Posts

Showing posts from April, 2022

May Day

Image
လုပ်သားရဲဘော်များနှင့်အတူ သွေးစည်းကြမှ အောင်ပွဲရမည် ===============  ချစ်ဝင်းမောင်   " လူသားဖြစ်တည်မှုကို မြှင့်တင်ပေးတဲ့ အလုပ်ဟူသမျှဟာ ဂုဏ်သိက္ခာရှိပြီး အရေးပါတယ်။အကောင်းဆုံးဖြစ်အောင် အပတ်တကုတ် လက်ခံဆောင်ရွက်ရမယ်"  ဒီစကားကို ပြောခဲ့တဲ့သူကတော့ အမေရိကန် အရပ်ဘက်အခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင် မာတင် လူသာကင်း ဂျူနီယာ (၁၉၂၉ - ၁၉၆၈)ဖြစ်ပါတယ်။ မာတင် လူသာကင်း ဂျူနီယာက ဒီစကားကို ပြောခဲ့တာဟာ အချိန်အားဖြင့် ကြာညောင်းခဲ့ပြီ ဖြစ်ပေမယ့် ဒီစကားကို ကြားသိသူ ကမ္ဘာသူ၊ကမ္ဘာသားတို့ရဲ့ ရင်ထဲမှာတော့ သတ္တိ၊ ခွန်အား၊ ရဲ့ရင့်မှု တို့ ထုံကူးစေလျက်ရှိနေပါတယ်။ဒီစကားအတိုင်းပဲ.... ကမ္ဘာ့သမိုင်းမှာ လူသားဖြစ်တည်မှုကို မြှင့်တင်ပေးခဲ့တဲ့၊ ဂုဏ်သိက္ခာရှိပြီး အရေးပါလှတဲ့ အကောင်းဆုံး ကြိုးစားခဲ့မှုတစ်ရပ်ကိုလည်း ယနေ့ထိ နှစ်စဉ် ဂုဏ်ပြု ဦးညွတ်အလေးပြုလို့ ခွန်အားယူနေရဆဲ ဖြစ်ပါတယ်။ ဒါကတော့ "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဒါမှမဟုတ် မေဒေးသမိုင်း" ပဲ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဒါမှမဟုတ် မေဒေး သမိုင်း နှစ်စဉ် မေလ(၁) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့(ဝါ)မေဒေး ဟု သတ်မှတ်ခြင်းမှာ ၁၈၈၆ ခုနစ် မေ

သက်ပိုင်စိုးလမ်း လို့ ခေါ်ဝေါ်ကြ

Image
 သက်ပိုင်စိုးလမ်း လို့ ခေါ်ဝေါ်ကြ။ ၂၀၂၁ခုနှစ် မတ်လ ၂၀ရက်နေ့တွင် စစ်အာဏာရှင်စနစ်ကိုတော်လှန်ရင်း ရဲဘော်သက်ပိုင်စိုးကျဆုံးခဲ့သည်မှာ ယနေ့ဆို ၁နှစ်၁လတိတိပြည့်ပြီဖြစ်သည်။ ရဲဘော်သက်ပိုင်စိုး ကျဆုံးခဲ့သော မြို့သစ်(၂)လမ်းကို သက်ပိုင်စိုးလမ်းဟု ကျောင်းသားပြည်သူတရပ်လုံး တသားတည်းဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်။  ရဲဘော်သက်ပိုင်စိုးကျဆုံးခြင်း ၁နှစ်ပြည့်တွင် ၎င်းအား အောက်မေ့ဂုဏ်ပြုသောအားဖြင့် တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နှင့် Digital Studioတခု ပူးပေါင်းကာ ရဲဘော် သက်ပိုင်စိုးကျဆုံးခဲ့သောဖြစ်စဉ်ကို စိတ်ကူးပုံဖေါ်၍ "သက်ပိုင်စိုးလမ်း လို့ ခေါ်ဝေါ်ကြ" အမည်ရှိသောရုပ်ပြဇာတ်လမ်းတို ကို ဖန်တီး တင်ဆက်လိုက်သည်။

