Posts

Showing posts from November, 2022

မရပ်တန့်လိုက်ပါနဲ့

Image
 

တော်လှန်ပါ

  ရှိသမျှ ခွန်အားတွေနဲ့ တော်လှန်ပါမယ် အသက်ငွေ့ငွေ့လေး ကျန်ပါစေဦး စိတ်အားနဲ့ တော်လှန်ပါမယ်                         လင်းစက်☀️

Book review

Image
  ရေကန်သာကြာတိုင်းအေး နေ၀င်းမြင့် ရွှေနန်းတော်ကြီးရဲ့ကျဆုံးခန်း တစ်သွေးတစ်သံတစ်မိန့် ပဒေဿရာဇ် စနစ်နောက်ဆုံးဇာတ်သိမ်းခန်း ရွှေမန္တလေးကို သိမ်းတဲ့နေ့မှာ စားမြိန်ဆိုင်က ကုလားလေး ကူးမားရ် စုဖုရားလတ်ရဲ့ ဒုတိယသမီးတော်ကို ထိန်းရတဲ့ အပျိုတော်လေး ဒေါ်လီ သူတို့နှစ်ယောက်တွေ့ဆုံခန်း။ဒေါ်လီက အကျဥ္းစံမိသားစုနဲ့အတူ ရတနာဂီရီသို့ ကူးမားရ်က မြန်မာပြည်ရဲ့ အင်္ဂလိပ်တို့မျက်စိကျရာ ကျွန်းသစ်တော၀ိုင်းများသို့။ ရတနာဂီရိရှိ အကျဥ္းစံ မြန်မာနန်းကျဘုရင်ရဲ့ဘ၀ စုဖုရားလတ်နဲ့ သူ့သမီးတော်များ ။ရတနာဂိရီရှိ အကျဥ္းစံမိသားစုကို စောင့်ရှောက် မဲ့ အင်္ဂလိပ်လူမျိုးကောလိပ်တော်အရာရှိနှင့်  ဥမ္မာဒေ၀ီ  ကူးမားရ်ရဲ့ဆရာ တရုတ်လူမျိုးဆရာဂျွန် သူတို့မှ ဆက်စပ်မွေးဖွားလာကြသော မျိုးဆက်သုံးဆက်၏ လွမ်းမောဖွယ်ဇာတ်လမ်း စစ်၏ အနိဌာရုံ ချစ်ခြင်းမေတ္တာ၏ နက်နဲသိမ်မွေ့မှု နိုင်ငံတိုင်းပြည်တို့၏ စစ်ရေးအခြေနေကြားက လှုပ်ခတ်နေသောဘ၀များ။ ကာလ၀ပ္ပတိအောက္မှာကြွေမွပျက်စီးခဲ့ရသောဘ၀များ    ။ ရတနာပုံမန္တလေး ကျဆုံးခန်းမှ လွတ်လပ်ရေးပြန်ရသည် ခေတ်ကာလအထိ မျိုးဆက်သုံးဆက်၏ ဘ၀တွေအကြောင်း။

