Posts

Showing posts from July, 2022

တော်လှန်သတင်းစာပညာ

Image
  ပြည်သူ့အတွက် တော်လှန်သတင်းစာပညာ တော်လှန်ရေးကာလတွင် သတင်းအချက်အလက်ကို အချိန်နှင့်တပြေးညီ သိရှိရေးသည် အလွန်အရေးကြီးပေသည်။  ယခင်ရှိနှင့်ပြီးသား ယုံကြည်အားကိုးရသော ပြည်တွင်းသတင်းမီဒီဌာနများသည် အာဏာသိမ်းပြီးနောက် အဖမ်းမခံရအောင် တိမ်းရှောင်နေရသဖြင့် ကိုယ်တိုင်ကိုယ်ကျ သတင်းလိုက်မယူနိုင်တော့ပေ။ ထိုအခါ သက်ဆိုင်ရာဒေသခံတွေက သတင်းဌာနတွေကို သတင်းပေးပို့လာကြရသည်။  အဆိုပါပေးပို့လာသော သတင်းများကို သတင်းဌာနများက စိစစ်ပြီး ပြည်သူ့ထံကို ပြန်လည်တင်ပြလာရသည်။  ဤနည်းဖြင့် လူတွေသည် သတင်းသမားများဖြစ်လာကြသည်။  ပြည်သူ့ သတင်းစာဆရာ CJ (Citizens Journalist ) ဟူသော အခေါ်အဝေါ်ပင် ပေါ်ထွက်လာခဲ့သည်။  ယခုခေတ်ကာလတွင် လူတိုင်းသည် တစ်ချိန်မဟုတ်တစ်ချိန် သတင်းစာပညာနှင့် ပတ်သက်နိုင်ချေရှိလာပါသည်။ မိမိအနားကိုရောက်လာသည့် သတင်းအချက်အလက်ကို သက်ဆိုင်ရာပြည်သူများအချိန်မီသိရှိနိုင်အောင် ပြန်လည်ဖြန့်ဝေနိုင်မှသာ လူ့အသက်များကို ကယ်တင်နိုင်ပေမည်။ တနည်းအားဖြင့် တော်လှန်ရေးအတွက် တာဝန်ကျေပေမည်။  သတင်းမီဒီယာပေါင်းစုံကလည်း သတင်းများပေးပို့ရန် အမြဲလိုလိုတောင်းဆိုနေကြသည်ကို တွေ့နိုင်ပါသည်။  ထို့ကြောင့် တော်လှန်ရေးကာလတွင် လူတိုင်း သတင်းစာပညာအ

Wentoon 6

Image
  အပိုင်း ၆

အရက်ကြောင့်ဖြစ်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ၃

Image
  အရက်ကြောင့်ဖြစ်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ အပိုင် -၃ ၃။ အရက်သောက်တတ်တဲ့ မိဘ ကြောင့် သားသမီးများ ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ မိခင် ဝမ်းတွင်းမှာ သန္ဓေ တည်ကတည်းကပဲ အရက်ကြောင့် မူလအခြေအနေကနေ အရည်အသွေးပြောင်းလဲသွားတဲ့ genes တွေ မျိုးဗီဇတွေဖြစ်သွားတဲ့အတွက် မွေးဖွားလာတဲ့အခါ ရုပ်ဆင်းသွင်ပြင် ချွတ်ယွင်းမှုတွေ ဖွံ့ဖြိုးမှု နှောင့်နှေးမပြည့်စုံတာတွေ ဉာဏ်ရည်မပြည့်တာတွေ ဖြစ်နိုင်ပါတယ်။  မွေးစကာလတွေမှာလဲ မိခင်၊ ဖခင်ရဲ့ မေတ္တာနဲ့ ထွေးပွေ့ယုယကြင်နာမှုနဲ့ တွယ်တာမှု အနှောင်အဖွဲ့ကို ပြည့်ပြည့်ဝဝ မရနိုင်ရှာတဲ့ကလေးလေးတွေမှာ insecure attachment လို့ခေါ်တဲ့ အတွင်းစိတ်မလုံခြုံခြင်းကို ခံစားရတတ်ပါတယ်။ လောကကြီးကို မိဘကနေတဆင့် သင်ယူလေ့လာကြရတဲ့ ကလေးတွေရဲ့ inner working model က ထိခိုက်သွားတဲ့အတွက် လောကကို ရှုမြင်သုံးသပ်ပုံ တုန့်ပြန်ဆောင်ရွက်ပုံတွေ မူမမှန်တော့ပါဘူး။ ရိုင်းတဲ့ကလေး၊ ဆိုးတဲ့ကလေး၊ သန္ဓေမကောင်းတဲ့ကလေးရယ်လို့ တံဆိပ်ကပ်ဆက်ဆံခံရပြန်ပါရော။ နေ့စဉ်နဲ့အမျှ မိဘနှစ်ပါး ရန်ဖြစ်နေတာ မြင်ရတဲ့ ကလေးတွေဟာ သူတို့ကိုယ်သူတို့ အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက် ဝင်လာတတ်ပါတယ်။ မိသားစုအတွင်းမှာ မခန့်မှန်း

