Posts

Showing posts from August, 2022

နေ့စွဲများ

  ဖျောက်ပစ်ချင်တဲ့ နေ့စွဲတွေ… ကျောင်းကထိန်မကျင်းပမှီ တရက်အလိုတွင် ဖြစ်သည်။ ကျောင်းခန်းထဲသို့ အတန်းပိုင်ဆရာမ ဝင်လာသည်။ ဆရာမက အတန်းထဲကို ဝေ့ကြည့်ပြီးလျှင် ကျနော့်ကိုမြင်သည်နဲ့ မော်နီတာ လာဦး ဟု ခေါ်လေသည်။ ကျွန်တော်ရောက်သည်နှင့်ဆရာမက မနက်ဖြန်မနက် ကထိန်ကျင်းပမည်ဖြစ်သဖြင့် ဒီည ကထိန်ခင်းထားသောပစ္စည်းများမပျောက်ပျက်စေရန် ကျောင်းတွင်ညစောင့်အိပ်ရမည့်အကြောင်း ပြောခြင်းဖြစ်သည်။ တစ်ခန်းလျှင်တစ်ယောက်စောင့်အိပ်ရမည် ဖြစ်ပြီး ကျွန်တော်တို့အခန်းသည် ၈တန်း အေခန်း ဖြစ်သည်။ ကျွန်တော်တို့ အေခန်းက ကထိန်တစ်ခု ခင်းသည်။  ကျန်သောအခန်းက အတန်းခေါင်းဆောင်များနဲ့အတူ ညစောင့်အိပ်ရမည့်ဖြစ်သဖြင့် အဖော်ရှိသည်။  ဆရာမအား ညစောင့်အိပ်ပေးမည့်အကြောင်းပြောပြီးလျှင် ညနေကျောင်းဆင်းချိန် အိမ်ပြန် အသိပေးပြီး ညစာစား၍ ကျောင်းကိုပြန်လာခဲ့သည်။ ကျွန်တော်တို့ကျောင်းတွင် အဆောင်၄ဆောင် ရှိပြီး နှစ်ထပ်ဆောင် တစ်ဆောင်ရှိသည်။ ထိုနှစ်ထပ်ဆောင်ရှေ့တွင် အတန်းတိုင်း၏ကထိန်ပစ္စည်းများ ခင်းထားသည်။ ကထိန်ပစ္စည်းများရှေ့တွင် ဖျာများခင်းထားပြီး ညစောင့်မည့်ကျောင်းသားများက တလှည့်စီ ကင်းစောင့်အိပ်ရမည်ဖြစ်သည်။ တီဗွီတစ်လုံးလည်း ရှိ၏။ မအိပ်ချင်သူများက တီဗွီကြည့်

စာစု

လှပတဲ့ကောင်းကင်ရှိနေပေမယ့် မလှပနိုင်တော့တဲ့အနာဂါတ်တွေ အေးမြတဲ့စမ်းရေကြည်တွေရှိနေပေမယ့် မီးတောင်လိုအပူနဲ့ဖြတ်သန်းနေရတဲ့နေ့ရက်တွေ မျိုးစေ့သစ်တွေအပင်ပေါက်မလာဘဲ "စစ်"ဖိနပ်ရာအောက်မှာနင်းခြေခံရမှုတွေ ဒါတွေတွက်တရားမျှတမှုကငါတို့်ကိုယ်တိုင်ယူဆောင်ရမယ် ညဉ့်ယံမှာထွက်ပေါ်လာတဲ့မကောင်းဆိုးဝါးကို ကြယ်တာရာတွေစုပီးတိုက်ရမယ် အလင်းအားနည်းပေမယ့်မကောင်းဆိုးဝါးကိုတော့တုန်လှုပ်သွားအောင်ငါတို့်ခြောက်နိုင်တယ်                             - ခွန်း -

