Posts

Showing posts from March, 2022

Curtain,Jug and Fruit Bowl

Image
 Curtain, Jug and Fruit Bowl (Paul Cezanne)  ပြင်သစ်ပန်းချီဆရာ တစ်ဉီးဖြစ်တဲ့ Paul Cezanne (1839-1906) ဟာ စုတ်ချက်ကြမ်းကြမ်း ဆေးသားထူထူတွေကိုအသုံးပြုပြီး သက်ရှိသက်မဲ့တို့အပေါ်မှာ ကျရောက်နေတဲ့ အလင်းအမှောင်နဲ့ အရောင်တို့ကို ဖမ်းဆုပ်ပုံဖေါ်ဖို့ ကြိုးစားတဲ့ Impressionism ပန်းချီကို ဦးဆောင်ခဲ့သူ တစ်ဦးလဲ ဖြစ်ပါတယ်။ Cezanne ဟာ သူ့ရဲ့ ပန်းချီသက်တမ်း အနှစ် ၄၀ လောက်ကာလအတွင်းမှာ   ဆီဆေး ရေဆေး ပန်းချီကားစုစုပေါင်း ၁၀၀၀ ကျော် ရေးဆွဲခဲ့ပါတယ်။ သူ့ရဲ့ပန်းချီကားများစွာဟာလည်း ယနေ့တိုင် ပန်းချီလောကရဲ့ ဂန္ထဝင်လက်ရာတွေအဖြစ် ‌ကျော်ကြားနေဆဲဖြစ်ပါတယ်။ Cezanne ရဲ့ပန်းချီနဲ့ပတ်သက်တဲ့ အယူအဆကလည်း မှတ်သားဖွယ်ပါပဲ။  "Painting from nature is not copying the object, it is realising one's sensations" ပန်းချီဆရာဆိုပေမယ့် Cezanne ဟာ ဒေါသကြီးတတ်ပါသတဲ့။ မော်ဒယ်ထိုင်ပေးသူတွေကို သဘောမတွေ့ရင် Cezanne ဟာ အော်ငေါက်လေ့ရှိပါတယ်။ Cezanne ဟာ သက်ငြိမ်ပန်းချီကားပေါင်းများစွာကိုလည်းရေးဆွဲခဲ့ပါတယ်။ ပန်းသီးတွေဟာ သူ့ရဲ့သက်ငြိမ်ပန်းချီကား‌တွေအတွက် ပန်းသီးတွေကို မကြာခဏအသုံးပြုလေ့ရှိပါတယ်။ Curtain, jug and fruit bowl ကတော့ Cez

ကမ္ဘာတစ်လွှား ထူးထူးခြားခြားအစားအစာများ

Image
 ကမ္ဘာတစ်လွှား ထူးထူးခြားခြားအစားအစာများ (အပိုင်း-၄) ထူးထူးခြားခြားအစားအစာတွေအကြောင်း ပြောပြခဲ့တာ အပိုင်း ၄ကိုတောင် ရောက်ရှိလာပါပြီ။ ဒီတစ်ခေါက်တော့ Vietnam ရဲ့ အထင်ကရအစားအစာလေးဖြစ်တဲ့ Coconut Worm လေးအကြောင်း ပြောပြပါမယ်။ 🌿Coconut Worm လို့ခေါ်ရတဲ့ အကြောင်းကတော့ ရှင်းပါတယ်။ Coconut ပင်ရဲ့ ပင်စည်ထဲမှာ ကြီးထွားတဲ့ အကောင်လေးတွေမို့ပါပဲ။ ဒီအကောင်လေးတွေဟာ ပိုးပိတုန်းအမျိုးနွယ်ဝင်ဖြစ်ပြီး စားလို့ရတာကတော့ သူ့ရဲ့ သားလောင်းအဆင့် ပိုးကောင်လေးတွေပါ။ 🌿ပိုးပိတုန်းတွေဟာ Coconut ပင်ရဲ့ ပင်စည်ထဲမှာ ဥတွေကို ဥထားခဲ့ပါတယ်။ အဲ့ဒီ့ ဥ လေးတွေကနေ အကောင်ပေါက်လာပြီး သားလောင်းအဆင့်မှာ အကြာကြီးနေပြီး Coconut ပင်ရဲ့ အာဟာရတွေကို စားသုံးပါတယ်။ Coconut Wormတွေကို ရှာချင်ရင်တော့ အပင်တစ်ပင်လုံးကို ပိုင်းဖြတ်ရတာမို့ အရင်းအနှီးတော့ကြီးပါတယ်။ 🌿ဒါ့အပြင် သဘာဝအရမဟုတ်ဘဲ Coconut Wormတွေကို အပင်တွေမှာ ထည့်ပြီးမွှေးမြူစားသုံးလာကြပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာနိုင်တဲ့အတွက် Coconut Wormတွေကို စီးပွားဖြစ်မွေးမြူတာတွေကို ကန့်သတ်ထားပါတယ်။ ဒါပေမယ့်လည်း Vietnam ကိုအလည်ရောက်ရင်တော့ Coconut Worm တွေကို ဆိုင်တိုင်းနီးပါးမှာ ဝယ်ယူစား