အရက်ကြောင့်ဖြစ်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ၂

Image
  အရက်ကြောင့်ဖြစ်သော စိတ်ပိုင်းဆိုရာ ထိခိုက်မှုများ အပိုင်း (၂) ၂။ ဇနီး၊ ခင်ပွန်းတို့ခံစားရသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ အဓိကကတော့ အိမ်ထောင်ဖက်အချင်းချင်း ရိုသေလေးစားခြင်းတွေ ပျောက်ဆုံးကုန်တာပါ။ ခင်ပွန်းကို မရိုသေနိုင်တော့တဲ့ ဇနီးတစ်ယောက်အဖို့ရာ ဆုံးရှူံးရတာကတော့ သူမရဲ့ စိတ်ချလုံခြုံတဲ့ကမ္ဘာလောကကြီးပါ။ သာယာကြည်နူးဖွယ်ရာ အိမ်ထောင့်အနှစ်အရသာမရှိတော့တဲ့ ခြောက်အိပ်မက်မှာ အထီးကျန်စွာ ရုန်းကန်ရ‌ပါတော့တယ်။ မြိုသိပ်ချုပ်တည်းနိုင်စွမ်းမရှိတော့တဲ့နောက် စိတ်ရောကိုယ်ပါ ကြမ်းတမ်းခက်ထန်စွာ ပြုမူတတ်လာပါတော့တယ်။ ပတ်ဝန်းကျင်မှာ အရှက်တကွဲ ရိုက်နှက်ဆဲဆိုခံရတာ၊ အထင်အမြင်သေးခံရတာတွေအတွက် ဖြေသိမ့်ပေးမယ့်သူလဲ မရှိတတ်ကြပါဘူး။ အိမ်ထောင့်တာဝန်တွေ တစ်ယောက်တည်းထမ်းရင်း အလိုမကျဒေါသတွေကြီးရင်း သားသမီးတွေအပေါ်လဲ မနူးညံ့၊ မနွေးထွေးနိုင်တော့တဲ့ မိဘတစ်ယောက်ဖြစ်လာပါတော့တယ်။ တချို့တွေမှာ အရက်မူးတိုင်းမဟုတ်မဟတ်‌ေတွသဝန်တိုစွပ်စွဲတတ်တဲ့ ခင်ပွန်းကို ရှက်ရွံနာကြည်းစွာ သည်းညည်းခံကြရပါတယ်။ ကိုယ်ထိလက်ရောက် ရိုက်နှက်သောင်းကြမ်းတာ ခံရတဲ့ အိမ်ထောင်ဖက်တွေရှိသလို၊ လက်ဖျားနဲ့တောင်မတို့ဘဲ စကားလုံးတွေနဲ့ စိတ်ဒဏ်ရာပေးတတ်သူတွေလဲ ရှ