Book Review

Image
  အလှတရားများထွန်းကားဖြန့်ကျက်ဖို့ အနှောင့်ယှက်ရှိသမျှခွင်းပစ်ဖို့သီချင်းတစ်ပုဒ်ကမြားတစ်စင်းဖြစ်ပါစေ။ ထူးအိမ်သင်ရဲ့ သီချင်းများနဲ့လူ သီချင်းထဲကစာသားဖြစ်ပါတယ် ။ သီချင်းတစ်ပုဒ်ဟာဘဝရဲ့ဦးဆောင်လမ်းပြရာ မီးအိမ်တစ်ခုလည်းဖြစ်နိုင်ပါတယ်။ပျော်နေတဲ့အခါ စိတ်တွေမွန်းကျပ်တဲ့အခါသီချင်းတွေ ဆိုကြတယ် ဆိုတဲ့သီချင်းတွေက စိတ်ခံစားမှုအလိုက်ကွဲပြားသွားကြတယ် ဘာပဲပြောပြောနေ့စဥ်ဘဝမှာ သီချင်းတွေမဆိုမိတဲ့နေ့ဆိုတာသိပ်ကိုရှားပါးပါတယ်။သီချင်းဆိုတာ တန်းမြင့်အနုပညာပစ္စည်းတစ်ခုပါ သေချာနားလည်ခံစားဖို့အတွက်တော့အချိန်ပေးရတယ် အလေ့ကျင့်လည်းလိုပြန်တယ် သေချာခံစားနားမလည်ခဲ့ပဲ သီဆိုညည်းမိတဲ့ သီချင်းတွေကို ဆရာကသေချာခံစားပြီးဖွင့်ဆိုရှင်းပြပြီး ခံစားလို့ပြထားတယ်။ဆရာမြို့မငြိမ်းရဲ့ လူချွန်လူကောင်းဆိုတာ စုံညီပွဲတော်တွေမှာ ကြားနေကျ လိုဆိုညည်းမိနေကျ ဆရာခံစားပြမှပိုပြီးအရသာရှိလာတယ် ပိုပြီးတေးရေးဆရာတွေ အဆိုကျော်တွေကိုပိုချစ်လာရတယ်။ မောင့်လပြည့်ဝန်းသီချင်းဆိုတာ တစ်စုံတစ်ယောက်ကိုသတိရလာတိုင်းညည်းမိတဲ့သီချင်းပေါ့ သီချင်းရဲ့အလှစကားလုံးတွေရဲ့အလှကို ဆရာရှင်းပြတော့ ဆိုညည်းရတာပိုအရသာရှိလာတယ်။ အချစ်အလွမ်းသီချင်းတစ်ပုဒ် တကယ်တမ်းဂုဏ်မြောက်လာပြီဆိ

ကိုယ့်တန်ဖိုးနဲ့ ကိုယ်

  “ကိုယ့်တန်ဖိုးနဲ့ ကိုယ်” ~~ သူတစ်ပါးက ဘုရားအမှတ်နဲ့ ယုံကြည်ကိုးကွယ်တဲ့အရာကို “ယုံကြည်ရကောင်းလား”လို့ အပြစ်မမြင်တတ်ဘူး ဒါ သူ့ယုံကြည်မှုနဲ့သူ။ သူတစ်ပါးက ချစ်သူအမှတ်နဲ့ ချစ်နေတဲ့သူကို “ချစ်ရကောင်းလား”လို့ အပြစ်မမြင်တတ်ဘူး ဒါ သူ့အချစ်နဲ့သူ။ သူတစ်ပါးက အမြတ်နိုးဆုံးအဖြစ်နဲ့ တန်ဖိုးထားနေတဲ့သူကို “တန်ဖိုးထားရကောင်းလား”လို့ အပြစ်မမြင်တတ်ဘူး ဒါ သူ့တန်ဖိုးထားခြင်းနဲ့သူ။ လောကမှာ အကြောင်းအကျိုးဖြစ်တည်မှုတိုင်းက သူ့အထာနဲ့သူ ဖြစ်တည်နေကြတာမို့ အရှိကို အရှိအတိုင်းလေးပဲ လက်ခံပေးနိုင်ခြင်းကလည်း အင်မတန်ကောင်းတဲ့ စိတ်ထားခြင်းလို့ပဲ ယူဆထားပါတယ်။ ကိုယ့်အတွက် မဟုတ်တဲ့ဘယ်အရာကိုမှ မမက်မောမိစေဖို့ မတမ်းတမိစေဖို့ ကိုယ့်စိတ်ကို သွန်သင် ဆုံးမခြင်းဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းပါဘဲ၊ ကိုယ့်တန်ဖိုးနဲ့ ကိုယ်ပေါ့။                                 လင်းစက်☀️