Kangaroo

Image
 Kangaroo British explorer တစ်ဦးဖြစ်သူ Captain James Cook ဟာ အင်္ဂလန်ကမ်းခြေကနေ ‌အနောက်ဖက်ကိုရွက်လွင့်ပြီး တောင်အမေရိကတိုက်ရဲ့ Cape အငူကိုပတ်ကာ ပစိဖိတ်သမုဒ္ဒရာကို ဆက်လက် ဖြတ်သန်းပြီး 1770 ခုနှစ်မှာ ဩစတေးလျတိုက်ကို ရောက်ရှိလာခဲ့ပါတယ်။ Captain Cook ဟာ ဩစတျေးလျမြေပေါ်မှာ ကျက်စားနေထိုင်ကြတဲ့ အမြီးတုတ်တုတ် ခြေထောက်ကြီးကြီးနဲ့ ဗိုက်ကအိတ်ထဲမှာ အကောင်ပေါက်ကလေးကိုထည့်ထားပြီး ခုန်ဆွခုန်ဆွသွားနေကြတဲ့ အကောင်တွေကို တွေ့လိုက်ရပါတယ်။ Captain Cook ဟာ အဲဒီအကောင်တွေကို တစ်ခါမှမမြင်ဖူးတဲ့အတွက် ဒေသခံတွေကိုမေးကြည့်ပါတယ်။ ဒေသခံတွေက "ကန်ဂူရူး" လို့သူကိုပြန်ပြောပါသတဲ့။ Captain Cook ဟာ Kangaroo လို့ မှတ်သားလိုက်ပါသတဲ့။ တကယ်တမ်းကတော့ ဒေသခံတွေက အင်္ဂလိပ်စကားကိုမသိတဲ့အတွက် "မင်းပြောတာနားမလည်ဘူး" လို့ သူတို့ဘာသာစကားနဲ့ပြောလိုက်တာပါတဲ့။  ဒါကတော့ Kangaroo ဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး ပါးစပ်ရာဇဝင်အနေနဲ့ မှတ်သားကြရတဲ့ အကြောင်းအရာဖြစ်ပါတယ်။ Captain Cook ကြုံခဲ့ရတဲ့ဒေသခံတွေဟာ ဘာလူမျိုးဆိုတာ အတည်ပြုလို့မရတဲ့အတွက် ဒီဇတ်လမ်းဟာ မှန်မမှန်ဆိုတာကတော့ ဘယ်သူမှ ဆုံးဖြတ်မပေးနိုင်ပါဘူး။ ဒါပေမယ့်လည်း ဘာသာစကားနဲ့ပ

Cabin Fever

Image
 Cabin Fever *Cabin Fever ဆိုတာဘာလဲ။ -အိမ်အပြင်မထွက်နိုင်ဘဲ အချိန်အကြာကြီး အိမ်တွင်းအောင်းနေရပါများတဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်အစုအဝေးကိုဆိုလိုပါတယ်။ -Cabin fever ကို introverted personality ရှိသူများထက် highly social ဖြစ်တဲ့ Extrovert တွေက ပိုပြီးသိသာပြင်းထန်စွာခံစားရတတ်ပါတယ်။ -Global pandemic အပါအဝင် လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် ကျောင်းသားထုအပါအဝင် အလုပ်သမားလူတန်းစားအားလုံးနီးပါးဟာ နှစ်နဲ့ချီကာ အိမ်တွင်းအောင်းနေရမှုတွေ ဖြစ်ပေါ်နေပါတယ်။ -ဒီလိုနေရပါများတဲ့အခါ မိမိရဲ့စိတ်ဟာ အရင်အချိန်တွေနဲ့မတူပဲ အဆိုးမြင်မှုများ များပြားလာတာကို သတိထားမိလာကြပါလိမ့်မယ်။ -ဒါတင်မကပါဘူး.. ဂနာမငြိမ်ခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အထီးကျန်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ အလွန်ပျင်းရိငြီးငွေ့နေခြင်း၊ စိတ်မရှည်ခြင်း၊စိတ်တက်ကြွမှုနှင့် အာရုံစုစည်းနိုင်မှုမရှိခြင်း၊အားမရှိချိနဲ့သလိုခံစားရခြင်း၊ အစားအသောက်အလွန်အကြူးစားမိခြင်း၊ အိပ်မပျော်ခြင်း/အအိပ်လွန်ခြင်း၊ တစ်နေ့တာ‌တွင် ခဏခဏအိပ်မိခြင်း၊ အရက်အပါအဝင်မူးရစ်စေသောအရာများသောက်သုံးမိခြင်း စသည်တို့ပါ ခံစားပြုမူမိလာကြပါတယ်။ -လူ့သဘာဝအရ အပေါင်းအသင်းအဝန်းအဝိုင်းနှင့် န