Nighthawks

Image
Nighthawks (Edward Hopper) ပျားပန်းခတ်စည်ကားခဲ့တဲ့ မြို့ပြဟာ ညအခါမှာတော့ လူသူကင်းမဲ့စွာ တိတ်ဆိတ်နေတယ်။ စားသောက်ဆိုင်ထဲမှာတော့ ဧည့်သည်သုံးယောက်။ စုံတွဲနှစ်ယောက်ရဲ့ တီးတိုးစကားသံကို တချက်တချက်ကြားရတယ်။ တစ်ယောက်တည်းထိုင်နေသူ ဧည့်သည်ကရော ဘာတွေများတွေးနေပါလိမ့်။ ခြောက်ကပ်နေတဲ့မြို့ပြညမှာ သူတို့ဟာ ဘဝအမောဖြေ‌နေကြတာလား။ အထီးကျန်မှုနဲ့ ‌ခြောက်ခြားနေကြတာလား။ စားသောက်ဆိုင်အပြင်က မှောင်ရိပ်ကျနေတဲ့ လမ်းတွေကတော့ အသက်မဲ့စွာ တိတ်ဆိတ်ငြိမ်သက်လို့။  ဒီ Nighthawks ဆိုတဲ့ ဆီဆေးပန်းချီကားကို အမေရိကန် သရုပ်မှန်ပန်းချီဆရာ Edward Hopper က 1942 မှာ ရေးဆွဲခဲ့ပါတယ်။ ဒီပန်းချီကားဟာ Edward Hopper ရဲ့ အကျော်ကြားဆုံးလက်ရာဖြစ်ခဲ့ပြီး ရုပ်ရှင်နဲ့ ရုပ်သံဇတ်လမ်းတွေမှာ ဒီပန်းချီကားကို မှီငြမ်းထားတဲ့ ဇတ်ဝင်ခန်းတွေ ထည့်သွင်းရိုက်ကူးမှုများ ရှိခဲ့ပါတယ်။   Nighthawks ပန်းချီကားဟာ ရေးဆွဲပြီးတစ်လခန့်ကြာသည်အထိ အရောင်းပြခန်းမှာ ဝယ်သူမရှိပဲ ဖြစ်ခဲ့ရာက တစ်နေ့မှာတော့ Chicago Art Institute က ဒါရိုက်တာပုဂ္ဂိုလ်က သတင်းကြားတဲ့အတွက်လာရောက်ကြည့်ရှုပြီး ချက်ချင်းပဲ $3000 နဲ့ ကျောင်းအတွက် ဝယ်ယူသွားခဲ့ပါတယ်။ အခုတိုင် အဲဒီ Institute မှာ ပန်း

ကမ္ဘာတလွှား ထူးထူးခြားခြား အစားအစာများ

Image
ကမ္ဘာတလွှား ထူးထူးခြားခြား အစားအစာများ (3) အစားအသောက်သောင်းကျန်းလှတဲ့ သူတွေတောင် စားဖို့ နှစ်ခါလောက်ပြန်စဉ်းစားရမယ့် ကမ္ဘာတစ်လွှားက ထူးထူးခြားခြား အစားအစာတွေအကြောင်း ပြောပြခဲ့တာ အခုဆိုရင် အပိုင်း(3) အထိ ရောက်လာပြီနော်….. အခုတစ်ခေါက်မှာတော့ Cambodia မှာနာမည်ကြီးတဲ့ အကြော်အလှော် လေးတစ်မျိုးအကြောင်းကို ပြောပြပါ့မယ်။ ဒါနဲ့ စကားမစပ် ဒီ စာကို ဖတ်နေတဲ့သူတွေထဲမှာ ပင့်ကူကြောက်တဲ့သူတွေများ ရှိသလားဗျ။ ရှိရင် အဆုံးထိဖတ်သွားပါဦးနော်။ Cambodia ရဲ့ နေရာတိုင်းမှာ ပင့်ကူကြော်တွေကို အဆာပြေမုန့်အနေနဲ့စားသုံးကြပါတယ်။ Cambodia ကို လာရောက်လာပတ်ကြတဲ့ နိုင်ငံခြားသားတွေကို ဆွဲဆောင်ထားတဲ့ Regional snack တစ်မျိုးဆိုရင်လည်း မမှားပါဘူး။  Cambodia ရဲ့ မြို့တော် ဖနွမ်းပင် ရဲ့ 47 မိုင် အကွာမှာရှိတဲ့ Skuon ဆိုတဲ့ မြို့လေးမှာတော့ ဒီပင့်ကူကြော်ဟာ အကျော်ကြားဆုံးဖြစ်ပါတယ်။ ကြော်စားတဲ့ ပင့်ကူတွေဟာ မြန်မာနိုင်ငံရဲ့အိမ်တွေမှာတွေ့ရလေ့ရှိတဲ့ အသေးစားလေးတွေမဟုတ်ဘဲ လူတစ်ယောက်ရဲ့ လက်တစ်ဝါးစာလောက်ရှိတဲ့ ပင်ကူအကြီးစားတွေပဲဖြစ်ပါတယ်။ ဒီပင့်ကူတွေကို အရသာမှုန့်၊ ကြက်သွန်ဖြူနဲ့အတူ ဆီပူပူမှာရောကြော်ထားဝာာမို့ အရမ်းမွှေးနေမှာပါပဲ။ ခြေချော