Posts

Showing posts from September, 2022

တစ်ပါးသူဒုက္ခ သင်နဲ့ဆိုင်သလို ပြုကျင့်ပါ

  တစ်ပါးသူဒုက္ခ သင်နဲ့ဆိုင်သလို ပြုကျင့်ပါ ~~ မြက် တစ်ပင်လောက်လေးအမှတ်နဲ့ဖြစ်ဖြစ် မီရာကို အားကိုးတကြီး လှမ်းဆွဲပြီး  ကယ်ဆယ်နိုင်ကောင်းပါရဲ့ဆိုတဲ့ အတွေးနဲ့ လှမ်းဆွဲလိုက်တဲ့ ဒုက္ခသည်ရဲ့ လက်ကို  လွတ် ထွက် ပြတ်မသွားစေဖို့ မြက်တစ်ပင်ရဲ့ အင်အားလေးနဲ့ဖြစ်ဖြစ် တောင့်ခံပေးထားကြဖို့က  လူတိုင်းရဲ့ အချင်းချင်းတာဝန်ပါ။ စာနာစိတ်ရှိသူတိုင်းက တစ်ပါးသူရဲ့ ဒုက္ခကို ကိုယ်နဲ့ ဆိုင်သလို ကူညီကြပါတယ် သင်ရော စာနာစိတ်ရှိသူ ဖြစ်ပြီလား? မေးခွန်းတ်ိုင်းအတွက် သင့်မှာ အဖြေ ရှိပါစေ။ အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုတဲ့ ရှေးပညာရှိတွေရဲ့ စကားလေး ကြားဖူးကြမှာပါ၊ သင်ဟာ စာနာစိတ်နဲ့ တစ်ပါးသူအခက်အခဲကို ကူညီပေးခဲ့တဲ့ အခါ သင့်ရဲ့စေတနာတွေကလည်း သင် အခက်အခဲတွေ ကြုံတွေ့ရတဲ့အခါ  သင့်အပေါ် တန်ပြန်သက်ရောက်မှုတွေ ပြန်ခံစားရဖို့ ပေးစွမ်းပါလိမ့်မယ်၊ အဲ့ဒါသည်ပင်လျှင်  “အများအကျိုးဆောင် ကိုယ်အကျိုးအောင်”တဲ့ သဘောပါ ✍️လင်းစက်☀️

နိုင်ငံ့ နံနင်ခင်း လှဖို့

  နိုင်ငံ့နံနက်ခင်း လှဖို့ ~ အာဏာရှင်စနစ်ကိုတော်လှန်ချိန် ဒီလို ခေတ်ပျက်ကြီးထဲမှာ  သင့်အတွက် နေဝင်ချိန် မလှပနိုင်တော့လျှင်တောင် တခြားလူတွေအတွက် မနက်ခင်းအချိန်  လင်းလက်လှပနိုင်စေဖို့ ဖန်တီးပေးနိုင်သူတွေအထဲမှာ သင်လည်း ပါဝင်သူ ဖြစ်ပါစေ ✍️လင်းစက်☀️

ကဗျာ

  ချစ်သူဖန်မီးအိမ် ~ ~~~ ဆီမီးဆိုတာ အလင်းရောင်ကို ပေးစွမ်းနိုင်ပေမယ့် ဖန်မီးအိမ် မရှိတဲ့အခါ လေတိုက်ခတ်ခံရလို့ မီးငြိမ်းသွားတတ်တယ်တဲ့။ ကိုယ့်ဘဝဆီမီးလေး မငြိမ်းချင်သေးဘူး ချစ်သူ ဆီမီးကိုချစ်တဲ့  ချစ်သူဖန်မီးအိမ်လေး သိပ်လိုအပ်လို့ပါ။ ဖန်မီးအိမ်လေး ရှိသ၍ ဆီမီးအလင်းရောင်လေး အသက်ဆက်နေမှာပါ။ ✍️လင်းစက်☀️