World Earth Day

Image
နိုင်ငံတကာ မြေကမ္ဘာနေ့---- ဒီနေ့ ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ဟာ ၅၂ကြိမ်မြောက် နိုင်ငံတကာ မြေကမ္ဘာနေ့(The World Earth Day) ဖြစ်ပါတယ်။ နိုင်ငံတကာ မြေကမ္ဘာနေ့ဟာ နိုင်ငံတကာ ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် သတ်မှတ်ထားတဲ့ နေ့ဖြစ်ပါတယ်။  လက်ရှိ ပတ်ဝန်းကျင်ပြဿနာအပေါ် လူထုများရဲ့အသိ တိုးမြှင့်ဖို့အတွက်၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားမှုမှာ လူထုများပါဝင်ကြပြီး ကာဗွန် ထုတ်လွှတ်မှု လျှော့ချခြင်း၊ စိမ်းလန်းစိုပြေစွာနေထိုင်ခြင်းဖြင့် မြေကမ္ဘာရဲ့ ပတ်ဝန်းကျင်ကို ပြုပြင်​ထိန်းသိန်းနိုင်အောင် နှိုးဆော်တိုက်တွန်းဖို့အတွက် ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။  မြေကမ္ဘာနေ့ကို ၁၉၇၀ ပြည့်နှစ်က စပြီး နှစ်စဥ် ဧပြီလ ၂၂ နေ့တွင်  နိုင်ငံ ၁၉၂ နိုင်ငံက လူ ၁ ဘီလီယံကျော်တို့ဟာ မြေကမ္ဘာနေ့ အထိမ်းအမှတ် လှုပ်ရှားမှု များကို ပါဝင်ဆင်နွှဲလေ့ရှိကြပါတယ်။ ကျနော်တို့ အားလုံးမှာ ​ကမ္ဘာမြေ တစ်ခုတည်းပဲ ရှိပါတယ်။ ဒါကြောင့် ဒီကမ္ဘာမြေကြီး ပျက်စီး မသွားရအောင် ကာကွယ်စောင့်ရှောက်ဖို့မှာလည်း ကျနော်တို့ တာဝန်သာဖြစ်ပါတယ်။ ဟိုတလောက တွေ့လိုက်တဲ့ သတင်းတစ်ပုဒ်ကြောင့် ကမ္ဘာကြီးက ပိုစိုးရိမ်စရာကောင်းလာပြီး  ပိုထိန်းသိမ်းဖို့ ပို

DYK038

                   သင်သိပါသလား                   ပထမဆုံး အင်္ဂလိပ်အဘိဓာန်ကို ၁၇၅၅ ခုနှစ်မှာ ရေးသားခဲ့တယ်ဆိုတာ

DYK037

                      သင်သိပါသလား                လူခေါ်ခေါင်းလောင်းကို ၁၈၃၁ခုနှစ်မှာ တီထွင်ခဲ့တယ်ဆိုတာ 

DYK036

                   သင်သိပါသလား                  အသင့်ဖျော်ကော်ဖီကို ၁၉၀၁ ခုနှစ်မှာ တီထွင်ခဲ့တယ်ဆိုတာ

DYK035

                          သင်သိပါသလား                  အိုလံပစ်အလံကို ၁၉၁၃ ခုနှစ်မှာ ဖန်တီးခဲ့တယ်ဆိုတာ

DYK034

                          သင်သိပါသလား            မူလ ကိုကာကိုလာမှာ ကိုကိန်းဆေး ပါဝင်တယ်ဆိုတာ

DYK033

                       သင်သိပါသလား                   အိန္ဒိယက စာတိုက်အများဆုံး ရှိတဲ့ နိုင်ငံဆိုတာ (စာတိုက် တစ်သိန်းကျော်)

DYK032

                             သင်သိပါသလား                အိန္ဒိယက တဂ်ျမဟာ အဆောက်အဦးကို စကျင်ကျောက်သီးသန့်နဲ့ တည်ဆောက်ထားတယ်ဆိုတာ 

DYK031

                        သင်သိပါသလား            ဂျမေကာနိုင်ငံမှာ ချောင်း ၁၂၀ ရှိတယ်ဆိုတာ

DYK030

                    သင်သိပါသလား              ခရစ်စမတ်သစ်ပင်တွေက ဂျာမနီကနေ အစပြုခဲ့တယ်ဆိုတာ 

DYK029

                      သင်သိပါသလား               ပီရူးမှာ အီဂျစ်ထက် ပိရမစ်တွေ  ပိုများတယ်ဆိုတာ

DYK028

                        သင်သိပါသလား            စက္ကုက တရုတ်ကနေ အစပြုခဲ့တယ်ဆိုတာ

DYK027

                သင်သိပါသလား             ဘရာဇီးက ချီလီနဲ့ အီ‌ကွေဒေါက လွဲလို့ ‌တောင်အမေရိကက နိုင်ငံအားလုံးနဲ့ နယ်နမိတ်ချင်း ထိစပ်နေတယ်ဆိုတာ 

DYK026

                    သင်သိပါသလား             Nokia brand ကို ‌ဖင်လန်တောင်ပိုင်းက နေရာတစ်ခုကို အစွဲပြုပြီး အမည်ပေးထားတယ်ဆိုတာ

DYK025

                    သင်သိပါသလား             အရှေ့အာဖရိကမှာ ငှက်ပျောသီးက ထုတ်တဲ့ ဘီယာကို မှာသောက်လို့ ရနိုင်တယ်ဆိုတာ