လူပဲလား

  လူပဲလား စက်ရုပ်တစ်ရုပ်လို့ကို အောက်မေ့မိနေပြီ တစ်နေ့တာကို ဖြတ်သန်းနေပေမယ့် သံပတ်ပေးထားတဲ့ စက်ရုပ် တစ်ရုပ်လို အချိန်မှန်လည်ပတ်‌နေရတယ်လို့  ခံစားမိလာပြီ။                                                ဒါပေမယ့်  စက်ရုပ်မဟုတ်တာသေချာပါတယ်။ ရက်စက်ယုတ်မာမှု‌တွေ အတွက် ခံပြင်းမိတယ် လူမဆန်မှုတွေ အတွက် နာကျည်းမိတယ် ကြယ်တွေ ကြွေတဲ့အခါ  ဝမ်းနည်းမိတယ် ဒီခံစားမှုတွေကြောင့် ကျွန်မဟာ လူဖြစ်နေပါတယ်။ ဒါပေမယ့်လေ..... ဒီလို ခံစားမှုတွေ မရှိကြသူတွေကရော လူ‌ပဲလား....။                                                                               မေသက်တံ့

ငါသေတော့မယ်ဆိုတာ သိတဲ့နေ့က

  ငါသေတော့မယ်ဆိုတာသိတဲ့နေ့က _____ ___ #မောင်လေး ရောက်နှင့်နေခဲ့တာ ကြာပြီ အခု ပြန်ထွက်သွားရမယ်တဲ့ စိတ်နဲ့ကိုယ် မကပ်တဲ့နေ့က။ ဒီနိုင်ငံမှာ လူဖြစ်ရတာ ရယ်စရာတွေချည်း ' ဗုဒ္ဓမြတ်စွာဘုရား၏ မေတ္တာရိပ်၌ ရှိနေပါသောကြောင့် .... '  ဟုတ်ကဲ့။ ' ဓမ္မကို အဓမ္မကနိုင်ရိုးထုံးစံမရှိ ... ' ဒါက တကယ်ရောဟုတ်ရဲ့လား ဘယ်လိုဖြစ်ဖြစ် ဘုရားဟာ နိဗ္ဗာန်ရောက်ကြောင်းတရားကို မတရားဟောခဲ့မှာမဟုတ်ဘူး။ သားကြီးရေ. . .  မင်း အိပ်မသွားခင်  ခဏခဏ ငါအော်ခေါ်နေမိတာ နောက်ဆုံးအနေနဲ့ စကားစမြည်ပြောဖို့ မင်းဘယ်မှာနေမလဲ ဘယ်ဘဝထိ ခဏခဏထပ်သေနေရဦးမလဲ အတူတူစားခဲ့ဖူးတဲ့ ထမင်းတနပ် အတူတူအသက်လုပြေးခဲ့ရတဲ့ နေ့ရက် တွေးတိုင်း ဝမ်းနည်းလို့မဆုံးဘူး။ အယူဝါဒတွေ မာန်မာနတွေ စောက်သုံးမကျတဲ့ခေါင်းဆောင်တွေ နောက်... သိလား  ဒီမှာက အုံလိုက်ကျင်းလိုက်ပြစ်မှုကျူးလွန်တာ ကမ္ဘာ့နိုင်ငံငယ်လေးထဲကပြည်သူတွေ  ဘယ်လိုဝမ်းဆာဖြည့်သလဲ ဘယ်လိုရှင်သန်နေကြမလဲ ကမ္ဘာအသိ လစ်လျူရှူ့ထားတာ တကယ့်အဖြစ်အပျက်ကြီး။ ချစ်ရတဲ့ အမျိုးသမီးနဲ့လွဲပြီးနောက် ငါ့ရဲ့တနဂ်နွေတွေဟာလည်း ပျောက်ရှ ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဒါကို ဘုရားနဲ့တွေ့မှမေးဖြစ်တော့မယ် အခုတော့  ရင်ခွင်နွေးနွေးလေးမှာ သ

