Posts

Showing posts from June, 2022

Phototherapy

Image
  အင်္ဂလန်နိုင်ငံက Rochford ဆေးရုံမှာလုပ်တဲ့ သူနာပြုဆရာမ Jean Ward ဟာ   မွေးကင်းစကလေးငယ်လေးကို နေစာလှုံခိုင်းခြင်ဟာ ကျန်းမာစေတယ်လို့ ယူဆသူဖြစ်ပါတယ်။ ဆရာဝန်တွေက သိပ်သဘောမကျတဲ့အတွက် ဆရာဝန်တွေမလာခင်မှာ ကလေးတွေကို နေရောင်ပြလေ့ရှိပါတယ်။ တစ်ရက်မှာတော့ ကလေးငယ်ကို အဝတ်စလေးတစ်ပိုင်းပဲအုပ်ပြီး ကိုယ်တုံးလုံးနဲ့နေရောင်မှာထားပြကာ ဆရာဝန်တွေကို လက်တွေ့ပြခဲ့ပါတယ်။   ကလေးငယ်ဟာ နေရောင်တိုက်ရိုက်ထိတဲ့ နေရာတွေမှာ အရောင်ဖျော့နေပြီး အဝတ်အုပ်ထားတဲ့နေရာမှာတော့ ဝါနေတာတွေ့ခဲ့ရပါတယ်။ အဲဒီ‌နောက် ရောဂါဗေဒပညာရှင် Dr Perryman ဟာ သွေးဖန်ပြွန်တစ်ခုကို နေရောင်ထဲမှာ ထားပြီးစမ်သပ်ကြည့်တဲ့အခါ အသားဝါစေတဲ့ဓာတ် (bilirubin)ဟာ သွေးထဲမှာလျော့နည်းသွားတာကိုတွေ့ရပါတယ်။ အဲဒီဖြစ်ရပ်တွေကို စဉ်းစားဆက်စပ်ကြည့်ပြီး ဆရာဝန်တစ်စု (Dr Cremer, Dr Richards, Dr Dobbs) ဟာ လျှပ်စစ်မီးချောင်းကိုသုံးပြီး ကလေးတွေကိုအလင်းရောင်ပေးကြည့်တဲ့ သုတေသနကို ပြုလုပ်ခဲ့ပြီး ၁၉၅၈ မှာစာတမ်းရေးသားတင်ပြခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆယ်နှစ်ခန့်အကြာမှာ အထင်ကရပြုလုပ်တဲ့ သုတေသနစမ်းသပ်မှုရဲ့ ရလဒ်တွေထွက်ပေါ်လာပြီးနောက်မှသာ အလင်းကုထုံးကို ဆေးပညာလောကမှာ ကျယ်ကျယ်ပြန့်ပြန့် သုံး

Acronym-6(JPEG)

Image
  အတိုကောက်စာလုံးတွေကနေ ဝေါဟာရတစ်ခုအဖြစ်ပြောင်းလဲလာတဲ့ စကားလုံးတွေကို  Acronym လို့ခေါ်ပါတယ်။ Acronym တစ်ခုဖြစ်တဲ့ Jpeg အကြောင်း မျှဝေလိုက်ပါတယ်။ ဂျေပက် လို့‌ ခေါ်ကြတဲ့ Jpeg ဆိုတာယနေ့ခေတ်မှာတော့ လူတိုင်းနဲ့ရင်နှီးပြီးသားစကားလုံးတစ်ခုပါပဲ။ လူမှုကွန်ယက်မှာ မျှဝေနေကြတဲ့ ပုံအများစုဟာ Jpeg အမျိုးအစားပုံတွေဖြစ်ပါတယ်။ တကယ်တမ်းကတော့ Jpeg ဆိုတာ ကွန်ပျူတာရုပ်ပုံတွေကို file size သေးသွားအောင်ပြောင်းလဲပေးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းကို ဖန်တီးခဲ့တာကတော့ Joint Photographic Experts Group ဖြစ်ပါတယ်။ သူတို့ရဲ့နည်းပညာကို 1992 မှာထုတ်ဖေါ်ဖြန့်ဝေခဲ့ပါတယ်။ အဲဒီအဖွဲ့ရဲ့အတိုကောက်နာမည်ကို ရုပ်ပုံတွေရဲ့ file extension အဖြစ်သုံးစွဲထားတာပါ။  Jpeg နည်းပညာဟာ ရုပ်ပုံတွေရဲ့ file size ကို 10 ဆလောက်ချုံ့ချပေးပြီး ပုံအရည်အသွေးကိုတော့ သိပ်မကျဆင်းအောင်ထိန်းသိမ်းပေးပါတယ်။ Jpeg စနစ်နဲ့အသင့်တော်ဆုံးရုပ်ပုံအမျိုးအစားကတော့ ဓါတ်ပုံတွေလို့ဆိုပါတယ်။ Jpeg နည်းပညာဟာ ဓါတ်ပုံတစ်ပုံထဲက လူသားရဲ့ပကတိမျက်စိနဲ့မြင်သိဖို့ရာခက်ခဲတဲ့အပိုင်းတွေကိုဖယ်ထုတ်လိုက်ပြီး အရောင်တွေကိုမူလပုံနဲ့မကွာခြားအောင် ပြန်လည်ချိန်ညှိပေးတာပါ။  Jpeg နည်းပညာနဲ

