Posts

Showing posts from October, 2022

Halloween

Image
  X-mas ပြီးရင် ဒုတိယ လူကြိုက်အများဆုံးဖြစ်တဲ့ Halloween ပွဲတော်အကြောင်းကို သင်သိပြီးပြီလား။ - ခရစ်ယာန်ဘာသာရေးပွဲတော်ခေါ် Halloween ပွဲတော်ဖြစ်ပေါ်လာပုံ  'Halloween' ဆိုတဲ့ စာကားလုံးက 'All Hallows' Eve' ဆိုတဲ့ ဘာသာရေးစကားလုံးက ဆင်းသက်လာတာဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်များရဲ့ မြင့်မြတ်သောနေ့များဖြစ်တဲ့ November 1 ( All Saints' Day) နဲ့ November 2 (All Sauls' Day) မတိုင်ခင် October 31 မှာ ကျင်းပလေ့ရှိပါတယ်။ အချိန်အတိအကျကတော့ October 31 ညနေ 5:30 ကနေ ည 9:00 အထိပဲ ဖြစ်ပါတယ်။  Celtic လူမျိုးများရဲ့ Samhain ပွဲတော် ရိုးရာဓလေ့ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ November 1 ရက်နေ့က Celtic ပြက္ခဒိန်ရဲ့ နှစ်သစ်ကူးရက်ဖြစ်တဲ့အတွက် October 31 ရက်နေ့သည် နှစ်ဟောင်း၏ နောက်ဆုံးညဖြစ်သည့်အပြင် နှစ်တစ်နှစ်ရဲ့ နွေရာသီကုန်ဆုံးပြီး ဆောင်းဦးဝင်မည့် ကာလလည်းဖြစ်ပါတယ်။ Samhain ပွဲတော်အရ ဒီကာလသည် လူ့လောကနှင့် ပရလောကဆက်နွှယ်သည့်အချိန်ဖြစ်ပြီး လောကနှစ်ခုဆက်နွှယ်မှုအလွှာမှာလည်း အပါးလွှာဆုံးဖြစ်ပါတယ်။ ထိုပါးလွှာမှုကြောင့် ဘိုးဘေးဘီဘင်များသာမက မကောင်းဆိုးဝါးများနှင့် နတ်ဆိုးများပါ နိုးထလာပြီး လူ့လောက

သတိ

  ဓမ္မနဲ့ အဓမ္မတိုက်ပွဲမှာ ဓမ္မဘက်မှာ  ရပ်တည်နိုင်ခြင်းနဲ့ မရပ်တည်နိုင်ခြင်းက အဂတိ ကင်းစင်ခြင်း မကင်းစင်ခြင်းနဲ့ပဲ ဆိုင်တယ်                  ✍️လင်းစက်☀️