သီချင်းကဗျာ ၄

  သီချင်းကဗျာ ကဗျာသီချင်း (၄) "တိတ်တခိုး" ဒီတစ်ခါမှာတော့ မောင်စိန်ဝင်း(ပုတီကုန်း) ရဲ့ ကဗျာကို သီချင်းအဖြစ် ဖန်တီးထားပြီး ခင်မောင်တိုးသီဆိုခဲ့တဲ့ "တိတ်တခိုး" ဆိုတဲ့ သီချင်းကို ရွေးထားပါတယ်။ မြန်မာ့ဂီတလောကမှာ ခင်မောင်တိုး ဆိုရင်မသိသူမရှိသလို မြန်မာ့က‌ဗျာလောကမှာလည်း မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာတွေကို ချန်ထားခဲ့လို့မရပါဘူး။ အထူးသဖြင့် ၂၀ ရာစုနှောင်းပိုင်း ကာလတွေမှာ ကြီးပြင်းလာခဲ့ကြတဲ့မျိုးဆက်တွေအတွက်‌တော့ ရင်ခုန်စွဲမက်ခဲ့ရတဲ့ အနုပညာလက်ရာတွေပဲ ဖြစ်ပါတယ်။ အဆောင်ရှေ့က သီချင်းသံတွေမှာ ခင်မောင်တိုးရဲ့ သီချင်းတွေပါဝင်ခဲ့သလို ပန်းနုရောင်စာအိတ်တွေထဲမှာလည်း မောင်စိန်ဝင်းရဲ့ သိင်္ဂါရကဗျာစာသားတွေဟာ နေရာယူခဲ့ကြပါတယ်။ ရင်ခုန်တတ်စ လူငယ်ဘဝရဲ့ သိင်္ဂါရရင်ခုန်သံတွေကို မောင်စိန်ဝင်းရဲ့ ကဗျာစာသားတွေက လှပစေခဲ့ပါတယ်။ "ခင်သွားရင် ရနံ့ပေး၊ ခင်မွှေးရင် ပျော်ရွှင်လို့၊ ခင် မမြင် ခင် မကြည့်ပေမယ့်၊ ခင်သိရင် စိတ်ကျေနပ်ပါရဲ့" ဆိုတဲ့ ကာရန်မျိုးက မောင်စိန်ဝင်းပဲ တတ်နိုင်တယ်ဆိုရင် လွန်မယ်မထင်။ မြန်မာဆန်သလို ကာရန်နဘေလည်းနိုင်းနင်းလှတဲ့ မောင်စိန်ဝင်းရဲ့ "သောကခြေရာရတနာ" ကဗျာစာအုပ

ရင်ဖွင့်ချက်

  (စစ်ကိုင်းတိုင်း“LPDF”ရဲဘော်တစ်ဦးရဲ့ ဖွင့်ဟချက်) လမ်းတွေက ထင်သလောက် မဖြောင့်ဘူး  အကွေ့ အကောက်တွေ အရမ်းများတယ်၊ ရံဖန်ရံခါ အသက်ရင်းရတာတွေ ရှိတယ်၊ တိုက်ပွဲလို့ မထင်ရတဲ့အခိုက်အတန့်မှာဘဲ လက်တွေ့တိုက်ပွဲက ပေါ်လာတယ်၊ လက်တွေ့ကြုံမှ တိုက်ပွဲဖြစ်မှန်း သိရပြီးတော့ အသက်ရင်းရတော့မှ အသက်လုရကောင်းမှန်းလည်း သိခဲ့ရတာတွေက အကြိမ်ကြိမ်ပါဘဲ။ ကြောက်ရဲ့လား?ဆိုတော့ “ဟုတ်ကဲ့ ကြောက်ပါတယ်” အချိန်မတန်သေးခင် ဘဝတစ်ခု မဆုံးပါးချင်သေးလို့ပါ၊ အနာဂတ်တွေ ဖန်တီးချင်သေးတာလည်း ပါတာပေါ့။ သတ္တိ မရှိဘူးလား?ဆိုတော့ “မဟုတ်ပါဘူး” “သတ္တိရှိပါတယ်” ပြည်သူ့အတွက် အသက်ပေးထားရတာဖြစ်လို့ သာမာန်စိတ်က ကြောက်ပေမယ့်လည်း  အမှန်တရားအတွက် ရဲရဲရင့်ရင့်  ရင်ဆိုင်မယ်ဆိုတဲ့စိတ်က မကြောက်ဖို့အတွက် အမြဲတမ်းဘောင်ခတ်နေခဲ့တယ်လေ။ အမှန်တရားကို ဦးညွှတ်အလေးပြုနေခဲ့တဲ့စိတ်ရင်းက သေမှာကြောက်ပေမယ့် အမှန်တရား မရနိုင်မှာကို  သေရမှာထက် ပိုကြောက်နေမိတယ်ဆိုပါတော့ဗျာ။ တကယ်အပြင်မှာ လူတွေရဲ့ အလွယ်ကူဆုံး အပြောစကားက  “အေးဆေးပါ လုပ်နိုင်ပါတယ်”ဆိုပြီး အခက်အခဲဆုံး လက်တွေ့ကြုံတဲ့အခါမှာတော့ “ကံတရားပေါ့” ဆိုတဲ့ စကားကိုသာ မနည်းအားယူပြောခဲ့ရတဲ့ အဖြစ်ပါ။ ဆေးကုသတဲ့ ဆရာဝန်က လူနာရ