ကိုယ့်ကိုယ်ကိုယ်

  'အဘယ့်ကြောင့် 'ကိုယ့်ကိုယ်ကိုယ်'ရပါသနည်း' မင်းသန့်ကို(မြန်မာစာလောက)      ကျွန်တော်တို့ နေ့စဉ်ပြောနေတဲ့ စကားတွေထဲမှာ နာမ်ရဲ့အစားသုံးတဲ့ နာမ်စားဆိုတဲ့စကားလုံးတွေ အများကြီးပါဝင်နေပါတယ်။ဒီ နာမ်စားတွေထဲမှာ လူပုဂ္ဂိုလ်တွေရဲ့ အစားသုံးတဲ့ နာမ်စားစကားလုံးတွေ ၊ တစ်စုံတစ်ရာကို ညွှန်းတဲ့အခါ အစားသုံးတဲ့ နာမ်စားစကားလုံးတွေ ၊ မေးခွန်းမေးတဲ့အခါ အသုံးပြုတဲ့ နာမ်စားစကားလုံးတွေ ၊ အရေအတွက် ပမာဏ အစဉ်ဆိုတဲ့ ကိန်းဂဏန်းဆိုင်ရာ နာမ်စားစကားလုံးတွေ အများကြီးပါဝင်နေပါတယ်။ဒီထဲကမှ လူသုံးများသလောက် အမှားများတဲ့ စကားလုံးကတော့ 'ကိုယ့်ကိုယ်ကိုယ်'ဖြစ်ပါတယ်။        ဟုတ်ပြီ။ 'ကိုယ့်ကိုယ်ကိုယ်'ကို ဘာလို့ မှားကြရတာလဲဆိုတာကို မပြောခင်မှာ လူထုကြားထဲ ဘယ်လိုရေးထုံးအနေနဲ့ တွင်ကျယ်နေသလဲ၊ဘာလို့ ဒီလိုတွင်ကျယ်နေသလဲဆိုတာကို အရင်လေ့လာဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။ပြည်သူတွေထဲမှာ အချို့က 'ကိုယ့်ကိုကိုယ်'လို့ ရေးကြတယ်၊ အချို့က 'ကိုယ့်ကိုယ်ကို'လို့ ရေးကြတယ်၊ အချို့က 'ကိုယ့်ကိုယ်ကိုယ်'လို့ ရေးကြတယ်၊ အချို့က 'ကို့ကိုယ်ကို'လို့ ရေးကြပါတယ်။ဒါတွေက အသုံးအတွင်ဆုံး ရေးထုံးတွေပါ။ပထ

ရင်ကွဲနာ

  " ရင်ကွဲနာ" ကျွန်တော့်ကိုကျွန်တော်လှည့်စားခဲ့တာ ရက်ပေါင်း ၃၁၀၀ ကျော်ပြီတဲ့... မဆုံတဲ့လမ်းကို ကျွန်တော်ရွေးခဲ့တယ်....... မချစ်တော့ဘူး လို့ ဆိုလိုတာမဟုတ်ဘူး...... လျှောက်တဲ့လမ်းကိုမှန်စေချင်ခဲ့တာ.. ရင်ကွဲနာလို့ ခေါ်မလား ညကအိပ်မပျော်ဘူး ဟန်နီ မျက်ရည်မကျတဲ့ စာတွေနဲ့ ​အခါခါလူးလွန့်ပြီး မိုးလင်းခဲ့တယ်   ၁၀စု နှစ် မပြည့်ခင်  ကျွန်တော် လွှတ်ချ သင့်ပြီမလား.... ခင်ဗျားဓာတ်ဆရာလုပ်ထားတဲ့  တပုံတည်းသော ပုံလိုလေ ကျွန်တော် အသံမထွက်ပဲ ကြည့်နေပါ့မယ်.... ချစ်ရသူအတွက် ကျွန်တော်ဘာလုပ်​ပေးရမလဲ.... ဟန်နီရေ......... အကြိမ်ကြိမ် ရင်တွေကွဲရတယ်... သွေးချင်းချင်းနီလို့  #အေဝိုင် 191231 #Betaß ထံမှ 122919