ရဟန်း နှင့် သံဃာ

  ရဟန်း နှင့် သံဃာ  (သို့မဟုတ်) အကျင့်မှားသောရဟန်းကို အပြစ်ပြောခြင်းက သံဃာကို ပစ်မှားရာ ရောက်သလား?  ~ ~~ ရဟန်းအတုယောင်တချို့နှင့်  ဒုဿီလရဟန်းယုတ်(သီလမရှိသောရဟန်းယုတ်)တချို့ရဲ့လုပ်ရပ်အမှားတို့ကြောင့် ထိုရဟန်းတချို့အပေါ် လူတွေ အထင်အမြင်သေးခြင်း အပြစ်ပြောခြင်းက ဗုဒ္ဓသာသနာတော်ကိုကို စော်ကားရာ မရောက်ပါဘူး၊ ထိုသို့ အထင်အမြင်သေး အပြစ်ပြောခြင်းဟာလည်း သာသနာအပေါ်  လူတွေရဲ့ ကိုးကွယ်ယုံကြည်မှုအား လျော့ကျသွားခြင်း မဟုတ်မကောင်းသောရဟန်းကို မကောင်းသည့်အတိုင်း အပြစ်မြင်ခြင်း အပြစ်ပြောခြင်းသာ ဖြစ်ပါတယ်၊ ဒါသည်ပင်လျှင် မိမိတို့ရဲ့ ဗုဒ္ဓသာသနာအပေါ် ကိုးကွယ်ယုံကြည်ကာ မကောင်းသော ဒုဿီလ ရဟန်းများကို လမ်းအမှန်တည့်ပေးပြီး ပြင်ဆင် ကျင့်သုံးစေခြင်းဖြင့် သာသနာတော်ကိုစောင့်ရှောက်ခြင်းလို့ပင် အမည်ကင်ပွန်းတပ်ရမည်သာ ဖြစ်သည်။ ဘုရားဟာ ဖြူစင်အပြစ်ကင်းစင်သော အမြင့်အမြတ်ဆုံးသူလို့အဆိုထိုက်ဆုံး ပုဂ္ဂိုလ်ပါ၊ ထိုသို့ပင် ဘုရား ဟောကြားတော်မူထားည့် တရားတော်တွေဟာလည်း ဖြူစင်အပြစ်ကင်းကြောင်း အကြွင်းမဲ့ ယုံကြည်ရလို့ ပြစ်မှားစော်ကားစရာ အကြောင်းက လုံးဝ မရှိတာကြောင့် သရဏဂုံသုံးပါးထဲက ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ နဲ့ ဓမ္မံ သရဏံ ဂစ္ဆာမိ ဆိုတဲ့ သရဏဂ

Book review

Image
  တစ်ကျွန်းစံ၏အပြန်လမ်း - ထင်လင်း ပန်းရွှေပြည်စာအုပ်တိုက် ပေါလ်ဟာ ကျောင်းဆရာ လျှောက်ဖို.အတွက် အိမ်ထောင်စု စာရင်း သူ့အ မေဆီ တောင်းတယ်။ သူ့အမေက ရှာမတွေးသေးဘူးပြောလိုက် နောက်နေ့ရှာပေးမယ်ပြောလိုက်နဲ့ ရက်တွေ.ရွေ ထားတယ်။ ရက်ကြာလာ တော့ ပေါလ်မသင်္ကာတော့ဘူး သူ့အမေဘာကြောင့် ဒီစာရွက်ကိုမ ပေးချင်ရတာလဲ ……..။ သူ့အ မေတစ်စုံတစ်ခုကို သူမသိအောင်လျှို့ ဝှက်ထားခဲ့ .တယ် အဲ့တာက တော့ သူ့ အဖေသေပြီဆိုပြီး လိမ်ထားခြင်းပဲ တကယ်တော့ သူ့ အ ဖေက သေတာ မဟုတ် တစ်သက်တစ်ကျွန်းထောင်ကျသွားခြင်းဖြစ်သည်။ အမှုက လူသတ်မှု ပြည်.တန်ဆာမိန်းမတစ်ဦးရဲ. လည်ပင်းကို လှီးဖြတ်ပြီး ရက်ရက်စက်စက်သတ်မှု. သေသွားတဲ့  ပြည့် တန်ဆာ မိန်းမမှာ ကိုယ်၀န်သုံးလရှိနေခဲ့ တယ်။ ပေါလ်ဟာ အဲ့ အကြောင်းကို သင်းအုပ်ဆရာကြီးထံမှ ကြားပြီးသည့် နောက် သူမယုံ သူအဖေဟာအဲ့ လိုလူစားမျိုးမဟုတ် သူ့ အ ဖေက သူ့ အပေါ်ကြင်နာခဲ့တာတွေ မြင်ယောင်လာပြီး သူ့ အ ဖေဘယ်လိုမှမဖြစ်နိုင် တစ်ခုခုမှားနေခြင်းဖြစ်မည်ဟု တွေးကာ လူသတ်မှု.ဖြစ်ရာမြို့ လေးသို့ တစ်ယောက်တည်းထွက်လာခဲ့သည်။ လူသတ်မှု့ ရဲ့ မျက်မြင်သက်သေတွေထံ ရောက်အောင်သွားပြီး ချဉ်းကပ်သည် ပေါလ် ဘာတွေကြုံရမလဲ။ သူ့အဖေက တကယ်လူသတ်မှု့ တရားခံမဟုတ်ဘူ