DYK024

                         သင်သိပါသလား                ဘရာဇီးက တောင်အမေရိကတိုက်ရဲ့ ၅၀ ရာခိုင်နှုန်းကို လွှမ်းခြုံထားတယ်ဆိုတာ 

DYK023

                     သင်သိပါသလား             ပထမဆုံးရွက်လွှင့်သင်္ဘောတွေကို အီဂျစ်မှာ တည်ဆောက်ခဲ့တယ်ဆိုတာ

DYK022

                သင်သိပါသလား            Croissant(ခရုပတ်မုန့်)ကို ဩစတေးလျမှာ တီထွင်ခဲ့တယ်ဆိုတာ 

DYK021

                သင်သိပါသလား            မီးတောင်ရှင်တွေ မရှိတဲ့ တစ်ခုတည်းသော တိုက်က ဩစတေးလျတိုက်ဖြစ်တယ် ဆိုတာ

DYK020

                    သင်သိပါသလား                ပုဇဉ်းတွေမှာ ခြေ‌ ၆ချောင်း ရှိပေမဲ့ လမ်းမလျှောက်နိုင်ဘူးဆိုတာ

DYK019

              သင်သိပါသလား           ဆင်တွေက  မခုန်နိုင်တဲ့ တစ်မျိုးတည်းသော နို့တိုက်သတ္တဝါဖြစ်တယ်ဆိုတာ 

DYK018

               သင်သိပါသလား                ဖားတွေက သူတို့ရဲ့ မျက်လုံးဖွင့်လျက်နဲ့ အစာမျိုမချနိုင်ဘူးဆိုတာ 

DYK017

               သင်သိပါသလား          ကိုအာလာဝက်ဝံတွေက တစ်ရက်ကို ၁၈နာရီနီးပါး အိပ်ကြတယ်ဆိုတာ 

DYK016

                  သင်သိပါသလား           ကြောင်တွေက သူတို့ဘဝရဲ့ ၆၆ ရာခိုင်နှုန်းကို အိပ်ရင်းနဲ့ ကုန်ဆုံးကြတယ်ဆိုတာ 

DYK015

                သင်သိပါသလား          ကြောင်တစ်ကောင်ရဲ့ နားရွက်တစ်ဖက်စီမှာ ကြွက်သား ၃၂ ခု ရှိတယ်ဆိုတာ 

DYK014

             သင်သိပါသလား          လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် ၂၅နှစ်တာကာလကို အိပ်ရင်းနဲ့ ကုန်ဆုံးကြရတယ်ဆိုတာ 

DYK013

              သင်သိပါသလား         အရေပြားက သင့်ခန္ဒာကိုယ်ကို ဖန်တီးပေးထားတဲ့ အကြီးမားဆုံးအင်္ဂါဖြစ်တယ်ဆိုတာ

DYK012

              သင်သိပါသလား       လျှာက ခန္ဓာကိုယ်မှာ ပြန်လည်ကုသနိုင်မှုအမြန်ဆုံးအစိတ်အပိုင်းဆိုတာ

DYK011

               သင်သိပါသလား            သင့်အရိုးတွေရဲ့ လေးပုံတစ်ပုံက ခြေထောက်မှာ ရှိတယ်ဆိုတာ 

DYK010

            သင်သိပါသလား     တစ်မိနစ်ကြာအောင် နမ်းရှိုက်ခြင်းက ၂၆ ကယ်လိုရီ လောင်ကျွမ်းစေတယ်ဆိုတာ 

DYK009

          သင်သိပါသလား            သင့်ခြေထောက်မှာ အရိုး ၂၆ ချောင်း ရှိတယ်ဆိုတာ

DYK008

           သင်သိပါသလား       ခန္ဓာကိုယ်ထဲက အသေးဆုံးအရိုးတွေကို နားမှာ တွေ့ရတယ်ဆိုတာ        

DYK007

            သင်သိပါသလား     ကမ္ဘာပေါ်မှာ အသုံးအများဆုံး ဘာသာစကား ၃မျိုးက မန်ဒရင်းတရုတ်စကား၊ စပိန်စကားနဲ့ အင်္ဂလိပ်စကားတို့ ဖြစ်တယ်ဆိုတာ        

DYK006

        သင်သိပါသလား        အင်္ဂလိပ်အက္ခရာတွေထဲက အသုံးအများဆုံစာလုံး က E  ဖြစ်တယ်ဆိုတာ    

DYK005

        သင်သိပါသလား         ငှက်တွေက အစာမျိုချနိုင်ဖို့ မြေဆွဲအား လိုအပ်တယ်ဆိုတာ

DYK004

         သင်သိပါသလား        ကြက်တစ်ကောင်ရဲ့ မှတ်တမ်းတင်ထားတဲ့ အကြာဆုံးပျံသန်းနိုင်ချိန်က ၁၃ စက္ကန့်ရှိတယ်ဆိုတာ