စာ

  “အိမ်တစ်လုံးရဲ့တန်ဖိုး မသိကြသူများ” ~~~ ~ ကိုယ့်သွေး ကိုယ့်ချွေးနဲ့ ကြိုးစားပြီး တည်ဆောက်ထားတဲ့ အိမ် မပိုင်ဖူးသူက အိမ်တစ်လုံးရဲ့တန်ဖိုး ဘယ်သိပါ့မလည်း။ ပြည်သူ့ပိုင် မြေနေရာ လိုင်းခန်းမှာ စစ်တပ်ပိုင်လုပ်ပြီး အသင့်နေလို့ရတဲ့သူတွေက အိမ်တစ်လုံးရဲ့တန်ဖိုး ဘယ်သိပါ့မလည်း။ အိမ်တိုင်းအိမ်တိုင်းက တချိန် နိုင်ငံအနာဂတ်ကလေးတွေရဲ့ အဖိုးအနဂ္ဃထိုက်တဲ့ အရိပ်ဆိုတာကို မသိတဲ့သူတွေက အိမ်တစ်လုံးရဲ့တန်ဖိုး ဘယ်သိပါ့မလည်း။ ကိုယ့်အိမ် ကိုယ်တည်ဆောက်တတ်တဲ့ တိရစ္ဆာန်ပုရွက်ဆိတ်လောက်ကို  ဦးနှောက်မရှိတဲ့သူတွေက အိမ်တစ်လုံးရဲ့တန်ဖိုး ဘယ်သိပါ့မလည်း။ အရိုင်းဆုံး စကား ပြောရလျှင် ခွေးခြေခုံနဲ့ ပြာပုံကို နတ်ပြည်အမှတ်နဲ့ အိပ်တဲ့ အရိုးကိုက်ခွေးလိုလူတွေက အိမ်တစ်လုံးရဲ့တန်ဖိုး ဘယ်သိပါ့မလည်း။ လင်းစက်✍️

Sporting News

Image
  Ronaldo United က ထွက်ခွာချင်နေဆဲ                                  Manchester Unitedရဲ့အဓိကတိုက်စစ်မှူးဖြစ်တဲ့ Cristiano Ronaldoက Liverpoolကို နိုင်ခဲ့သည့်တိုင် အသင်းကနေ ထွက်ချင်နေဆဲ ဖြစ်ပါတယ်။ ကလပ်အသင်းအချို့က စိတ်ဝင်စားမှုရှိနေပေမယ့် လစာပြဿနာကြောင့် မခေါ်ယူနိုင်ကြတာဖြစ်ပါတယ်။ တဖက်ကခေါ်ယူနိုင်တဲ့ အသင်းကြီးအချို့တွေကလည်း Ronaldoဟာ မိမိတို့ အသင်းမှာ အံမဝင်နိုင်တာကြောင့်ခေါ်ယူဖို့ငြင်းဆိုထားတာတွေ ရှိပါတယ်။ ဒီသတင်းဟာ Julyလအစကတည်းက ထွက်လာခဲ့ပေမယ့် ယခုထိတိုင်မတည်ငြိမ်နေဆဲ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Ronaldoအသင်းက ထွက်မထွက်ဟာ Unitedအနေနဲ့ တိုက်စစ်မှူးအသစ် ခေါ်ယူ မယူနဲ့လည်း ဆက်စပ်နေပါတယ်။ လက်ကျန် အပြောင်းအရွေ့ စျေးကွက် တပတ်အကျန်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်နေပါတယ်။