Book Review

Image
  အဖြူကိုမည်သူအနက်ဆိုးသနည်း -  မင်းကျော် လမ်းဘေးက ကလေးငယ်လေးတွေမြင်တိုင်း     တစ်ခုခုတော့ခံစားမိခဲ့မိသည် အထူးသဖြင့် မိဘတွေရဲ့ကျေးဇူးတရားကို ပိုဆင်ခြင်မိခဲ့မိပေသည်။သည်စာအုပ်ကိုဖတ်ရတော့ပိုလို့ထပ်တိုးကျေးဇူးကိုအောက္မေ့မိပေသည်။ထမင်းတစ်လုတ်အတွက်မပူပင်ခဲ့ရ ပညာရေးအတွက် မပူပန်ခဲ့ရ ကောင်းမှု မကောင်းမှုကိုခွဲခြားသိစေခဲ့တာ မိဘ ဆရာနဲ့ ကြီးပြင်းရတဲ့ ငယ်ကရသောပတ်၀န်းကျင်​ရဲ့အထောက်ပံ့များစွာပါ၀င်ပေသည်။ကလေးတစ်ယောက်ဖွံ့ဖြိုးကြီးထွားဖို့ ကောင်းမွန်သော ပတ်၀န်းကျင်အထောက်ပံ့လိုပါသည်။ပညာရေးကိုဂရုစိုက်တတ်သော သားသမီးကို အရေးတယူပြုစုပျိုးထောင်ချင်သော မိဘလက်ထဲ ဆရာသမားလက်ထဲ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေရဲ့စိတ်ဟာ ဖြူစင်နေမှာအမှန်ပင်ဖြစ်သည်။သည်စာအုပ်ထဲမှာတော့ သရက်ဗော်စတယ်က ကလေးလေးတွေအကြောင်း စာရေးသူက ကိုယ်တိုင်သွားရောက် မေးမြန်းပြီး ဖြစ်ရပ်တွေကို ၀တ္ထုတိုပုံစံရေးထားခြင်းဖြစ်ပါသည်။ဖြစ်ရပ်တွေဖတ်ရတာရင်နင့်စရာကောင်းပါသည် ဖတ်ရင်းတွေးမိနေသည်က ကလေးတွေမှာဘာအပြစ်မှမရှိဘူးဆိုတာပဲဖြစ်သည်။ဖြူစင်တဲ့ကလေးတွေရဲ့စိတ်တွေညစ်ညမ်းသွားရခြင်းမှာအဓိက တရာခံက မည်သူဖြစ်မည်လဲ သင်ကိုယ်တိုင်မဖြစ်ဖို့တော့ သည်၀တ္ထုလေးတွေဖတ်ပြီး လူငယ်တွေအရေးတွေးစေချင်မ