တစ်သားတည်း ရပ်တည်

  မျှော်လင့်ခြင်း နဲ့ ရပ်တည်ရာ အားလုံးဟာ တစ်သားတည်း

ခင်မောင်တိုး

Image
  (ခင်မောင်တိုး ကွယ်လွန်ခြင်း ၁၀နှစ်ပြည့်အမှတ်တရ) ကိုခင်မောင်တိုး၏သစ္စာတစ်ပုဒ် --------------------------------- သားထွေး ၁၉၇၄-၇၅ ခန့်ကထင်သည်။ ကျွန်တော့်အစ်ကို ကိုချစ်ကို၏ သူငယ်ချင်းများကိုတွေ့လိုက်ရသည်။ ဆံပင်ရှည်ရှည်။တစ်ယောက်က နှုတ်ခမ်းမွေးနှင့်ဆံရှည်နောက်မှသိလိုက်ရတာ ကိုရဲလွင် နှင့် ကိုခင်မောင်တိုး။ ဤကမ္ဘာမြေပေါ်ဝယ် လူမှန်ရင် အချစ်နှင့် ဘယ်မှာလာကင်းမလဲကွယ် ကျေးဇူးတင်တယ်ကမ္ဘာကြီးရယ် ဒီသီချင်းတွေနှင့်ဂစ်တာတီးသင်ခဲ့ရတယ်။ သားထွေး အဲဒါ ကိုတိုးပေါ့ လို့ ချစ်ကိုကမိတ်ဆက်ပေးလိုက်တယ်။ဒီလိုနဲ့ ၇- ၈ တန်းမှာဂစ်တာတီးသီချင်းဆိုရင်း ကိုတိုးသီချင်းတွေပဲ ဆိုဖြစ်နေတယ်။ ကိုတိုးကကျွန်တော်ကိုလွှမ်းမိုးခဲ့တယ်။ ကိုတိုးရဲ့ လက်မနဲ့လက်ညှိုးသုံးပြီး တီးခတ်တဲ့ပုံကို ကျွန်တော်တို့လိုက်တီးခဲ့ကြတယ်။ အဉ္ဇလီအတွက်ဂီတဉ္ဇလီထွက်တော့ ကျွန်တော်လည်းဂစ်တာတော်တော်တီးတတ်နေပြီ။ ကိုတိုးနဲ့စကားတွေဘာတွေ ဝင်ပြောခွင့်ရလာတယ်။ သီချင်းတစ်ပုဒ်နားထောင်ရင် ကော့ဒ်တွေကို တစ်ခါ တည်းသိနိုင်တဲ့ နားရဲ့လေ့ကျင့်မှုတွေ လေ့လာသင်ယူရမည့်သီချင်းခွေတွေ ကျွန်တော်သိလာရတယ်။ အဲဒါ ကိုတိုးကျေးဇူးကြောင့်ပေါ့။ဒီနေရာမှာ ကျွန်တော့်အကြောင်းပြောပြရဦးမယ်။ ပညာရေးဘက်က

ကဗျာ

  ' ဒေစီမခံပျင်းမှုများ ' ဆာလောင်ခြင်း၊ မတမ်းတမှု ဝါးမြိုခံရမယ့် ဦးခေါင်းမဲ့  ကွန်ပျူတာ သက်ရှိများ။  - ကိုဈာန်