ကိုယ်ချင်းစာပါတယ်

  "ကိုယ်ချင်းစာပါတယ်" ဒီစကားကကြားရတာ နားရည်ဝနေပါပြီ... အချို့ကတော့ ပြသနာတခုခုနဲ့ ကြုံတိုင်း အဆင်မပြေတာ တခုခုနဲ့ ကြုံတိုင်း ဖြည်သိမ့်ပေးတဲ့အနေနဲ့ ပြောကြတယ်... အချို့ကတော့ ငါသာ မင်းနေရာမှာဆိုရင် ငါသာ အဲ့နေရာမှာ ဆိုရင် ဆိုပြီး အားမလို အားမရနဲ့ အပြစ်တင်ပြောဆိုတာမျိုးလဲ ရှိကြပါတယ်... ဒါက အရေးမကြီးသေးပါဘူး... အရေးကြီးတာက တကယ်ရော ကိုယ်ချင်းစာတတ်ကြရဲ့လား...??? ကိုယ်ချင်းစာ တရား အကြောင်း ဆရာမိုးရှင်း (I M T ) ရေးတာလေးကို လွန်ခဲ့တဲ့( လ ) ပိုင်းလောက်က ဖတ်မိတယ်... ကိုယ်ချင်းစာတော့မယ်ဆိုရင် ကိုယ့်မှာ သိတဲ့ အသိတွေ ကိုယ့်မှာ ရှိတဲ့ ခံယူချက်တွေ အကုန် ထားခဲ့ ပါ.... ပြီးရင်...ကိုယ်က သူ့နေရာ ကို ဝင်ကြည့်ပါ... အမြင်တမျိုးဖြစ်သွားရော... သူတို့ ရှင် သန်ခဲ့တဲ့ ပတ်ဝန်းကျင်က ကိုယ် ရှင် သန်ခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ မတူဘူးလေ... ကိုယ့်ခံယူချက် ခံစားချက်က သူ့ခံယူချက် ခံစားချက်နဲ့  မတူဘူးလေ... ကိုယ့်က ဒါမျိုး ကြုံရင် ဒါမျိုး နှလုံးသွင်းပေးမဲ့ သူက ဒါမျိုး ကြုံရင် အခြား နှလုံးသွင်းတခု သွင်းမှာပေါ့ ( ကောင်းတဲ့နှလုံးသွင်း ဖြစ်နိုင်သလို ဆိုးတဲ့ နှလုံးသွင်းလဲ ဖြစ်နိုင်တာပဲလေ ) ကိုယ့်အတွက်က တန်ဖိုးကြီးဖြစ်နေပေမဲ့ သူ

Polka

  Beer Barrel Polka Czech ရိုးရာအက နဲ့ အကနဲ့တွဲဖက်တီးမှုတ်တဲ့ ဂီတကို Polka လို့ခေါ်ပါတယ်။ Polka ဂီတမှာ Beer barrel polka ဟာ လူသိများကျော်ကြားပါတယ်။ ဒီတေးသွားကို ဒုတိယကမ္ဘာစစ်ကာလ ၁၉၂၇ ခုနှစ်မှာ Czech ဂီတပညာရှင် Jaromir Vejvoda က ရေးဖွဲ့ဖန်တီးခဲ့တာပါ။ ကနဦးဖန်တီးမှုဟာ သီချင်းစာသားမပါတဲ့ တေးသွားသက်သက်ပဲဖြစ်ပြီး နောက်ပိုင်းမှာတော့ အခြားသူတွေက စာသားရေးစပ်သွတ်သွင်းပြီး သီချင်းခေါင်းစဉ်‌ပြောင်းတပ်ကာ တင်ဆက်ခဲ့ကြပါတယ်။ ၁၉၃၉ ခုနှစ်မှာ ဒီတေးသွားကို  ဂျာမန်မှာ အသံသွင်းဖြန့်ချီခဲ့ပြီး အ‌ကျော်ကြားဆုံး နံပါတ် ၁  ဖြစ်ခဲ့ပါတယ်။  Beer Barrel polka ဟာ ကမ္ဘာ့နိုင်ငံအနှံ့ကျော်ကြားလာပြီး တေးသွားကို ဘာသာပေါင်းစုံနဲ့ စာသားသွတ်သွင်းပြီး တင်ဆက်ခဲ့ကြပါတယ်။ သို့သော်လည်း တေးသွားရဲ့ မူရင်းဖန်တီးရှင်ကိုတော့ ကမ္ဘာစစ်ပြီးသည့်တိုင်အောင် ပရိတ်သတ်က မသိခဲ့ကြဘူးလို့ ဆိုပါတယ်။  ဒီတေးသွားရဲ့ကျော်ကြားမှုဟာ မြန်မာနိုင်ငံအထိရောက်ရှိလာခဲ့ပြီး ဆရာကြီးရွှေပြည်အေး ဟာ "ဘရဏီ" သီချင်းရဲ့ verse အပိုဒ်တွေကို ဒီတေးသွားအတိုင်း မြန်မာစာသားသွင်းပြီး ရေးဖွဲ့ခဲ့ပါတယ်။  "ခင်စရာ မင်စရာ ရူပါရုံချောသူသက်လျာ ကြင်နာစွာမောင့်စိတ်ထဲမှာ