အဂတိ

  “အဂတိ ဆိုတာနဲ့ လာဘ်စားမှုလောက်ပဲ သိကြတဲ့နိုင်ငံ” ~~~~ ~~~~ “အဂတိ” ဆိုတာကို လာဘ်စားမှုတစ်ခု'လို့သာ သိကြတဲ့ မြန်မာနိုင်ငံမှာ လူဖြစ်ရတာ အင်မတန်မှကို ရှက်စရာကောင်းလွန်းပါတယ်။ “အဂတိ”ဆိုတာ ဘက်မလိုက်သင့်ပဲ ဘက်လိုက်ခြင်း’လို့ အရိုးရှင်းဆုံး အဓိပ္ပါယ်ထွက်ပါတယ်။ အဂတိက ၄ မျိုးရှိတယ်၊ ဆက်ဖတ်ကြည့်ကြပါ။ (၁)ဆန္ဒာဂတိ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းမို့လို့ဆိုပြီး ချစ်လို့ ခင်လို့ ရင်းနီးနေလို့ ဘက်မလိုက်သင့်ဘဲ ဘက်လိုက်တာကို  ‘ဆန္ဒာဂတိ’လို့ ခေါ်ပါတယ်။ (၂)ဒေါသာဂတိ တစ်ဖက်လူက မှန်နေပါလျှက်နဲ့ ကိုယ်နဲ့ အငြိုးရန်စ ရှိလို့ ကိုယ်ကသဘောမကျလို့ မုန်းလို့ အဲ့သည့်လူကို အခက်တွေ့အောင် ဒုက္ခရောက်အောင်ဆိုပြီး အဲ့သည့်လူနဲ့ဆန့်ကျင့်တဲ့ဘက်မှာ ဘက်မလိုက်သင့်ဘဲ ဘက်လိုက်တာကို  ‘ဒေါသာဂတိ’လို့ ခေါ်ပါတယ်။ (၃)မောဟာဂတိ ပြဿနာ အကြောင်းအရင်းကို ဂဃဏန မသိပါပဲနဲ့ တခြားသူ ပြောသမျှ ရမ်းသမ်း ယုံကြည့်ပြီး သူများလိုက်တဲ့ဘက် သူများတိုက်တွန်းတဲ့ဘက်မှာ မဆင်မခြင်နလပိန်းတုံးဉာဏ်နဲ့ မလိုက်သင့်တဲ့ဘက်မှာ ဘက်လိုက်ခြင်းကို  ‘မောဟာဂတိ’လို့ ခေါ်ပါတယ်။ (၄)ဘယာဂတိ တစ်ဖက်လူက အင်အားကြီးလို့၊ အာဏာရှိလို့၊ ကိုယ့်အပေါ် ကျေးဇူး မကင်းလို့၊ ကိုယ်က ကြောက်နေရတဲ့သူ

ပြုံး

  ပြုံး အဆင်မပြေမှုကြောင့် မင်းရင်ထဲ အပူမီးတွေ လောက်မြိုက်နေရင်တောင် အပြင်မှာ ဘာမှ မဖြစ်သလိုနေ မင်းပြိုလဲတာ သိလျှင်  မင်းကို မလိုလားတဲ့သူတွေ ဝမ်းသာနေကြလိမ့်မယ် အားတင်းပြီး ပြုံး မင်းပြုံးတိုင်း သူတို့ရှုံးတယ်                       လင်းစက်☀️

သီချင်းကဗျာ

  သီချင်းကဗျာ ကဗျာသီချင်း(၂) ကဗျာတစ်ပုဒ်ကနေဆင်းသက်လာတဲ့ သီချင်းတစ်ပုဒ်ရဲ့စာသားတွေမှာ ကဗျာအငွေ့အသက်တွေ ထုံမွှမ်းနေတတ်ပါတယ်။ ကဗျာနဲ့ရင်းနှီးတဲ့သူတွေဆိုရင် အဲဒီအငွေ့အသက်တွေကို ခံစားကြရပါတယ်။ အဲသလိုပါပဲ ကဗျာဆရာတွေက သီချင်းရေးတဲ့အခါမှာလည်း စကားလုံးတွေက တောက်ပဆန်းသစ်နေတတ်ပါတယ်။  ဆန်းသစ်တဲ့ စကားလုံးများနဲ့ ကဗျာအရောင်တွေတဖျတ်ဖျတ်တောက်ပနေတဲ့ သီချင်းတစ်ပုဒ်ကတော့ ကိုဂျင်မီ သီဆိုခဲ့တဲ့ 'အအေးမိတဲ့နေ့' ဖြစ်ပါတယ်။ ကဗျာဆရာ မောင်လူသစ် ရဲ့ ကဗျာကို ကိုဂျင်မီကပဲ သီချင်းတစ်ပုဒ်အဖြစ် သံစဉ်ထည့်ပြီး သီဆိုထားတာပါ။ မူရင်းကဗျာကိုတော့ မဖတ်ရပေမယ့် ကဗျာရဲ့ အဓိကစကားလုံးတွေနဲ့ အကြောင်းအရာကို သီချင်းတစ်ပုဒ်ရဲ့ ဖွဲ့စည်းမှုနဲ့ ကိုက်ညီအောင် ပြုပြင်ရေးဖွဲ့ထားတယ်လို့ ခန့်မှန်းရပါတယ်။ ဒီသီချင်းဟာ ၂၀၂၀ ကထွက်ခဲ့တဲ့ ကိုဂျင်မီရဲ့ သီချင်းအယ်(လ)ဘမ် title song လဲဖြစ်ပါတယ်။Inspiration ကောင်းကောင်းနဲ့ သီဆိုထားတာကြောင့် နားဆင်သူရဲ့ ရင်ကို တိုက်ရိုက်ထိရှစေတဲ့ သီချင်းတစ်ပုဒ်လို့ ဆိုချင်ပါတယ်။ သီချင်းအဆုံးမှာ Good night လို့ ဘာကြောင့်များ ဆိုထားပစ်ခဲ့တာလဲ ကိုဂျင်မီ။ အအေးမိတဲ့နေ့ https://youtu.be/BqODxnG8CpY အအေးမိတဲ့နေ့ --------