DYK003

             သင်သိပါသလား        ဒရယ်တွေက ငှက်ပျောသီးကြိုက်တယ်ဆိုတာ
Image
 Uncharted Nate (Tom Holland)ဟာ ခိုးဝှက်ခြင်းဆိုင်ရာအတတ်ပညာတတ်ကျွမ်းပြီး ရဲရင့်ဖျတ်လတ်တဲ့ လူငယ်တစ်ဦးဖြစ်တယ်။ ရတနာသိုက်မုဆိုး Sully (Mark Wahlberg)ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က စွန့်စားရှာဖွေသူ Ferdinand Magellan စုဆောင်းခဲ့ပြီး လက်ရှိအချိန်အထိ ပျောက်ဆုံးနေတဲ့ ရတနာသိုက်ကို ရှာ‌ဖွေဖို့ Nate ကို စည်းရုံး‌ဖိတ်ခေါ်ခဲ့တယ်။ သူတို့နှစ်ဦးဟာ ရတနာသိုက်တွေရှိရေးအတွက် အရေးပါတဲ့ ရှေးဟောင်းလက်ဝါးကပ်တိုင်တစ်ခုကို လေလံပွဲတစ်ခုကနေ ခိုးယူနိုင်ခဲ့တယ်။ ရတနာသိုက်အတွက် သော့တံသဖွယ်အသုံးပြုရမည့် လက်ဝါးကပ်တိုင် နှစ်ခုလိုအပ်ပြီး နောက်တစ်ခုမှာ Chloe ဆိုသူ မိန်းကလေးထံတွင်ရှိ‌နေပါတယ် ။ သူတို့နှစ်ဦးနဲ့ Chloe တို့ဟာ Chloae ရှိရာ Barcelona မှာ ချိန်းဆိုပြီး Barcelona တွင်ရှိမယ်လို့ယူဆရတဲ့ ရတနာသိုက်ကို ရှာဖွေရန်ကြိုးစားကြတယ်။ သို့သော် Chloe ဟာ ရတနာသိုက်မုဆိုး Santiago Moncada (Antonio Banderas) ဆိုသူရဲ့ဘက်တော်သား သူလျှိုဖြစ်ပြီး Nate တို့ရဲ့ သော့တံကို ခိုးယူသွားတဲ့အခါ... Sully နှင့် Nate တို့ သော့တံကို ဘယ်လိုပြန်ရအောင်လုပ်ကြသလဲ၊   ပြိုင်ဘက် Moncada ရဲ့ရန်ကို‌ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြရသလဲ ရတနာတွေကရော Barcelona မ
Image
 Golden ratio‌(ရွှေအချိုး) ရွှေအချိုးဆိုတာ သင်္ချာလောကမှာတော့ အရေးပါတဲ့ ကိန်းဂဏန်းတစ်ခုပါ။ ကိန်းနှစ်ခု (a နဲ့ b ) ဆိုပါစို့။ ကြီးတဲ့ကိန်းကို ငယ်တဲ့ကိန်းနဲ့စားလိုက်လို့ 1.618..... ရတယ်ဆိုရင် အဲဒီကိန်းနှစ်ခုရဲ့ အချိုးကို ရွှေအချိုး(Golden ratio)လို့ခေါ်ပါတယ်။  ရွှေအချိုးကို တခါတရံမှာ ဘုရားသခင်အချိုးလို့တောင်ခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သဘာဝမှာဖြစ်တည်နေတဲ့ သက်ရှိသက်မဲ့အရာတွေရဲ့ ပုံသဏ္ဍာန်တွေမှာ ရွှေအချိုးကို မကြာခဏတွေ့ရတတ်လို့ပါ။ ရွှေအချိုးနဲ့ဖွဲ့စည်းထားတဲ့အရာ‌တွေဟာ မျက်စိပသာဒအရှိဆုံးဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။  လူမှုအသုံးအဆောင်ဒီဇိုင်း၊ အဆောက်အဦးတွေဒီဇိုင်း၊ ပန်းချီနဲ့ Graphic ဒီဇိုင်းတွေကို ဖန်တီးရာမှာ ရွှေအချိုးသဘောတရားကို သုံးလေ့ရှိပါတယ်။ စာအုပ်တစ်အုပ်ရဲ့အရွယ်အစား၊ အဆောက်အဦးတစ်ခုရဲ့ အချိုးအစား၊ လိုဂိုတစ်ခုရဲ့ဖွဲ့စည်းပုံ စတာတွေကို ရွှေအချိုးနဲ့ဖွဲ့စည်းတည်ဆောက်ရင် အချိုးတကျရှိပြီး မြင်ရသူကို ကျေနပ်မှုရစေတယ်လို့ဆိုပါတယ်။  အချိုးအကျဆုံးလူမျက်နှာရဲ့ အမြင့်နဲ့အကျယ်အချိုး၊ မျက်လုံး၊နှာခေါင်း၊ ပါးစပ်တို့ရဲ့ နေရာအထားအသိုတို့ဟာ ရွှေအချိုးနဲ့ နီးစပ်စွာတူနေတာဟာ သဘာဝရဲ့အံ့ဖွယ်တစ်ခုဖြစ်ပါတယ်။ ပျားအ