ကျော်လွှားခြင်း

  သေရမှာ ကြောက်နေတဲ့သူက သေရမှာကို ကြောက်နေတဲ့စိတ်နဲ့ အကြိမ်ကြိမ်အခါခါ သေနေတယ် အကြိမ်ကြိမ်အခါခါ ကြောက်နေရတယ် သေရမှာကို မကြောက်တဲ့သူက ဘယ်လို သေဘေးနဲ့ဘဲ ကြုံပါစေ သူက တကြိမ်တည်းပဲ သေရတယ် စောက်ဂရုမစိုက်ပဲ ကျော်လွှားနိုင်တယ်                                 လင်းစက်☀️

အကြည်တော်

  "အကြည်တော်" ~~~ ~~~~ အကြည်တော် သည် မြန်မာလူမျိုး ဟာသစာရေးဆရာ ဖြစ်သည်။ နာမည်ရင်းမှာ စောကြည်ဖြူဖြစ်သည်။ အဖ ဦးထွန်းနိုင် ဒေါ်ယုနွယ်တို့မှ မွေးချင်း (၇) ယောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။ ၁၉၈၈ ခုနှစ်မှစ၍ ကိုကိုကြီး ကလောင်အမည်ဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အကြည်တော် အမည်ဖြင့် လုံချင်းဝတ္ထုများ စတင်ရေးသားခဲ့သည်။ ရေးသားသောစာအုပ်များ 1=ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ် တော်ဝင်မြို့မ စာအုပ်တိုက်  2=ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း ၂၀၀၅ တော်ဝင်မြို့မ စာအုပ်တိုက်  3=ကျွန်တော့်ဘဝလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်  4=ကျွန်တော်ထောင်းခဲ့သော ပေါင်များ ၂၀၀၆ တော်ဝင်မြို့မ စာအုပ်တိုက်  5=ကျွန်တော်နှင့် မြို့ပြယဉ်ကျေးမှု  6=ကျွန်မက အင်္ဂလိပ်မမဟုတ်တာ မောင်  7=ကလေးလက်ရေး ၂၀၀၉ စိုးမိုးစာပေ  8=ကလေးအို  9=ကဝေပျို၏ နိဒါန်း ၂၀၀၃ တော်ဝင်မြို့မ စာအုပ်တိုက်  10=ကိုယ်ပိုင်ရောဂါ  11=ခင်မှုန် မင်္ဂလာဆောင်  12=ချစ်ခြင်းကထာ  13=ချစ်လို့စတာ နာတယ် ၂၀၀၉ စိုးမိုးစာပေ  14=ချည်ပြီး တုပ်ပြီး  15=ခြူဆီ #ခြူဆီအမည်ဖြင့်ရုပ်ရှင်ရိုက် 16=ခလောက်နီ  17=ငုံး  18=စွယ်စုံလက်ဆောင် ၂၀၀၇ တော်ဝင်မြို