အရက်ကြောင့် ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ၁

Image
  အရက်ကြောင့်ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ  အပိုင်း -၁ ဒီအကြောင်းပြောမယ်ဆိုရင်  ၁။အရက်သောက်တတ်တဲ့သူတွေ ကိုယ်တိုင်ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊  ၂။ဇနီး ခင်ပွန်း အိမ်ထောင်ဘက်တို့ ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊  ၃။သားသမီးများခံစားရတဲ့ ထိခိုက်မှုများ၊  ၄။ ရပ်ရွာပတ်ဝန်းကျင်ကခံစားရတဲ့ နစ်နာမှုများ စသဖြင့် အပိုင်းလိုက် ပြောပြပေးပါမယ်။ သိပ်ရှည်သွားမှာစိုးလို့ တိုတိုနဲ့လိုရင်းပဲ ပြောပါ့မယ်နော်။ ၁။အရက်သောက်တတ်တဲ့သူတွေ ကိုယ်တိုင်ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ စိတ်ညစ်လို့ အရက်သောက်တယ် ဒါပေမယ့် အရက်သောက်လို့ စိတ်ညစ်တာ မပျောက်ဘူးဆိုတာ သောက်တတ်တဲ့သူတိုင်းသိကြပါတယ်။ အရက်သောက်ခြင်းအားဖြင့် မူလ ပြဿနာများမဖြေရှင်းနိုင်ဘဲ အရက်စွဲတာသာအဖတ်တင်ကျန်ခဲ့ပါတယ်။ သူ့ချည်းလားဆိုတော့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးပါတယ်။ ပြဿနာကို ‌လက်လျှော့အရှူံးပေး အညံ့ခံလိုက်ကြပါတယ်။ တချို့က ကိုယ့်ပြဿနာကို လမ်းလွှဲပစ်ပါတယ်။ မမူးရင် မပြောနိုင်တဲ့စကားတွေကို မူးမှ မိသားစုကို အပြစ်ရှာ ရမ်းကားပါတယ်။ ကိုယ့်ကိုယ်ကို မနာကျင်အောင်ကာကွယ်ဖို့ကြိုးစားရင်း မိသားစုကို အခါခါနာကျင်အေ

Arsenic

Image
  Poison-2(Arsenic) အာဆင်းနစ် သည် ဓာတုဒြပ်စင်တစ်မျိုးဖြစ်သည်။ အာဆင်းနစ်ကို မြေကြီးထဲမှ တူးဖေါ်သန့်စင်ရရှိသည်။ တရုတ်ပြည်သည် အားဆင်းနစ်အများဆုံး ထွက်ရှိရာဒေသဖြစ်သည်။ မြေဆီလွှာ 1 kg လျှင် အာဆင်းနစ် 100 mg ခန့်အများဆုံးရရှိနိုင်သည်။ အာဆင်းနစ်သည် သတ္ထုစပ်ဒြပ်စင်တစ်မျိုးဖြစ်ပြီး ကုန်ထုတ်လုပ်ငန်းများတွင် တွင်ကျယ်စွာအသုံးပြုသည်။ ဘက်ထရီ၊ အီလက်ထရွန်နစ်ဆားကစ်ပြား၊ ကြေးထည်လုပ်ငန်း များတွင် အာဆင်းနစ်ကို အသုံးပြုကြသည်။ အစိမ်းရောင်သုတ်ဆေးဖေါ်စပ်ရာတွင်လည်း အာဆင်းနစ်ပါဝင်သည်ဟု ဆိုသည်။ အာဆင်းနစ်သည် ဆဲလ်များကိုသေစေတတ်သော ဂုဏ်သတ္တိရှိရာ သစ်အချောထည်လုပ်ငန်းများတွင် မှိုနှင့်ဘက်တီးရီယားများ မစွဲကပ်စေရန် တာရှည်ခံဆေးအဖြစ် ထည့်သွင်းဖေါ်စပ်ကြသည်။ ၎င်းအပြင် စိုက်ပျိုးရေးဆေးများတွင်လည်း အာဆင်းနစ်ထည့်သွင်းဖေါ်စပ်မှုများရှိသည်။ ပတ်ဝန်းကျင်ကို ထိခိုက်စေမှုကြောင့် US အပါအဝင်အချို့နိုင်ငံများတွင် ဤသို့သုံးစွဲမှုကို တားမြစ်ထားသော်လည်း အခြားနိုင်ငံများရှိ သစ်အချောထည်လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် တွင်ကျယ်စွာ သုံးစွဲနေကြဆဲဖြစ်သည်။  အာဆင်းနစ်ကို အ‌စောပိုင်းရာစုနှစ်များတွင် ဆေးအဖြစ်သုံးစွဲခဲ့မှုများလည်းရှိသည်။