DYK002

     သင်သိပါသလား ပုဇွန်ထုပ်သွေးက အရောင်မရှိပေမဲ့ အောက်စီဂျင်နဲ့  ထိတွေ့မိတဲ့အခါ အပြာရောင်ပြောင်းသွားတယ်ဆိုတာ  

DYK001

        သင်သိပါသလား အီတလီမှာ မစ်ကီမောက်ကို  တိုပိုလီနိုလို့ ခေါ်ကြတယ်ဆိုတာ 
Image
 သင်္ကြန် သင်္ကြန်ဆိုတဲ့ အခေါ်အဝေါ်ကတော့ သင်္ကန္တ ဆိုတဲ့ သက္ကတဘာသာစကားကနေ ဆင်းသက်လာပြီး သင်္ကြန္တ ၊ သင်္ကြန်ဆိုပြီး ပြောင်းလဲခေါ်ဝေါ်လာတာပဲဖြစ်ပါတယ်။ သင်္ကြန်ဖြစ်ပေါ်လာသည့် ဇာတ်လမ်းနှစ်မျိုးရှိတယ်လို့ ကြားဖူးပါတယ်။ ပထမတစ်ခုကတော့ သကြားမင်းနှင့် ဗြမ္မာမင်းကြီး အငြင်းပွားကြရာ သကြားမင်းက အနိုင်ရပြီး ဗြမ္မာမင်းဦးခေါင်းကို ရခဲ့တယ်ပေါ့။ဒါပေမယ့် ဗြမ္မာမင်းကြီးက တန်ခိုးကြီးတော့ ပင်လယ်ထဲလည်း ပစ်ချလို့ မရ၊ မြေပြင်လည်း ထားလို့ မရ၊  လေထဲလည်း ပစ်လို့ မရဘူးတဲ့။ဒီတော့ နတ်သမီး၇ပါးကို တစ်ယောက် တစ်လှည့်ကိုင်ခိုင်းရတယ်။နတ်သမီးတစ်ပါးလက်ကနေ နောက် နတ်သမီးတစ်ပါးလက်ကို ပြောင်းတဲ့ အချိန်ဟာ တစ်နှစ်ကြာပါတယ်တဲ့။အဲဒီအချိန်ကို သင်္ကန္တလို့ ခေါ်တယ်လို့ အဆိုရှိပါတယ်။ အဲဒီအချိန်မှာ သကြားမင်းက လူပြည့်ဆင်းပြီး ကုသိုလ်တရားထွန်းကားဖို့၊သာသနာထွန်းကားဖို့ ဆောင်ရွက်လေ့ရှိတယ်။အကြိုနေ့မှာ ဆင်းပြီး အတက်နေ့မှာ တာဝတိံသာကို ပြန်တက်ပါသတဲ့။ ဒီဇာတ်လမ်းမှာတော့ ရေပက်ကြတဲ့ ယဥ်ကျေးမှု မပါပါဘူး။ ကဲ နောက်ဇာတ်လမ်းတစ်ခုကတော့ ကမ္ဘာကြီးက နေကို လှည့်ပတ်ခြင်းကို မိဿရာသီက စရေကြည့်ရင် မိန်ရာသီရောက်တဲ့အခါ သူရိယသိဒ္ဓန္တကျမ်းအရ နှစ်ဟောင်းကုန်ပြီး နှစ်
 မေမေသို့  ၁၀ လ မေ့မေ့ ဝမ်းတွင်းထဲမှာ။ ၁ နှစ် မေ့မေ့ရင်ခွင်ထဲမှာ။ ၂ နှစ် မေမေ အဝေးကို ခဏ ထွက်သွားရတယ်တဲ့။ ၃ နှစ် သားသား မူကြိုကျောင်းတက်တယ်။ အခု သားဘယ်ရောက်နေတာလဲဟင် ?                                     ဟိန်းတေဇ(pol)                                        10-4-2022
Image
 အိုရီဂါမီ လေးထောင့်ခွက် စက္ကူနဲ့ လေးထောင့်ပုံခွက်ကလေးဖြစ်အောင် ခေါက်နည်းလေးကို မျှဝေလိုက်ပါတယ်။ စက္ကူအထူ ခပ်ကြီးကြီးလေးသုံးလိုက်ရင် ပစ္စည်းတွေတကယ်ထည့်လိုရတဲ့ ခွက်လေးဖြစ်သွားမှာပါ။ နောက်အခေါက်တွေမှာလည်း ချစ်စရာကောင်းတဲ့ စက္ကူခေါက်နည်းလေးတွေကို မျှဝေပေးပါဦးမယ်နော်။ Click ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။
Image
 The Anatomy Lesson of Dr. Nicolaes Tulp (Rembrandt) Dr. Nocolaes Tulp ဟာ Dutch လူမျိုး Surgeon တစ်ဦးဖြစ်ပါတယ်။ သူက အခြား ဆရာဝန်တွေကို လူရဲ့ကြွက်သားဖွဲ့စည်းပုံအကြောင်း ခန္ဓာဗေဒဆိုင်ရာအကြောင်းအရာတွေကို ရှင်းပြနေတဲ့မြင်ကွင်းကို Dutch ပန်းချီဆရာ Rembrandt (1606-1669) မှတ်တမ်းတင်ရေးဆွဲထားတာပါ။ ဒီပန်းချီကားကို 1632 ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး 85"×66" ရှိတဲ့ Real size ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။  ခန္ဓာဗေဒ လက်ချာကို Theater ထဲမှာပြုလုပ်နေတာဖြစ်ပြီး 17 ရာစုကာလတွေမှာတော့ ဒီလို လက်ချာတွေဟာ စိတ်လှုပ်ရှားဖွယ်၊ စိတ်ဝင်စားဖွယ် Social event တွေဖြစ်ခဲ့ပါတယ်။ အဲဒီခေတ်အခါက Dutch Surgeon များအသင်းဟာ 5 နှစ်တစ်ကြိမ်ခန့် မှတ်တမ်းပန်းချီရေးဆွဲဖို့ စီစဉ်လေ့ရှိပါတယ်။ 1632 ခုနှစ်အတွက်တော့ Rembrandt ကိုအပ်ခဲ့တာပါ။ အဲဒီအချိန်မှာ Rembrandt ဟာ 26 နှစ်ပဲရှိပါသေးတယ်။  ပန်းချီကားထဲကပုဂ္ဂိုလ်များဟာ ဒီလိုမှတ်တမ်းပန်းချီကားထဲမှာပါဝင်ခွင့်ရဖို့ အသင်းကို အခကြေးငွေပေးဆောင်ရတယ်လို့ဆိုပါတယ်။ Dr Tulp ရဲ့ ပေးသွင်းရငွေက အခြားသူ‌တွေထက် ပိုများတယ်လို့လဲဆိုပါတယ်။ ပုံထဲမှာပါတဲ့ ခန္ဓာကိုယ်ကတော့ လက်ချာမတိုင်မီကမှ လောလောလတ်