Poison 5

Image
  Poison-5 Malathion (မာလာသီယွန်) စိုက်ပျိုးရေးသုံးပိုးသတ်ဆေးများအနက် မာလာသီယွန် သည် အသုံးများသောပိုးသတ်ဆေးဖြစ်သည်။ ခေတ်ဟောင်းကြော်ငြာများကို ကြည့်ဖူးသူတို့ဆိုလျှင် "ပိုးကောင် ပိုးကောင် အားလုံးစားတဲ့ ပိုးကောင်  မိုးဒီတို့ဟာ အရွက်အသီးအရိုးများဖျက်တဲ့ပိုး" ဆို‌သော သီချင်းကိုဆိုပြီး ထက်ထက်မိုးဦးပါဝင်သရုပ်ဆောင်သော ပိုးသတ်ဆေးကြော်ငြာမှာ ရွှေဆိုက်ပါ၊ ရွှေမာလာ စသည်တို့ကို ကြားဖူးကြပါလိမ့်မည်။ ယခုလက်ရှိတွင်လည်း မာလာ (သို့မဟုတ်) သီယွန် ပါသော နာမည် များဖြင့် ဈေးကွက်တွင် ရောင်းချနေကြသည်။ လူအများကြားဖူးနိုင်သည့် မာလာသီယွန် ကို ခေါင်းစဉ်တပ်လိုက်ရသော်လည်း အကယ်စင်စစ်မှာမူ Organophosphates အကြောင်းတင်ပြလိုခြင်း ဖြစ်ပါသည်။ မာလာသီယွန်သည် Organophosphates အုပ်စုဝင် အမျိုးအစားဖြစ်သည်။ Phosphorus ပါဝင်သော ဇီဝဒြပ်ပေါင်း ဟု ဆိုရမည်ဖြစ်သည်။Organophosphates များသည် စွမ်းအားပြင်းထန်သော ပိုးသတ်ဆေးအမျိုးအစားဖြစ်သည်။ ၎င်းတို့သည် ပိုးမွှားများသာမက လူများ၊ တိရစ္ဆာန်များကိုပါ သေစေနိုင်သည်။  မာလာသီယွန်အပါအဝင် Organophosphates များသည် ခန္ဓာကိုယ်ထဲရှိ အာရုံကြောဆိုင်ရာ ဇီဝဖြစ်စဉ်ကို ပျက်ယွင်းစေသည့် ဒြပ်ပေါင်းမျ