ကဗျာ

  ကဗျာ ကဗျာအကြောင်းစဥ္းစားမိသည်နှင့် သူနှင့်ရင်နှီးခဲ့ရတာ ဟိုးငယ်စဥ္ကလေးဘ၀တည်းကပါလားဆိုတာ အတွေးထဲရောက်လာသည်။အသံစာစာနှင့် ရွတ်ခဲ့ရတဲ့ တို့ကျောင်းကဗျာ ကိုသာ ပြန်အမှတ်ရမိသေးတော့သည်။ကဗျာက၀ိ ဆရာကြီးမင်းသု၀ဏ်က ကလေးတွေဖို့ ကဗျာတွေရေးခဲ့သည် မောင်ခွေးဖို့တဲ့ သပြေသီးကောက်ကဗျာက ငယ်ဘ၀အမှတ်ရချက်တစ်ခုဖြစ်သည်။ကျွန်တော်သိသော ကလေးတို့အတွက် ကဗျာရေးခဲ့သော ကဝိများမှာ ဆရာမင်းသု၀ဏ် ဆရာတင်မိုး နှင့် ဆရာမနုယဥ္တို့ဖြစ်သည်။နောက်တစ်ဆင့် ကဗျာကို ပြန်မှတ်မိသည့်အရွယ်က တက္ကသိုလ်က မြန်မာစာမှာသင်ရတုန်းက ဆရာကြီးမင်းသု၀ဏ်ရဲ့သူ့မှာတမ်း ကဗျာ ပျဥ္းမငုတ်တိုကဗျာတို့ဖြစ်သည်။ကဗျာစာအုပ်ကို စပြီး၀ယ်ဖတ်ဖူးသည်က ဆရာဇော်ဂျီရဲ့ ရှေးခေတ်ပုဂံပြည်နဲ့ အခြားကဗျာများဖြစ်သည်။ဆရာ့ရဲ့ဗေဒါလမ်းကဗျာစာအုပ်ပါးပါးလေးက စိတ်ညစ်တဲ့အခါတိုင်းဖတ်ဖို့ အိပ်ရာဘေးမှာနေရာယူလာသည်။ မော်ဒန်ကဗျာကို ဘယ်ကစသလဲ ကျွန်တော်ဖတ်ဖူးသလောက် ဆရာမောင်သာနိုး၏ ထင်းရူးပင်ရိပ် ကစသည်ဟုမှတ်ရဖူးသည် အစောဆုံးမြန်မာကဗျာက မြကန် ကဗျာလို့မှတ်ရဖူးပါသည်။ဆရာမိုးဃ်ဇော်ရဲ့ ကြေးစားကဗျာကနေ မော်ဒန်ကဗျာကို စစိတ်၀င်စားလိုက်တာ ဆရာမောင်ချောနွယ် ဆရာအောင်ချိမ့်၊ဆရာနေမျိုး၊သုခမိန်လိှုင် စသည် ဖြင့်ခေတ်ပေါ