တန်ဆောင်မုန်းလပြည့်နေ့

  တန်ဆောင်မုန်းလပြည့်နေ့( သာမညဖလ အခါတော်နေ့) တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။  ထီးနန်းရယူ ပိုင်ဆိုင်လိုမှုတည်း ဟူသော အလို လောဘကြောင့် ဆရာမိုက်၏ တိုက်တွန်းမှုဖြင့် မိမိ၏ မွေးဖခင်ရင်းကို သတ်မိမှားသူ အဇာတသတ်မင်းသည် မိမိအမှားကို သိမြင်ပြီး နောင်တကြီးစွာရကာ စားမဝင် အိပ်မပျော် ဖြစ်နေသည်။ ထိုသို့ ဖြစ်နေစဉ် တန်ဆောင်မုန်း လပြည့်ည၏ အေးချမ်း သာယာကြည်လင်မှုကို မြင်တွေ့ရသော အခါ ယခုလို နေ့မျိုး၌ အဘယ်သို့သော ရဟန်း သာမဏေ၊ အဘယ်သို့သော ဗြဟ္မဏတို့ထံ ဆည်းကပ်ရလျှင် ကောင်းမည်နည်းဟု တွေးတောမိကာ မင်းချင်းတို့အား ဖွင့်ဟ တိုင်ပင်မိပါသည်။ မင်းချင်းတို့ကလည်း မင်း လိုလိုက် မင်းကြိုက် ဆောင်တတ်သော အခွင့်အရေးသမားများ ပီပီ မိမိတို့ ကိုးကွယ် ဆည်းကပ်သည့် မိစ္စာဒိဋ္ဌိ ဆရာကြီး ခြောက်ဦးတို့အား အသီးသီး ညွှန်ပြကြရာ အဇာတသတ်မင်းက နားမဝင်ချေ။ ထိုအချိန်တွင် ဗုဒ္ဓဘာသာဝင် ဖြစ်သော ဆေးဆရာ ဇီဝကကမူ မည်သို့မျှ မလျှောက်တင်ဘဲ နှုတ်ဆိတ်၍ နေသည်ကို အဇာတသတ်မင်းကြီး မြင်တွေ့ရသော အခ

တော်လှန်မယ်

  ရှိသမျှ ခွန်အားတွေနဲ့ တော်လှန်ပါမယ် အသက်ငွေ့ငွေ့လေး ကျန်ပါစေဦး စိတ်အားနဲ့ တော်လှန်ပါမယ်                         လင်းစက်☀️

အရှုပ်ထဲမှာ ရှင်းအောင်နေ

  အရှုပ်ထဲမှာ ရှင်းအောင်နေ (Stampede Management) ဒီအချိန်ဟာ ပျော်ပွဲရွှင်ပွဲတွေ၊ လူစုလူဝေးတွေအကြောင်း ပြောရမယ့်အချိန်မဟုတ်ပေမယ့်လည်း ပြီးခဲ့တဲ့ရက်ကမှ ကိုရီးယားမှာဖြစ်သွားတဲ့ ဝမ်းနည်းစရာကိစ္စကြောင့်ရယ်၊ ကျွန်တော်တို့နိုင်ငံထဲမှာလည်း သီတင်းကျွတ်အလွန် တန်ဆောင်တိုင်ကာလဟာ လူစုလူဝေးအများဆုံးကာလထဲမှာပါတာကြောင့်ရယ် လူစုလူဝေးဖြစ်တဲ့ အချိန်တွေမှာ အန္တရာယ်ကင်းအောင် ဘယ်လိုစီစဉ်ကြမလဲဆိုတာလေးကို နည်းနည်းလောက် မျှဝေပေးချင်ပါတယ်။ အာဏာသိမ်းစကာလတုန်းက ဆန္ဒပြပွဲတွေမှာလည်း လူတွေ သောင်းနဲ့သိန်းနဲ့ချီစုဝေးခဲ့တာ ဘာမှမဖြစ်ပါဘူးကွာ၊ တိုက်ဆိုင်လို့ပါလို့ မထင်ပါနဲ့။ တကယ်တော့ လူစုလူဝေးဖြစ်ရာနေရာတိုင်းမှာ Stampede လို့ခေါ်တဲ့ လူအုပ်နဲ့ပိတာ၊ ညပ်တာဟာ အရမ်းအဖြစ်များတဲ့ကိစ္စပါ။ နာမည်ကြီး စတိတ်ရှိုးပွဲတွေ၊ ဘာသာရေးပွဲတွေ၊ ရာသီချိန်ပွဲတွေတိုင်းမှာ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုစခန်းတွေ ထားပေးရတာက သက်သေပါပဲ။ ဆန္ဒပြပွဲတွေမှာ ဖြစ်တာကိုသိပ်မကြားမိတာက ပါဝင်တဲ့လူတွေဟာ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ စုဝေးကြတာမို့ရယ်၊ တကယ်အရှိန်ကောင်းလာရင် ဖြိုခွဲခံရလို့ရယ်နဲ့ လူအုပ်ပိတာညပ်တာအထိ မရောက်လိုက်လို့ပါ။ ဆန္ဒပြပွဲတွေ အင်အားသုံးဖြိုခွဲခံရတဲ