Potato eaters

Image
Potato eaters (Van Gogh)  ထူးအိမ်သင်ရဲ့ ‘ဗင်းဆင့်ဗန်ဂိုးတမ်းချင်း’ သီချင်းထဲမှာ  “အားလူးစားသူတွေရဲ့ မျက်နှာတွေ” လို့ ထည့်သွင်းရေးစပ်ထားတာ ကြားဖူးကြမှာပါ။ ဟုတ်ပါတယ်။ ဗန်ဂိုးအကြောင်းပြောရင် The Starry Night၊ Sunflowers တို့လိုပဲ “အားလူးစားသူများ (Potato eaters)” ပန်းချီကားဟာလဲ  ချန်ထားလို့မရတဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။ Vincent van Gogh (1853-1890) ဟာ  Dutch ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။ Impressionism ပန်းချီလောကရဲ့  ဂန္ထဝင်ပန်းချီဆရာတစ်ဦးဖြစ်ပြီး ဂန္ထဝင်လက်ရာပေါင်းများစွာကို ဖန်တီးခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့လက်ရာတွေကတော့ သူကွယ်လွန်ပြီးနောက်ပိုင်းမှသာ ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ Van Gogh ဟာ စိတ်ဝေဒနာခံစားခဲ့ရပြီး အသက် ၃၇ နှစ်မှာ သူကိုယ်သူ သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်ခဲ့ပါတယ်။   “အားလူးစားသူများ” ပန်းချီကားကိုတော့ 1885 ခုနှစ်မှာ ရေးဆွဲခဲ့တာပါ။ ဆီဆေးလက်ရာတစ်ခုဖြစ်ပြီး အတိုင်းအတာအားဖြင့် 32 in × 45 in ရှိပါတယ်။ လယ်သမားမိသားစု တစ်စုရဲ့ လူနေမှုဘဝကို Impressionism ဟန်နဲ့ ရေးဆွဲထားပါတယ်။ မိသားစုဝင်တို့ရဲ့ ကြမ်းတမ်းတဲ့ရုပ်ရည်၊ အလင်းရောင်အားနည်းတဲ့ အခန်း၊ အမှောင်ဘက်ကိုလုနေတဲ့ အရောင်အသွေးများ စတာတွေဟာ လယ်သမားတွ