သားရေကွင်းကလေးများ

  သားရေကွင်းကလေးများ ဘာာရယ်မဟုတ်ပါဘူး သက်ရောက်မှု တစ်ခုအတွက် တွန်းထိုးရုန်းကန်နေခြင်းဟာ နဂိုအခြေနေအတိုင်း နေထိုင်လိုခြင်း  သက်သက်သာ ဖြစ်ပါရဲ့။  ခိုင်မြဲ(အလင်းမြစ်) ကျွန်တော်တို့ နွေဦးတော်လှန်ရေးမှာ လှုပ်ရှား ရုန်းကန်နေခြင်းဟာ အထက်ပါ ကဗျာထဲကလို နဂိုအခြေအတိုင်းနေထိုင်လိုခြင်းကြောင့်သာဖြစ်ပါတယ်။တစ်ခုတည်းသောရည်ရွယ်ချက်က ပုံမှန်လို လွတ်လပ်စွာအေးချမ်းစွာနေထိုင်ရလိုမှုကြောင့် ကြိုးစားနေမှုသာဖြစ်ပါတယ်။ ဒီအချက်က အရေးကြီးပါတယ် ဘာလို့လဲဆိုတော့ စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးကို အကြမ်းဖက်သောင်းကျန်းအုံကြွမှုအဖြစ် မြင်စေချင်နေလို့ဖြစ်ပါတယ်။ကျွန်တော်တို့ဟာ ဘာ၀ါဒအတွက်မှ တိုက်ခိုက်နေခြင်းမဟုတ်ပါ အရင်လို အေးချမ်းစွာနေထိုင်ရဖို့ပဲဖြစ်ပါတယ်။သတ်ဖြတ်ခြင်း ရှင်းလင်းလုပ်ဆောင်ခြင်းတွေမှာ ရန်ငြိုးကြောင့် အကြမ်းဖက်လိုခြင်းကြောင့်မဟုတ်ပါ။ ပုံမှန်အနေထားရရှိဖို့ ပြန်လည်ရုန်းကန်နေရသူတွေကို ကမ္ဘာက ဘာကြောင့် ကူညီဖို့နောက်တွန့်နေသလဲ စစ်ကောင်စီရဲ့ ပုံပေါ်ထားတဲ့အခြေနေကိုကျော်မကြည့်နိုင်သေးလို့ဖြစ်ပါတယ်။ယူကရိန်းကိုကူညီသလို ဘာလို့မကူညီနိုင်သေးလဲ ကျွန်တော်တော်လှန်ရေး ရုန်းကန်မှုတွေကို အကြမ်းဖက်လှုပ်ရှားမှုအဖြစ် ကမ္ဘာကို ၀ါ

အတွေးစာစုများ

  ခေါင်းစဉ်မရှိသော အတွေးတစု (၂ ) ________ __တောင်းပန်ပါတယ် အမေ ထမင်းစားဝိုင်းမှာ သားဘဲဥတခြမ်းနဲ့မလောက်လို့ အမေ့ဆီက ဟင်းထပ်တောင်းတော့ အမေ့ဝေစုကိုပေးပြီး အမေ ငပိရည်နဲ့စားခဲ့တာကို မသိတတ်ခဲ့တာ  သား တောင်းပန်ပါတယ် အမေ.... ________ __ တောင်းပန်ပါတယ် အမေ ကျောင်းမှာ သူငယ်ချင်းတွေ နဲ့ ထမင်းစားရင်း ထမင်းထဲ အမေ့ဆံပင်ပါလာတော့ သား သူငယ်ချင်းတွေ ကို ရှက်ပြီး ထမင်းတွေဟင်းတွေ သွန်ပစ်ခဲ့မိတယ်...အမေ မနက်အစောကြိီး ထပြီး မျက်စိမူန်မူန်နဲ့ စေတနာပါပါ ချက်ပေးခဲ့တာကို သား မသိတတ်ခဲ့လို့ သား တောင်းပန်ပါတယ် အမေ... ________ __ တောင်းပန်ပါတယ် အမေ ညဘက်ဆို တနေကုန် စျေးရောင်းရလို့ အိပ်ယာထဲမှာ လှဲ ပြီး  ညောင်းညာနေတဲ့အမေက သားကိုနှိပ်ခိုင်းတော့ သားစာလုပ်နေတယ်ဆိုပြီး နှိပ်ပေးရကောင်းမှန်း မသိတတ်ခဲ့လို့ သားတောင်းပန်ပါတယ် အမေ... ________ __ တောင်းပန်ပါတယ် အမေ တွေ့ကရာ အမိူက်ပုံဝင်ပြီး ရောင်းလို့ရမဲ့ ပစ္စည်းရှာ နေတတ်တဲ့ အမေ့ကို သား ရှက်ပြီး အမေ့ကို မသိချင် ယောင်ဆောင်မိခဲ့တယ် အမေ... သား ကိုယ်တိုင် အမေ ရောင်းလို့ ရတဲ့ ပိုက်ဆံ နဲ့ ထမင်းစားနေရတာ ကို မသိတတ်ခဲ့လို့ သားတောင်းပန်ပါတယ် အမေ... ________ __ တောင်းပန်ပါတယ် အမေ ညဘက်တွေ သား