ကျန်းမာ တော်လှန်

  ကျန်းကျန်းမာမာ တော်လှန်ပါ (Revolution First Aid) လက်ရှိကာလ နေရထိုင်ရတာ ငယ်ငယ်တုန်းက ခဏခဏရွတ်ခဲ့ရတဲ့ သြကာသကန်တော့ချိုးကိုတောင် ပြန်သတိရမိပါရဲ့။ လူဖြစ်ဖို့မသင့်လျော်တဲ့အရပ်ဆိုတဲ့ ရပ်ပြစ်(၈)ပါးတို့၊ မင်းဆိုးမင်းယုတ်တို့ ဖောက်ပြန်ချို့ယွင်းမှုဆိုတဲ့ ဝိပတ္တိတရားတို့ ၊ ကျန်းမာရေး ဆွေမျိုး စီးပွား အကျင့်သီလပျက်စီးတဲ့ ဗျသန တရားတို့ဆိုတာများ Dolby ကြော်ငြာထဲကလို “All around…….you” ဆိုပြီး surround sound effect အပြည့်နဲ့ channel မျိုးစုံကြားနေရတာဆိုတော့ ငိုရမလား ရီရမလားအစား တော်လှန်ရမလားဆိုတာကို ရွေးချယ်ခဲ့ကြတာတောင် နှစ်နှစ်ပြည့်တော့မယ်မို့လား။ အားလုံးသိကြတဲ့အတိုင်း လက်နက်ကိုင် တိုက်ပွဲတွေက နေရာမျိုးစုံမှာဖြစ်လာနိုင်သလို စစ်ရေးနဲ့မဆိုင်တဲ့ ပျော်ပွဲရွှင်ပွဲတွေကိုတောင် ရက်ရက်စက်စက် နှိမ်နင်းတဲ့အထိ ယုတ်ကန်းမှုတစ်ဖက်ကမ်းခပ်တဲ့ အကြမ်းဖက် စစ်တပ်ကြောင့် ဝမ်းနည်းခံပြင်းစရာ သတင်းတွေဆိုတာလည်း နေ့စဉ်နဲ့အမျှပါပဲ။ တိုက်ပွဲတွေနဲ့ဝေးလို့ ပျော်မယ်ကြံရင်လည်း မစ္စတာကိုဗစ်က အစွယ်ထုတ်ထုတ်ပြနေပြန်လေတော့ ဟိုဘုန်းကြီးတစ်ပါးစကား ယူသုံးရရင် “ငဗစ်နဲ့ စစ်တပ် ဟန်ချက်ညီနေတာ သိပ်ကိုအားရဖို့ကောင်းတယ် ပရိသတ်” ပေါ့လေ။ ဒီလိုအဖ

Click

  သာယာတဲ​့ရှုခင်းတွေ ကြည့်ပြီး မသာယာတော့တဲ့ တို့အနာဂတ်အတွက်  ငါတို့ ပိုပြီးကလစ်မယ် 

သင်ခန်းစာ

  ၂၀၂၁ အရေးတော်ပုံမှရတဲ့ သင်္ခန်းစာ ~~~ ~~ ပျော့ညံ့တယ် ထင်ရသူကို ရဲရင့်သူအဖြစ် မြင်လိုက်ရတယ် ရဲရင့်မယ် ထင်ရသူကို ကြောက်ရွံ့ပျော့ညံ့သူအဖြစ် မြင်လိုက်ရတယ် မတော်ဘူး ထင်ရသူတွေက  လူတော် ဖြစ်နေတယ် တော်မယ်ထင်ရသူက ညံဖျင်းသူ ဖြစ်နေတယ် လုပ်ရပ် မှားတယ်လို့ ထင်ရသူက အမှန် လုပ်နေတာ တွေ့လိုက်ရတယ် ကောင်းတာ မှန်တာ လုပ်နေတယ် ထင်ရသူက ယုတ်ညံ့ မှားယွင်းမှုတွေကို လုပ်နေတာ မြင်လိုက်ရတယ် ဒါ အထင်နဲ့ ရတဲ့ သင်္ခန်းစာ မဟုတ်ဘူး ကျွန်တော် ကျောင်းတက်စဉ် တစ်လျှောက် ကျွန်တော့်ကို ပညာသင်ပေးခဲ့ကြဖူးတဲ့ အမှန်တရားကို ချစ်မြတ်နိုးသူလို့ ထင်ခဲ့ရတဲ့ သိပ်ကို ကောင်းမွန်ပြီး တော်တယ်လို့ ထင်ခဲ့ရတဲ့ ဆရာ ဆရာမတွေက အဂတိလိုက်ပြီး ပြည်သူ့ဘက်က မရပ်တည်ကြပဲ  အကြမ်းဖက် စစ်အုပ်စုကို ထောက်ခံပြီး အဓမ္မဘက်မှာ ရပ်တည်ခဲ့ကြတာကို ကိုယ်တိုင် သိလိုက်ရလို့ ရတဲ့ သင်္ခန်းစာပါ ဒါက ၂၀၂၁ အရေးတော်ပုံကနေ ရလိုက်တဲ့သင်္ခန်းစာ။ ✍️လင်းစက်☀️