Bibimbap

Image
Bibimbap လုပ်နည်း Ingredients -ရှမ်းဆန် -နှမ်းဆီ(သို့)ပဲဆီ -ပဲပင်ပေါက်၊သခွားသီး၊ခါကြက်ဥ(မုန်လာဥနီ) -ကြက်သား(သို့) ဝက်သား -ဆား၊သကြား၊ပဲငံပြာရည် -ကြက်သွန်ဖြူ/နီ -chilli paste ပြုလုပ်နည်း -ပဲပင်ပေါက်၊သခွားသီးနှင့်မုန်လာဥနီတို့ကို အနေတော်လှီးဖြတ်၍ သေချာဆေးကြောပါ။ ထို့နောက် ဆားအနည်းငယ်ထည့်ကာ ဆီဖြင့်ကြော်ပါ။အသီးအရွက်ကြော်ပီးလျှင် ဝက်သားသို့မဟုတ်ကြက်သားကိုကြက်သွန်နီ/ဖြူနှင့်အတူရောကြော်ပါ၊ အရသာအတွက် သကြားနှင့်ပဲငံပြာရည်လိုသလောက်ထည့်ပါ။ အသားကျက်ပြီဆိုလျှင် chilli paste ထဲသို့ ဆီအနည်းငယ်၊ ပဲငံပြာရည်အနည်းငယ်ထည့်ပြီး ရောမွှေထားပါ။ ပြီးလျှင်အသင့်ချက်ထားသောထမင်းကို ပန်းကန်တခုထဲသို့ထည့်ကာ ကြော်ထားသောအသီးအရွက်များ၊ အသားများနှင့် အသင့်ပြင်ထားသည့် chilli paste တို့ကိုထည့်၍ ရောမွှေကာ စားသုံးနိုင်ပါသည်။ မိမိနှစ်သက်သလို ရေညှိ၊ ကြက်ဥကြော်တို့ထည့်၍လည်း သုံးဆောင်နိုင်ပါသည်။

Wine

Image
    Wine အခုခေတ်မှာ လူတော်တော်များများ ဝိုင်သောက်ဖူးကြလိမ့်မယ်ထင်ပါတယ်။ ဆိုတော့ ဒီနေ့ ကလစ်ကာတို့အတွက် ဝိုင်အကြောင်း knowledge sharing နည်းနည်းလုပ်ပေးချင်ပါတယ်။ ဝိုင်တွေကို 16 ရာစုလောက်ကတည်းက စတင်သောက်သုံးနေကြပြီလို့ ဖတ်ဖူးပါတယ်။ ဝိုင်အများစုကိုတော့ အသီးအနှံတွေကနေ ချက်လုပ်ထားကြပါတယ်။ စပျစ်ဝိုင်ကိုတော့ အတွေ့ရအများဆုံးပါ။ ဒါပေမယ့် တခြားသောပစ္စည်းတွေနဲ့ ချက်လုပ်ထားတဲ့ ဝိုင်တွေလည်း ရှိပါတယ်။ ဥပမာ  - ဆန်၊ ပျားရည် စတာတွေနဲ့ချက်တဲ့ဝိုင်တွေကိုလည်း သောက်သုံးကြပါတယ်။ ဝိုင်အမျိုးအစားကတော့ အမျိုးမျိုးရှိပါတယ်။ ဝိုင်ဖြူ၊ ဝိုင်နီ၊ sparkling wine စသဖြင့်ပေါ့နော်။ Alcohol ပါဝင်မှုနှုန်းကလည်း တစ်မျိုးနဲ့တစ်မျိုးမတူကြပါဘူး။ ( အချိုဓာတ်ကဲတဲ့ဝိုင်ကိုတော့ Dessert Wine လို့ ခေါ်ပါတယ် ) ဒီနေ့ခေတ်မှာ ဝိုင်ထုတ်လုပ်မှုအများဆုံးနိုင်ငံ 5 ခုကတော့ အီတလီ၊ စပိန်၊ ပြင်သစ်၊ အမေရိကန်နဲ့ တရုတ် တို့ပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေနဲ့ ချက်လုပ်တဲ့ပုံစံတွေရယ် ဝိုင်ရဲ့နှစ်ကာလအပိုင်းအခြားပေါ်မူတည်ပြီး စျေးတွေကလည်း အမျိုးမျိုးကွဲပြားပါတယ်။ ဝိုင်ချက်လုပ်တဲ့ပုံစံဟာ စိတ်ဝင်စားစရာကောင်းတာမို့ အခွင့်အရေးရရင် ကိုယ်တိုင်ကြည့်ရှုလေ့လာစေချင