ခွန်အားဖြည့်

  စိတ်ကို အဓိပတိ တပ်ပါ ~~ ~ လဲမကျအောင်ထိန်း လဲကျလည်း ပြန်ထ စိတ်ဓါတ်ခိုင်မာနေသ၍ ပုရွက်ဆိတ်လေးတွေကတောင် ဆင်ကြီးကို သတ်နိုင်တဲ့ သာဓကရှိတယ်။ အဓိကက စိတ်ပဲ ကြိုးစားလိုစိတ်ရှိဖို့ပဲ လိုတယ် စိတ်က ဦးဆောင်နေဖို့ပဲ လိုတယ်။ စိတ်ဓါတ်ခိုင်မာနေသ၍ အရာရာကို စွမ်းဆောင်နိုင်တယ်။ #လင်းစက်

အပိုင်း ၃

  ကလေးသူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုခြင်း Psychological First Aid for Children and Adolescents အပိုင်း(၃) ၃။ မိဘအုပ်ထိန်းသူများနှင့် ဆရာ၊ဆရာမများ အတွက် အကြံပြုချက်များ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသော ဆယ်ကျော်သက်များနှင့်ကလေးသူငယ်များကို ၎င်းတို့၏မိသားစုဝင်များ မိတ်ဆွေသူငယ်ချင်းများနှင့် အဆက်အသွယ် မပြတ်စေရပါ။ စာရေးဆက်သွယ်ခြင်း၊ တယ်လီဖုန်းပြောခြင်း၊ ဆိုရှယ်မီဒီယာများမှတဆင့် ဆက်သွယ်ခြင်းတို့ ပြုလုပ်သင့်ပါသည်။ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသောများ ကလေးသူငယ်များကို မလိုအပ်ဘဲ မိသားစုဝင်များနှင့်ခွဲထားခြင်းကို ရှောင်ရှားသင့်ပါသည်။ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသောများ ကလေးသူငယ်များ၏ အခြေခံလိုအပ်ချက်များကို ဂရုပြုဖြည့်ဆည်းပေးရပါမည်။ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသောများ ကလေးသူငယ်များ၏ အသုံးအဆောင်များနှင့် နေ့စဉ်လုပ်ဆောင်နေကျ နိစ္စဓူဝကိစ္စများကို မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်ပေးရပါမည်။ ၎င်းတို့အတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးရန်လိုအပ်ပါသည်။ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသောများ ကလေးသူငယ်များအား ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များနှင့် ဆက်လက်ဖြစ်

အပိုင်း ၂

  ကလေးသူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုခြင်း Psychological First Aid for Children and Adolescents အပိုင်း (၂) ၂။ လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ (Action Principles) (က) ရှာဖွေပါ (Look) (၁) ဘေးဒုက္ခကြုံတွေ့နေရသူအများကြားတွင် စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုအကူအညီ လိုအပ်နေသူကို ရှာဖွေပါ။ ရုပ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်းကို တပြိုင်နက်တည်း လိုအပ်နေနိုင်သည်ကိုလည်း သတိပြုမိရန် လိုအပ်ပါသည်။  (၂) ဘေးကင်းလုံခြုံသည့်နေရာကို ရှာဖွေပါ။ ဘေးအန္တရာယ်ကြုံတွေ့နေရသူကို ဘေးကင်းလုံခြုံသည့် နေရာသို့ အမြန်ဆုံးပို့ဆောင်ရန် လိုအပ်ပါသည်။၎င်း၏ သတင်းအချက်အလက်များ လုံခြုံစေရန်လည်း အထူးသတိပြုရန် လိုအပ်ပါသည်။ (၃) အကူအညီလိုအပ်နေသူ၏ အဓိကလိုအပ်ချက်(ဥပမာ အစားအစာ၊ အဝတ်အထည်၊ နေရာထိုင်ခင်းနှင့် ဆေးဝါးကုသမှု)ကို ရှာဖွေပါ။ အကူအညီပေးသူများက စီစဉ်ဆောင်ရွက်ပေးနိုင်သော ကိစ္စရပ်များအနက် ကလေးသူငယ်များ၏လိုအပ်ချက်ကို ဦးစားပေးစဉ်းစားရပါမည်။ ဥပမာ- အကူအညီပေးမည့်သူများက အစားအစာ၊ အဝတ်အထည်နှင့် ဆေးဝါးကုသမှုကို စီစဉ်ထားသော်လည်း ကာယကံရှင်ကလေးသူငယ်က မိသားစုဝင်များနှင့် ပြန

