်သူတစ်ယောက်ပါ။ Slumdog Millionaire, Life of Pi စတဲ့ အော်စကာဆုရရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပြီး  Hollywood ရုပ်ရှင်တွေမှာလည်း အခါအားလျော်စွာ ပါဝင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Amazing Spiderman ထဲက Dr. Rajit Ratha ဆိုရင် ပရိတ်သတ်တွေ မှတ်မိကြဦးမယ် ထင်ပါတယ်။ 


Irrfan Khan ပါဝင်ခဲ့တဲ့ ရုပ်ရှင်တွေထဲက Billu ဆိုတဲ့ Drama ဇတ်ကားဟာလည်း ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ခုပေါ့။ ၂၀၀၉ ခုနှစ်ကရိုက်ကူးခဲ့ပါတယ်။ ဘာဆုမှမဆွတ်ခူးနိုင်ခဲ့ပေမယ့် ပရိတ်သတ်အားပေးမှု ရခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ 

ရွာလေးတစ်ရွာမှာ ဆံပင်ညှပ်ပြီးအသက်မွေးတဲ့ Billu ဆိုတဲ့ လူတစ်ယောက်အကြောင်းပေါ့။ Billu ဟာ သူ့ရဲ့မိသားစုနဲ့ သာမန်ဘဝကို ဖြတ်သန်းနေရာကနေ သူနဲ့ ငယ်ငယ်က သူငယ်ချင်းဖြစ်ခဲ့ဖူးတဲ့ Bollywood  Superstar မင်းသားတစ်ယောက် သူတို့ရွာကို ရုပ်ရှင်လာရိုက်တဲ့အချိန်ကစပြီး သူ့ရဲ့ဘဝဟာ လှုပ်ခတ်မှုတွေ ကြုံတွေ့ရတော့တာပါပဲ။


- Billu ဟာ သူ့ရွာမှာ ဘယ်လို ပြဿနာတွေကြုံတွေရတာလဲ

- Bollywood Superstar က Billu ကိုသတိရသေးရဲ့လား

Billu အဖြစ် Irrfan Khan, Bollywood Superstar အဖြစ် Shah Rukh Khan တို့က သရုပ်ဆောင်ထားတဲ့ ‘Billu’ ဟာ Bollywood နှစ်သက်သူတွေ အတွက်တော့ ကျေနပ်မှုရစေမဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။





Comments

Post a Comment