Posts

Showing posts from December, 2022

Poem

  နာကျင်မှုကိုသာ  လှုံကြ။  -ကြည်ဇော်အေး (လာမယ့်ဆောင်းရာသီ)

ကဗျာ

  မီးခိုးချက်ခြင်း ​​မြေပဲလှော်သလို လှော်နေကြသာပ။  ခုတော​့ သူများပေးစာ ထိုင်စားနေကြရသာဖဲ။  ဆောင်းတွင်းကြီး ရေခဲမုန့်တွေ လိမ့်ရောင်းနေကောင်းနေတယ်။  - ဏေလွန်

အမှီ

  သန်းခေါင်းလည်း ရောက်ခဲ့ပြီ ငါတို့ အရုဏ်တက်ချိန် မှီရမယ်။ 

အရောက်

  အလင်းကား ထွန်းခဲ့တယ် တို့အရောက်သွားရမယ်။ 

Book review

  ပျောက်ဆုံးသွားသောမျိုးဆက်များ ကျော်၀င်း နိုင်ငံရေးစာပေဆိုလိုက်တာနဲ့ ဆရာ့စာတွေကိုပြေးမြင်မိသည် များပြားလှသောနိုင်ငံရေးအတွေးအခေါ် စီးပွားရေးအတွေးမြင်စာအုပ်တွေထဲကမှ ဆရာ့ရဲ့ ဘ၀အကြောင်းလည်းဖြစ်တဲ့ ပျောက်ဆုံးသွားသောမျိုးဆက္များစာအုပ်ကိုပို၍ အာရုံကျမိသည်။ စာအုပ်သုံးတွဲမှာ ပထမတစ်တွဲက ဆရာ့လူငယ်ဘ၀ တက္ကသိုလ်ကျောင်းသားဘ၀ မန်းလေးတက္ကသိုလ်ကျောင်းသားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆန္ဒပြပွဲတွေ လူ့ငယ်ဘ၀ ရင်ခုန်သံတွေ နိုင်ငံရေး၀ိဥာဥ္စသန္ဓေတည်ခဲ့သော ကျောင်းသားဘ၀လှုပ်ရှားရုန်းကန်မှုများ အချစ်ကိုဦးစားမပေး နိုင်ငံရေးကို ဦးစားပေးခဲ့သော လွမ်းမောဖွယ် အချိန်များအကြောင်း။ဒုတိယအတွဲမှာမူ ဆရာရဲ့တောတွင်းအတွေ့ကြုံ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးတချို့ လက်နက်ကိုင်တော်လှန်ရေးရဲ့ မြင်ကွင်းများ လက်နက်ကိုင်တော်လှန်ရေးရဲ့ ကောင်းကွက်ဆိုးကွက္များ တောခိုကာ လှုပ်ရှားခဲ့သော နိုင်ငံရေး ဒီရေ မြင့်ဆုံးအချိန်ကာလအကြောင်း။နိုင်ငံရေးနဲ့ ထောင်ကျပြီးသကာလ ထောင်ကထွက်ချိန် ဘ၀အတွက်ရုန်းကန်ရမှုများ စား၀တ်နေရေးရုန်းကန်ရပုံများ ချစ်ခင်မြတ်နိုးရသော ဘ၀လက်တွဲဖော် ငြိမ်းချမ်းစိုပြည်သော မိသားစုဘ၀ ဆရာတည်ဆောက်ခဲ့ပုံ။တတိယတွဲမှာမူ ထောင်တွင်းအတ

သီချင်းကဗျာ ၆

  သီချင်းကဗျာ ကဗျာသီချင်း (၆) "မြေကြီးဖြစ်ကြရအောင်" မှိုင်းရာပြည့် ‌အရေးအခင်းမှာ နရသိန်ကို ရောက်ရှိခဲ့ရတဲ့ ကဗျာဆရာတစ်ဦး။ ကလောင်နာမည်က မောင်မောင်သာမြတ်။ လူကိုသာချုပ်လို့ရမယ်။ အသွေးအသားထဲမှာ စီးဆင်းနေတဲ့ ကဗျာဗီဇကိုဝောာ့ ဘာနဲ့မှ ထိန်းချုပ်လို့မရနိုင်ဘူးလေ။ နံရံတွေနောက်မှာ မွေးဖွားခဲ့တဲ့ ကဗျာတစ်ပုဒ်ကို ဘေ့စ်ဂစ်တာပညာရှင် ဆလိုင်းဇာလျန်းက သီချင်းတစ်ပုဒ်အသွင်နဲ့ ပရိတ်သတ်ရှေ့မှောက်ကို ရောက်ရှိ‌စေခဲ့ပါတယ်။ 1993 ခုနှစ်မှာ ထွက်ခဲ့တဲ့ အဆိုတော် စီယံ ရဲ့ ဘလူး(စ်)ရသတွေနဲ့ ခြယ်မှုန်းထားတဲ့ "အရိပ်ရဲ့မျိုးစေ့" တေးစီးရီးထဲက သီချင်းတစ်ပုဒ် အဖြစ်နဲ့ပေါ့။ စကားလုံးတွေကို ခံစားကြည့်ဖို့ မျှဝေလိုက်ပါတယ်။ "မြေကြီးဖြစ်ကြရအောင်" စာသား-မောင်မောင်သာမြတ် သံစဉ်-ဇာလျန်း ဆို-စီယံ ------------------------------------ အချစ်တွေက ခြေထောက်တွေနဲ့သွားလာ သစ္စာတွေက ရေလိုစိမ့်ဝင် ကြင်နာမှု သစ်ပင်တွေ အုပ်မိုး အလွမ်းဆိုတဲ့ ခိုဖြူလေးတွေခိုပြာလေးတွေက (တိုးတိုးလေး)၃ ညည်းကြတဲ့ .. (မြေကြီးဖြစ်ကြရအောင်)၄ မင်းနဲ့ငါအတူကြေမွပြီး (မြေကြီးဖြစ်ကြရအောင်)၄ ဘယ်သူမှမမြင်ခင် ဖြူဖြူစင်စင်နဲ့ကွယ် ပန်းပင်လေးတွေ ပွင့်လန်းဖ