Book review

  တံခွန်တိုင်မောင်နှမများ  နတ်နွယ်  စိတ်ကူးချိုချိုစာပေ   ခေတ်ကာလကား သီပေါမင်းတက်စ တိုင်းပြည်က အင်္ဂလိပ်လက်သို.တစ်၀က်ပေးထားရချိန်  မြန်မာ့နန်းတွင်းမှာ လူစုကွဲနေချိန် တိုင်တားရဲ.လူ ကင်း၀န်ရဲ.လူ  ညောင်အုပ်ရဲ.လူ စသည်ဖြင့် ညီအစ်ကိုချင်း သားအဖချင်းတောင်  မယုံရချိန်ခေတ်ကာလဆိုး။ တံခွန်တိုင်မြို.စားကြီး ဦးကျောက်လုံးမှာ  သားသမီးခြောက်ယောက်ရှိသည် မောင်မောင်ကြီး မောင်မောင်လတ် မောင်မောင်လေး  ခင်ခင်ကြီး ခင်ခင်လတ် ခင်ခင်လေး စရိုက်တစ်မျိုးစီနဲ. မောင်နှမများ ။  သမိုင်းကိုတင်ရန်မဟုတ် တစ်အူတုံဆင်း မောင်နှမအရင်းချာများ  စီးပွာရေး နိုင်ငံရေးအခြေနေ အလိုက် ကွဲပြားခြားနားခဲ.ကြသော သူတို.ဘ၀  သူတို.ရပ်တည်ချက်များ နယ်ချဲ.တိုင်းတစ်ပါးသားက  တိုင်းပြည်ရဲ.အာဏာကိုနှောက်ယှက်လုယူဖို.ကြိုးစားစဉ် သစ္စာဖောက်နှင့်  မျိုးချစ်စိတ်ရဲ.အားပြိုင်မှု မောင်နှမ အရင်းချာတွေဖြစ်ပေမဲ.  ကွဲပြားသွားသော ရပ်တည်မှု.များ။ ထင်းစည်းကိုချိုးခိုင်းသော  သားနှစ်ယောက်နှင့် အဘပုံပြင်ကို သတိရမိသည် အိမ်ထောင်စုတစ်ခုရဲ.  မောင်နှမအချင်းချင် သားအဖအချင်းချင်း ရပ်တည်မှု. ဘုံယုံကြည်ချက်မတူညီတဲ.အခါ  အိမ်ထောင်စုတွေစုထားသော မြန်မာပြည်ကြီးလွတ်လပ်ရေး ဆုံးရှုံးရတ

ခါးသက်သော ချိုမြိန်ခြင်း

  “ခါးသက်သော ချိုမြိန်ခြင်း” ~~ ~~ အာဏာရှင်စနစ် တော်လှန်ရေးမှာ တော်လှန်နေသူတို့ အဖို့ ဘဝရဲ့အချိုအရသာတွေက ဘယ်လိုလည်း မသိရပေမယ့် အခါးအရသာတွေကတော့ ယဉ်ပါးနေကြပြီ။ “ဘဝအခါးတွေ ကြုံပါများလာတော့ သောက်နေကျ ခါးတဲ့ကော်ဖီကတောင် မခါးတော့ပဲ ချိုနေတယ်” လို့ တော်လှန်ရေး လူငယ်တစ်ဦးက ပြောတယ်။ တော်လှန်ရေးဟာ  တော်လှန်နေကြသူတို့အဖို့ ခါးသက်ခြင်း မဟုတ်ဘဲ  ချိုမြိန်ခြင်းတစ်ခုပါ။ ဪ… တော်လှန်ရေးက ခါးသတ်သော ချိုမြိန်ခြင်းပါလား?                           ✍️လင်းစက်