ခြင်္သေ့တွေ အပျင်းကြီးသလား

Image
  ခြင်္သေ့ကြီးတွေ အပျင်းကြီးသလား သင်ဟာ ခြင်္သေ့တွေကို စိတ်ဝင်စားသူတစ်ဦးဆိုရင် Discovery channel လို ရုပ်သံလိုင်းတွေမှာ ခြင်္သေ့ကြီးတွေကို စိတ်ဝင်တစား ကြည့်ဖူးမှာပါ။ ဒီထဲကမှ တချို့ခြင်္သေ့တွေဟာ ရံခါရံခါ ဘာမှ မလုပ်ပဲ လှဲလျောင်းနေလေ့ရှိတာကိုလည်း တွေ့ဖူးမှာပါ။ ဒါမျိုးကိုမြင်ဖူးရင် ‘ဟာခြင်္သေ့ကြီးတွေက အပျင်းကြီးလိုက်တာ’ လို့ ထင်မြင်သွားနိုင်ပါတယ်။  တကယ်တော့ ဒီ့ထက်ပိုထူးဆန်းတာ ရှိပါသေးတယ်။ ခြင်္သေ့အထီးတွေက ပုံမှန်အမဲလိုက်လေ့လည်း မရှိပါဘူးတဲ့။ များသောအားဖြင့် ခြင်္သေ့အမတွေကသာ အမဲလိုက်ကြပြီး ရရှိလာတဲ့ သားကောင်ကိုမှ ခြင်္သေ့အထီးတွေက ပြန်ပြီး မျှဝေစားသောက်တာပါတဲ့။  အမတွေက သူတို့ကို ခွဲမကျွေးရင် ခိုးစားလုစားတတ်ပါသေးသတဲ့။ ‘ဟာ လည်ဆံမွှေးကားကားနဲ့ ဝင့်ကြွားလှတဲ့ တောသုံးထောင်ပိုင် ခြင်္သေ့မင်းက သူခိုးကြီးပါလား’ လို့ မှတ်ချက်ပြုရမလိုတောင်ဖြစ်နေတော့တာပေါ့။  တကယ်တော့ ဒါဟာ တိရစ္ဆာန်တွေရဲ့ သဘာဝပဲဖြစ်ပါတယ်။ ခြင်္သေ့အထီးတွေက ငပျင်းကြီးတွေ၊ လုံးဝအသုံးမကျတဲ့အကောင်ကြီးတွေတော့ မဟုတ်ပါဘူး။ သူတို့နဲ့ ခြင်္သေ့အမတွေရဲ့ တာဝန်ခွဲဝေမှု မတူညီတာသာဖြစ်ပါတယ်။ ခြင်္သေ့အထီးတွေရဲ့ တာဝန်က ခြင်္သေ့အုပ်ကို ကာကွယ်စောင့်ရှောက်ရတယ