အပိုင်း၁

  ကလေးသူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုခြင်း Psychological First Aid for Children and Adolescents အပိုင်း (၁) ၁။ နိဒါန်း ဘေးအန္တရာယ်ကျရောက်စဉ်ကာလအတွင်း ကလေးများနှင့် ဆယ်ကျော်သက် လူငယ်လူရွယ်များသည် လူကြီးများနည်းတူ စိတ်ဆင်းရဲ ပူပန်သောကရောက်ကြရတတ်ပါသည်။ အခက်အခဲနှင့်ရင်ဆိုင်နေရသော ကလေးသူငယ်များကို ၎င်းတို့နှင့် အနီးကပ်ပြုစုစောင့်ရှောက်ပေးနေသော မိသားစုဝင်များ၊ ဆရာ၊ဆရာမများမှ စိတ်ပိုင်းဆိုင်ရာ အကူအညီများပံ့ပိုးပေးနိုင်ပါရန် ဤအကြောင်းအရာကို တင်ပြရခြင်းဖြစ်ပါသည်။ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း (Psychological First Aid) စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း ဆိုသည်မှာ အခက်အခဲနှင့်ကြုံကြိုက်ကြရသော ကလေးသူငယ်၊လူရွယ်လူကြီးအားလုံးအတွက် ကနဦးအားပေးကူညီစောင့်ရှောက်ပေးခြင်း ဖြစ်ပါသည်။ ကိုယ်ခန္ဓာတွင် ထိခိုက်ဒါဏ်ရာရပါက ရှေးဦးသူနာပြုစုနည်းများဖြင့် ပြုစုကုသပေးကြသကဲ့သို့  လတ်တလော စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကြဉ် ခံစားနေရသူများကိုလည်း စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများဖြင့် စောင့်ရှောက်ပြုစုပေးနိုင်ပါသည်။ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း စသောသဘာ၀ဘ