ဒီမိုကရေစီ ကျိန်စာ

  ဒီမိုကရေစီကျိန်စာ ~ ~~~ အာဏာရှင်စနစ်ကို တော်လှန်ဖို့ တိုက်တွန်းနေသလောက်  တော်လှန်ရေးမှာ မပါဝင်ခဲ့ရင် ဒီမိုကရေစီကိုလည်း မမျှော်မှန်းကြနဲ့ ဒီမိုကရေစီရလာတဲ့အချိန် လွတ်လပ်မှု အရသာဟာ  မတော်လှန်သူတို့အတွက် ခါးပါစေ                        လင်းစက်☀️

Taylor Swift - New Album

Image
  Taylor Swift – New Album (Midnight) – First peek Swifties တွေကို မမ Tay တစ်ယောက် 2022 VMA မှာတုန်းက surprise တိုက်သွားတဲ့ Album အသစ်လေးကတော့ မနေ့ကပဲ ထွက်လာခဲ့ပါပြီ။ စုစုပေါင်း သီချင်း (၁၃) ပုဒ်ပါတဲ့ ဒီ Album ကို Midnights လို့နာမည်ပေးထားပါတယ်။ Evermore တို့ Folklore တို့တုန်းက ဝုန်းခနဲထုတ်ချပြီး surprise တိုက်ခဲ့တဲ့ အမေ Tay တစ်ယောက် VMA မှာ Album အသစ်ထွက်မယ်လို့ spoiler ကြီးကြိုပေးသွားပြီး သန်းခေါင်ယံ (midnight) ကျထပ်ပြောပြမယ်သိလား” ဆိုပြီး album နာမည်ကိုပါ အမြည်းပေးသွားတာတွေ၊ Midnights Mayhem With Me ဆိုပြီး ပါမဲ့သီချင်းနာမည်တွေကို ကြိုပြောခဲ့တာတွေကြောင့် အရမ်းစောင့်ခဲ့ရ hypeခဲ့ရတဲ့ album လေးဆိုတော့ review လုပ်တာထက် ဒီ Album လေးနဲ့ပတ်သက်ပြီး နားထောင်ရင်းတွေးမိလာတာလေးတွေကို မျှဝေပေးမှာဆို ပိုမှန်ပါလိမ့်မယ်။ (အမလေး.. ကျွန်တော်လဲ ရေးရင်း အမေ Tay လို အရစ်ရှည်မိပြန်ပြီ 😂) ၁။ ဘာသီချင်းတွေပါမှာလဲ Swifties တွေကတော့ ဒီခေါင်းစဉ်နဲ့စလို့ ဆဲချင်နေကြမလားမသိဘူး။ Midnight Mayhem မှာ နံပါတ်နဲ့ကို အတိအကျ ဘာပါမလဲပြောထားတာမို့ ရှည်ရှည်ဝေးဝေးပြောစရာတောင်မရှိပါဘူး။ “13 is my lucky number” လို့ပြောထားသလ

အရှုံး မရှိ တော်လှန်ရေး

  “အရှုံး မရှိ တော်လှန်ရေး” လက်တွေ့မကျသေးတဲ့ လွတ်လပ်ရေးအတွက် လက်တွေကျတဲ့ ဒုက္ခတွေကို အံတုပြီး လက်တွေ့ကျကျ တော်လှန်နေကြသူတွေ ရှိသ၍ တော်လှန်ရေးက အသက်ဝင်နေဦးမှာပဲ။ ဒီပွဲ မင်းတို့ နိုင်မှာလား? ဒါမှမဟုတ် ရှုံးမှာလား?တဲ့ အဲ့လို မေးလို့ ကျွန်တော် ဖြေပေးလိုက်ပါတယ်။ ‘အရှုံးမပေးတဲ့သူအတွက်  အရှုံးဆိုတာ ရှိကို မရှိဘူး၊ ငါတို့တော်လှန်ရေး လုပ်နေတာက အရှုံးပေးဖို့ မဟုတ်၊  မနိုင်မချင်းတိုက်မှာ၊ တော်လှန်တယ်ဆိုတာ အနိုင်ယူဖို့ တော်လှန်တာ၊ ဒါကြောင့် ဒီပွဲ ငါတို့ ရှုံးစရာအကြောင်း  သံသယလေးတောင် မရှိ ရှုံးနိုင်စရာ စိုးစဉ်းမျှ မရှိ’                      ✍️လင်းစက်☀️