အက်ဆေး

  အက်ဆေး ရသစာတမ်းဆိုသော အက်ဆေးအရေးသားကို စတင်သိကျွမ်းသည်မှာ ငယ်ကကျောင်းမှာသင်ခဲ့ရတဲ့ ဆရာဇော်ဂျီရဲ့ နွေဦးကျက်သရေနှင့်ကျွန်တော် ရသစာတမ်းဖြစ်သည်။၀တ္ထုလည်းမဟုတ်ဆောင်းပါးလည်းမဟုတ် အရေးသားကတစ်မျိုးဆိုပေမဲ့ စာရေးသူက သူမြင်ရာကိုသည်လိုတော့ရှိတယ် ငါတော့သညိလိုမြငိတယ်လို့ ပွင့်လင်းစွာ ညီငယ်တစ်ယောက်ကို နှမငယ်တစ်ယောက်ကိုပြောပြနေသလိုပင်။ပြင်သစ်စာရေးဆရာ လာဖောင်တိန်၏ အရေးသားသစ်ကို essais ဟုခေါ်ရာမှ အက်ဆေးဖြစ်လာခဲ့သည်ဟု ဆရာနေ၀င်းမြင့်က သစ်တောအုပ်အုပ်ကလေးဆိုသော အက်ဆေးတစ်ပုဒ်မှာရေးထားပါသည်။စာတမ်း၊အက်ဆေး၊စာမွန်အဖွဲ့၊အစမ်းစာ၊ စာတမ်းငယ်စသည်ဖြင့် တွင်ကျယ်ခဲ့သည်ဟုဆိုပါသည်။အက်ဆေးအကြောင်းရာကလည်းပေါ့ပေါ့ပါးပါးသို့ပေမဲ့ လေးနက်တဲ့ဘ၀အမြင်တွေပါနေတတ်သည်။အကြိုက်ဆုံးရသစာတမ်းမှာ ဆရာဇော်ဂျီရဲ့ ပုဂံမြို့ဟောင်းနှင့်ကျွန်တော်၊ဆရာမြသန်းတင့်ရဲ့ တမာနုချိန်စစ်တမ်းဆိုတဲ့ ရသစာတမ်းများဖြစ်ပါသည်။ပုဂံမြို့ဟောင်းနှင့်ကျွန်တော်မှာ ဆရာကြီးက သူပုဂံကို ဘယ်ရာသီဘယိချိန်မှာ သွားလည်ချင်ပုံ ပုဂံဘုရားတွေရဲ့ဗိသုကာကို ရွှေတိဂုံဘုရားဗိသုကာနဲ့နိှုင်းယှဥ္ကာ အနော်ရထာ ကျန်စစ်သားတို့ရဲ့စိတ်နေသဘောထား ရှေးခေတ်ပုဂံပြည်သားတို့ရဲ့စိတ်နေသဘောထားကို ရေးဖွဲ့သွ