သီချင်းကဗျာ ၅

  သီချင်းကဗျာ ကဗျာသီချင်း (၅) "ပြုံးပြလိုက်ပါ အချစ်ရေ" မြန်မာပြည်ရဲ့ အာဏာရှင်ကို ဆန့်ကျင်တဲ့ ကြိုးပမ်းမှုတွေဟာ ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့တယ်။ အဲဒီကြိုးပမ်းမှုတွေထဲမှာ မှိုင်းရာပြည့် အရေးအခင်းဟာလည်း အထင်ကရတစ်ခု။ ၁၉၇၆ မတ်လ ၂၃ ရက်နေ့မှာ ကျရောက်တဲ့ သခင်‌ကိုယ်တော်မှိုင်း နှစ်တစ်ရာပြည့်‌မွေ့နေ့ ကို အကြောင်းပြုပြီး ဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတစ်ရပ်။ ဆလှိုင်းတင်မောင်ဦးအပါအဝင် ကျောင်းသားခေါင်းဆောင် အများအပြား မတရားဖမ်းဆီးခံခဲ့ကြရတယ်။  မှိုင်းရာပြည့် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကဗျာဆရာ ဘုန်းနွယ်လင်း(စက်မှုတက္ကသိုလ်) ဟာ နရသိန်နေ့ရက်များကို ဖေါ်ကျူးတဲ့ ကဗျာတစ်ပုဒ်ကို ၁၉၇၆ ခုနှစ်မှာပဲ ရေးဖွဲ့ခဲ့ပါတယ်။ ကဗျာခေါင်းစဉ်က "မတ်လရဲ့ပန်းပွင့်များ"တဲ့။ ကဗျာကို အရင်ဖေါ်ပြလိုက်ပါတယ်။ မတ်လရဲ့ပန်းပွင့်များ ---------------------- ဘုန်းနွယ်လင်း (စက်မှုတက္ကသိုလ်) တိုင်းပြည်ရဲ့ ဝမ်းဗိုက်ကို  မီးလောင်တိုက်သွင်းတဲ့အခါ  ကျွန်တော်ချစ်တဲ့လွယ်အိတ်ကလေးဟာ အိမ်နံရံထက်မှာ ကျန်ခဲ့ပေါ့။ အလျား လေးလှမ်းခွဲ အနံ လေးလှမ်း  လုံးတီးဆန် ပဲဟင်းစားရင်း ... အားလုံးအပေါ် သစ္စာရှိခဲ့တယ်။  အကျဉ်းသားအမှတ် ၄၅၅၅

လမ်း

  ဟိုင်းဝေးလမ်းမကြီးကို ဖြတ်လျှောက်ရတာ ပင်ပန်းတာပေါ့ ဒီလမ်းမကြီးကို ဖြတ်မှသာ ပန်းတိုင်ရောက်မှာမို့ ပင်ပန်းပါစေ ဖြတ်လျှောက်ရမှာဘဲ                          လင်းစက်☀️

ခွန်အားဖြည့်

  ကျွန်တော့်ရဲ့ အခက်အခဲတချို့က လူတချို့ရဲ့ စိတ်ရင်းအမှန်ကို ဖော်ထုပ်ပြသပေးနိုင်စွမ်း ရှိတယ်။ ကျွန်တော် ဘာလုပ်သင့်လဲ ဆိုတာကို လမ်းညွန်ပြသပေးတဲ့ တကယ့်ဆရာက တခြားသူတွေ မဟုတ်ဘဲ ကျွန်တော့်ရဲ့ ခက်ခဲကြမ်းတမ်းမှုတွေ ဖြစ်နေခဲ့တယ်။                                  လင်းစက်☀️

လေးငါးခုရွေး ပုံမှန်လေး

Image
 

Poem

Image