Posts

Showing posts from February, 2022

Poem 7

  ပွဲတော်တွေဟာလည်း  ပျော်စရာမကောင်းတော့ပါဘူး တို့ခေါင်းပေါ်မှာကောင်းကင်ကြီးဟာ လွတ်လွတ်လပ်လပ်မှမဟုတ်တာ။ မောင်ချောနွယ်

Poem

  ယခုနှစ်မှာ အထူးသဖြင့် ငါတို့ နမ်းခွင့်မရသော ပန်းများ ပွင့်ပါစေ ။  အောင်ချိမ့်

Poem

  ဖြစ်နိုင်ရင် လင်းနို့တကောင်ဖြစ်ချင်တယ်။ ဖြစ်နိုင်ရင် ဘာမှ မဖြစ်ချင်တော့ဘူး။ ကြည်ဇော်အေး

Poem

  ပန်းကလေးရေ စောင့်ဆိုင်းမှုတွေ ကြန့်ကြာလွန်း ဆန္ဒတွေ အိပ်မက်ထဲပွင့်ကြ ကြယ်စုံညရဲ့ ဘူးစင်လေးတစင်အောက်မှာ အချစ်နဲ့ ကမ္ဘာ အိုအောင်မင်းအောင်မွှေးလို့။ မောင်သိန်းဇော်

Poem

  စိတ်ကူးနဲ့အနားကွပ်ထားတဲ့တိမ်ရုပ်ထဲ နေဝင်သွားရင် ပြန်မရမှန်း သိလည်း စီးယူ တူမောရိုး ပဲ ။ ။ ဝင်းမြင့်

Poem

  သစ်ရွက်တွေကို ပဲအားကျတယ် သူတို့ ရှင်သန်နေတုန်း အသံမထွက်ဘူး သူတို့သေတော့ မြေသြဇာဖြစ်တယ် အိမ်ရောက်တော့ ငါတစ်ယောက်တည်း ခေါင်းအုံးပေါ်က မိုးတိမ်တွေကို အတင်းမောင်းထုတ်ရတယ် ။ ဒီအသည်းက ပျော့ပေမဲ့ ဒီ ခေါင်းက မာပါတယ်။ ဝေးခေါင်

Poem

  လောကကြီးမှာ လူတွေ နည်းနည်းလေးနဲ့ ပန်းတွေအများကြီးရှိရင် သိပ်ကောင်းမှာပဲ ။ ကြည်အေး