ဝတ္ထုရှည်

  ၀တ္ထုရှည် အရုပ်မပါသော စာအုပ်အထူကို ငယ်ကစဖတ်သောစာအုပ်မှာ ဆရာမ မ၀င်းမြင့်ရဲ့ ကူပွန်တောင်တန်းလွမ်းစေဖို့ဖန်ဖြစ်သည်။ ကလေးလေးတစ်ယောက်ကို လူ၀ံတွေက ကယ်ထားသည် တာဇံလိုလိုဇာတ်လမ်းလေး တကယ်တော့ ခုမှစဥ္းစားမိတာ ချစ်ခြငိးမေတ္တာဖွဲ့၀တ္ထုရှည်ပင်ဖြစ်သည်။စဖတ်သည်မှ၀တ္ထုဆုံးသည်အထိ ဘာဖြစ်လာမလဲ ရင်တထိတ်ထိတ်နဲ့ဖတ်ရတော့ စာအုပ်ဘယ်လောက်ထူထူ စာမျက်နှာအစမှအဆုံးထိ ဖတ်ဖြစ်တော့သည်။သည်၀တ္ထုရှည်မှစ နောက်ထပ်စွန့်စားခန်း၀တ္ထုရှည်တွေ စုံထောက်ဇာတ်လမ်းတွေ သိုင်း၀တ္ထုတွေဖတ်ဖြစ်တော့သည်။မြန်မာ့ပထမဆုံး၀တ္ထုရှည်မှာ ဂျိမ်းလှကျော်ရဲ့ မောင်ရင်မောင် မမယ်မ ၀တ္ထုဖြစ်သည်ဟုဆိုကြသည်။၀တ္ထုရှည်ခေါ် ကာလပေါ်၀တ္ထုမြန်မာစာပေမှာပေါ်ထွန်းလာပုံကို ဆရာဇော်ဂျီရေးသားသော မြန်မာကာလပေါ်၀တ္ထုဖြစ်ပေါ်လာပုံလေ့လာချက်သုတေသနဆောင်းပါးကို ရှာဖတ်စေလိုပါသည်။ ခံစားမှု့အတွေ့ကြုံကို ဒိဌဓမ္မထိုးဇာတ်ဖြင့် အသိအလိမ္မာတိုးစေသောစာပေဟု ဆရာဇော်ဂျီက ထိုသုတေသနစာတမ်းမှာဆိုခဲ့ပါသည်။၀တ္ထုဖတ်တာမကြိုက်သောခေတ်မှာ ကျွန်တော်တို့မွေးဖွားလာကြသည် အဲ့တော့ ဆရာမအလစ် မိဘအလစ်မှာ ခိုးဖတ်သည်။စွန့်စားခန်း၀တ္ထုရှည်များမှ အချစ်၀တ္ထုတွေစိတ်၀င်စားလာခဲ့သည်။ကံကောင်းသည်လား ကံဆိုးသည်လားမသိ အပေါစားအ

ရသ

Image
  အဖေဝယ်လာတတ်သော ခေါက်ဆွဲကြော်လေး "အဖေ ပြန်လာပြီလားဗျ....." "ဒီနေ့လဲ ခေါက်ဆွဲကြော်ပါလာပြန်ပြီ....." ( နေ့တိုင်းစားနေရတာ ရိုးအီနေသော လေသံဖြင့် ကျွန်တော် မသိမသာ ပြောလိုက်သည်).... အဖေက....."အေးကွ...မင်းအမေ ကော ထမင်းစားကြရအောင်လေ....." (ကျွန်တော်တို့ မိသားစု ထမင်းဝိုင်းလေးကို စားသောက်ရန်ပြင်ဆင်လိုက်သည်)..... (ရုတိတရက်ဆိုသလို ပဲ အမေ က  ခေါက်ဆွဲကြော် ကို ပန်းကန်ထဲသို့ မထည့်ချင်သော အမူအရာဖြင့် နှခေါင်းရူတ်ကာ ထည့်လိုက်သည်)..... အဖေလဲ ရိပ်မိကာ "ဘာလို့တုန်း မိန်းမရဲ့ မစားချင်ဘူးလား?"ဟု ဖြေးညင်းစွာမေးလိုက်သည်...... (အမေ မဖြေမှီပဲ ကျွန်တော် ဆတ်ခနဲ့ဝင်ပြောလိုက်သည်)...."အဖေဟာက ရိုးနေပြီိဗျ"..... (ကျွန်တော့်စကားအဆုံးမှာ အဖေ က  သက်ပြင်းတချက်ချ ကာ ဝမ်းနည်းသောအမူရာ ဖြင့် ဆိုင်းငံလျ​က် ) "သား ... အဖေနဲ့လိုက်ခဲ့ ထမင်းစားပြီးရင် သွားစရာရှိတယ်" (ကျွန်တော်တို့ မိသားစု ထမင်းဝိုင်းလေးကို ရိုးအီနေသော ခေါက်ဆွဲကြော်ဖြင့် မြန်မြန် အဆုံးသတ်လိုက်သည်)..... ထို့နောက် ....ကျွန်တော်နဲ့အဖေ ပြင်ဆင်ကာ ညကြီးမိုးချူပ် အပြင်သို့ ထွက်ခဲ့ကြသည်...  အေးမြသော လေအေးနှင့် မ