တန်ဖိုးရှိတဲ့လူ ဖြစ်ဖို့

  တန်ဖိုးရှိတဲ့လူဖြစ်ဖို့ ~ ~~~~ သတ္တဝါတွေဟာ - မွေးဖွားခြင်းနဲ့ အစ တည်တယ်၊ - မွေးဖွားခြင်းနဲ့ မသေဆုံးခင်    ကြားကာလကို ဖြစ်သန်းရတယ်၊ - နောက်ဆုံး သေဆုံးရတယ် ဒါက သက်ရှိတို့ရဲ့သဘာဝ လောကဓမ္မတာပဲ အဲ့သည့် သက်ရှိတွေထဲကမှ  လူသားတွေကပဲ လောကကြီးကို  အဓိက ဖန်တီးကြရတာပါ။ မွေးဖွားခြင်းနဲ့ စတည်ခဲ့ကြပြီးပြီ သေတဲ့သူတွေ သေသွားကြပေမယ့် မသေဆုံးသေးတဲ့ သက်ရှိလူသားတွေက ကြားကာလကို ဆက်လက် ဖြတ်သန်းကြရဦးမယ်လေ မသေခင် ကြားကာလလေးမှာ အဲ့သည်တော့ လူဖြစ်ရကျိုး နပ်မှ တန်ဖိုးရှိတဲ့ လူ ဖြစ်မှ တရားမျှတတဲ့သူ ဓမ္မဘက်တော်သား ဖြစ်မှာပါ၊ အဲ့လိုလူ ဖြစ်ဖို့ သိပ်ကို အရေးကြီးပါတယ်။ လူဖြစ်ရကျိုး နပ်ဖို့  တန်ဖိုးရှိတဲ့ လူဖြစ်ဖို့ အဖြေက သိပ်ကို ရိုးရှင်းလွန်းပါတယ်၊ ကောင်းတာတွေနဲ့ အချိန်ကုန်သင့်တာပါ၊ ဘယ်လို ကောင်းတာတွေလည်း လူဆိုတဲ့ သဘာဝနဲ့ ကိုက်ညီဖို့ လူလို့ ခေါ်လို့ရတဲ့ လူ ပီသဖို့ လူ့အသိဉာဏ်နဲ့ လိုက်ဖက်တဲ့  ကောင်းမွန်တဲ့ အပြုအမူတွေ ကောင်းမွန်တဲ့ အပြောအဆိုတွေ ကောင်းမွန်တဲ့ စိတ်ထားတွေ မဖြစ်မနေကို လုပ်ဆောင်ရမှာပါ၊ အဲ့ဒါမှ လူဖြစ်ရကျိုး နပ်မှာပါ။ လူ့အဖြစ်က ရဖို့ ခဲယဉ်းတာကို ဗုဒ္ဓက “မနုဿတ္တဘာဝေါ ဒုလ္လဘော” (မနုဿတ္တဘာဝေါ - လူ့ဘဝအဖြစ်ကို ဒုလ္

အချစ်နှင့် တော်လှန်ရေး

  “အချစ်နှင့် တော်လှန်ရေး (သို့) အကန့်မတူ တန်း မတူ” ~~~~ ~~~~ တော်လှန်ရေးကာလမှာ အချစ်ရေး တွေးနိုင်သေးတာလား?  ဆိုတဲ့ မေးခွန်းက မေးကို မမေးသင့်တာပါ။ အချစ်က အချစ် တော်လှန်ရေးက တော်လှန်ရေး တစ်ကန့်ဆီပဲလေ၊  မတူတာကို တန်းတူ မမြင်တာဟာ မှန်ကန်ခြင်းပါပဲ။ တချို့ဆို အချစ်ကို အကြောင်းပြုပြီး မတော်လှန်ပဲ နေတဲ့သူကိုတောင် တော်လှန်ရေးဘက်ကို ပါလာအောင်အထိ ဆွဲခေါ်နိုင်တဲ့သတ္တိ စွမ်းအားတွေက အချစ်မှာ ရှိကို ရှိတယ်၊  အချစ်ကြောင့် တော်လှန်လာကြတဲ့သူတွေ ဥပမာပြရလျှင် မနည်းမနော တစ်ပုံကြီး။ တော်လှန်ရေးလုပ်ရင်း ချစ်သွားကြတဲ့ စုံတွဲလေးတွေဆိုလည်း အများကြီးမှ အများကြီး။ များတယ်မှ မပြောနဲ့လေ၊ တော်လှန်ရေးလုပ်နေကြတဲ့သူတိုင်းမှာခံယူချက်ဆိုတာ ရှိကြသလို နှလုံးသား ဆိုတာလည်း ရှိကြတယ်၊ နှလုံးသားဆိုတာ ချုပ်တည်းထားလို့ မရတဲ့ သက်ရှိ အရာဝတ္ထု ဖြစ်နေပါတယ်။ အမြဲတမ်း အလုပ်လုပ်နေတဲ့ အတွက် နှလုံးသားက လက်ခံတဲ့ အချစ်ကို အပြစ်မြင်လို့လည်း မရသလို အထင်သေးလို့လည်း မရပါဘူး။ မယုံလျှင် ကိုယ်တိုင် ကိုယ့်နှလုံးသားကို ခိုင်းစေကြည့်ကြပါ၊ “မင်း ဒီအချိန် မချစ်ရဘူး၊ အချစ်အကြောင်း မတွေးရဘူး၊ မင်း ဘယ်သူ့ကိုပဲ ချစ်ရမယ်၊ ဘယ်သူနဲ့ဘဲ မင်း လက်တွဲရမယ်” စသည်ဖြ