Webtoon 5

Image
  အပိုင်း ၅

Webtoon 4

Image
  အပိုင်း ၄

ထန်းပင်​၏အသုံးဝင်ပုံ

Image
  မင်္ဂလာပါရှင်။  ရှေ့အပါတ်က ထန်းပင်နဲ့ပတ်သတ်ပြီး ဗဟုသုတအနည်းငယ်ကို မျှဝေပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ထန်းပင်တစ်ပင်မှာရှိတဲ့ အစိတ်အပိုင်းတိုင်းရဲ့ အသုံးဝင်ပုံနဲ့ အညာဒေသမှာ အသုံးပြုပုံတွေကို ပြောပြပေးပါမယ်။  ထန်းပင်တစ်ပင်မှာဆိုရင် အရွက်၊ အခက်၊ အလက်၊ ပင်စည် ဆိုပြီး ပါရှိသလို အဲ့ဒီအစိတ်အပိုင်းတိုင်းဟာ ပစ်ရက်စရာမရှိအောင် အသုံးဝင်ပါတယ်။  ထန်းရွက်တွေကနေ စပြီး ပြောကြရအောင်။  ထန်းရွက် နယ်ဘက် အညာဒေသတွေမှာဆိုရင် ထန်းရွက်တွေနဲ့ မိုးထားတဲ့ တဲလေးတွေ၊ အိမ်တွေကို တွေ့ဖူးကြမှာပါ။ ထန်းရွက်မိုးထားတဲ့အကြောင်းရင်းကတော့ ထန်းရွက်တွေက အပူစုပ်ပေးလို့ပါပဲ။ နွေရာသီမှာ ထန်းရွက်မိုးထားတဲ့ တဲ၊ အိမ်ထဲမှာ နေရရင် အပူဒဏ်သက်သာပြီး အေးစိမ့်စိမ့်လေးဖြစ်စေပါတယ်။ ထန်းပင်က ထန်းရွက်ကို ခုတ်၊ နင်းပြီး ခြောက်သွားတဲ့အခါမှာမှ အိမ်တွေမှာ မိုးလို့ရတာပါ။ အလက်မလှလို့ အိမ်မိုးရာမှာ မသုံးတဲ့ ထန်းရွက်တွေကလည်း အလဟသ ဖြစ်မသွားပါဘူး။ မီးမွှေးရတာ လွယ်ကူလို့ အညာဒေသရဲ့ မီးဖိုချောင်တိုင်းမှာ တွေ့ရတတ်ပါသေးတယ်။ ထန်းရွက်အစိုတွေကိုလည်း ကလေးကစားစရာ ဂျိုးရုပ်လေးတွေ၊ ကြယ်လေးတွေ၊ ဖျာလေးတွေ၊ ရှေးခေတ်ကအခေါ် 'ဖာ'လေးတွေကို ရက်လို့လည်းရပါသေးတယ်။ ထန်းလ

Spitting News

Image
  Englandအမျိုးသမီးအသင်း Swedenကို နိုင်ပြီး Euro 2022 Finalတက်                                     Englandအမျိုးသမီးဘောလုံးအသင်းကတော့ ၎င်းတို့ရဲ့ Semifinalရှုံးကြိမ်စာကို Swedenကို 4ဂိုး ဂိုးမရှိအနိုင်ယူပြီး ချေဖျက်ခဲ့ပါတယ်။ ဒါပေမယ့် လွယ်လွယ်ကူကူတော့မဟုတ်လှပါဘူး။ Swedenဟာ ကမ္ဘာ့အဆင့် 2 အမျိုးသမီးအသင်းဖြစ်ပြီး Englandဟာ Swedenကို သမိုင်းကြောင်းတလျောက် သုံးခါသာနိုင်ဖူးပါတယ်။ ဒါပေမယ့်Beth Meadရဲ့ တချက်လှည့်ပြီး အဆုံးသတ်ကောင်းမွန်မှု၊ Lucy Bronzeရဲ့ ခေါင်းတိုက်ဂိုး၊ လူစားဝင်ကစားသမားRussoရဲ့ နောက်ပေါက်သွင်းဂိုး နဲ့ Kirbyရဲ့သွင်းဂိုးတို့ဟာ Englandအသင်းကို Euro Finalရောက်စေခဲ့တာဖြစ်ပါတယ်။  Englandအသင်းဟာ Germanyနဲ့ Franceနိုင်တဲ့အသင်းနဲ့ July 31ရက်နေ့ ဝင်ဘလေကွင်းကြီးထဲမှာ ဗိုလ်လုရမှာဖြစ်ပါတယ်။

Webtoon 3

Image
  အပိုင်း ၃