မဟာသမယအခါတော်နေ့

Image
နယုန်လအခါ ညှိုးခြောက်နွမ်းလျော်ကြကုန်သော ကောက်ပင်များအတွက် လိုအပ်သော ရောဟိနီ မြစ်ရေကို အကြောင်းပြု၍ မြစ်၏ ဝဲယာဘက်တွင် နေထိုင်ကြသော ကပိလဝတ်ပြည်သားများနှင့် ကောလိယ ပြည်သားများ အချင်းဖြစ်ပွားခဲ့ရာ ထိုနှစ်ပြည်ထောင် မင်းတို့သည် စစ်မက် အင်္ဂါတို့ကို စီရင်လျက် ထွက်ခဲ့ကြသည့် အခြေသို့ ဆိုက်ရောက်ခဲ့လေသည်။ ထိုအခါ နံနက်မိုးသောက်ထ၌ မဟာကရုဏာသမာပတ်မှ ထ၍ လောကကို ကြည့်တော်မူသော မြတ်စွာဘုရားသည် မင်းများ စစ်ဖြစ်အံ့သည်ကို မြင်တော်မူ၍ တန်ခိုးတော် ဖြင့် ကြွကာ၊ နှစ်ဘက်သောစစ်၏ အလယ်ကောင်းကင်၍ ခြောက်ပါးသော ရောင်ခြည်တို့ကို လွှတ်လျက် ထက်ဝယ်ဖွဲ့ခွေ နေတော်မူလေသည်။ မြတ်စွာဘုရားကို ဖူးမြင်ရလေလျှင် ကပိလဝတ် မင်းမျိုးတို့သည် အခြားသူတို့ကား ငါတို့အား သတ်လိုမှု သတ်စေဟု မိမိတို့လက်နက်များကို စွန့်ပစ်ကာ မြတ်စွာဘုရားအား မြတ်နိုးစွာ ဖူးမြော်ကြကုန်၏။ ကောလိယ မင်းတို့လည်း ထိုအတူပင် လက်နက်များကို စွန့်ပစ်၍ မြတ်စွာဘုရားကို ဖူးမြော်ကြ၏။ မြတ်စွာဘုရားလည်း ထိုမင်းတို့အား ရန်ကိုငြိမ်းစေအောင် ကောင်းမြတ်လှသော ဖန္ဒနဇာတ်၊ ပထဝီဥန္ဒြိယဇာတ်၊ လုကိကဇာတ်များကို ဟော၍ တစ်ဖန် ညီညွတ်ခြင်း၏ အကျိုးကိုပြသော ရုက္ခဓမ္မဇာတ်၊ ဝဓကဇာတ်တို့ကို ဟောကြားတော်မူ၏

Sreentime များခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ

Image
IT ခေတ်ထဲမှာ ဘာအလုပ် လုပ်လုပ် ဖုန်း၊ Laptop ‌တွေဟာ မရှိမဖြစ်အသုံးပြုနေရသလို၊ အခုလိုကာလမှာ အိမ်ထဲမှာနေရင်း Phone အသုံးပြုချိန်တွေများလာတာကို အားလုံးသတိထားမိကြမှာပါ။ Screentime များလာတာနဲ့အတူ နောက်ကနေ လိုက်လာမယ့် ကျန်းမာရေးဆိုးကျိုးလေးတွေ ရှိနေပါသေးတယ်။ ကိုယ်က Screentime များတတ်တဲ့သူ‌ဆိုရင်တော့ ဗဟုသုတအနေနဲ့ အဆုံးထိဖတ်ဖို့လိုမယ်နော်။ 🚨ခန္ဓာကိုယ်ညောင်းညာခြင်းနှင့် မျက်လုံးညောင်းခြင်း🚨 အလင်းရောင်ထွက်နေတဲ့ Phone, Laptop Screen ကို နာရီများစွာကြာအောင် ကြည့်မိတဲ့အခါ မျက်လုံးခြောက်သွေ့လာပြီး မျက်လုံးကြိမ်းခြင်း၊ ညောင်းခြင်း၊ အမြင်အာရုံဝေဝါးခြင်းတို့ဖြစ်စေနိုင်ပြီး မျက်လုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။  Smart Phone တွေကို အသုံးပြုတဲ့အခါ ခေါင်းငုံ့သုံးလေ့ရှိတာကြောင့် ကိုယ်နေဟန်ထားမမှန်တော့ဘဲ ညောင်းညာကိုက်ခဲခြင်းတွေကို ခံစားရနိုင်ပါတယ်။ 🚨အိပ်ရေးပျက်ခြင်း🚨 Smart Phone ကနေထွက်တဲ့ ရောင်ခြည်တချို့ဟာ ဦးနှောက်ကို Alert ဖြစ်နေစေတာကြောင့် အိပ်ချိန်ရောက်သော်လည်း အိပ်မ‌ပျော်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် မအိပ်ခင် နာရီဝက် တစ်နာရီလောက်အလိုကတည်းက ဖုန်း/ laptop သုံးခြင်းကို ရပ်နားထားသင့်ပါတ

Ramsay Hunt Syndrome

Image
  အခုတလော Online ပေါ်မှာ ‌တွေ့တွေ့နေရတယ် Justin Bieber ရဲ့ မျက်နှာတစ်ခြမ်း အကြောသေသွားတာကြောင့် Show ပွဲတွေ ရွှေ့ဆိုင်းလိုက်ရ‌တာကို အားလုံးသိပြီးသားဖြစ်နေရောပေါ့။  ဒီလို မျက်နှာတစ်ခြမ်းအကြောသေရတာဟာ Ramsay Hunt Syndrome လို့ခေါ်တဲ့ ရောဂါတစ်မျိုးဖြစ်လို့ပါတဲ့။ ကဲ ဒီ Ramsay Hunt ဆိုတဲ့ ရောဂါဟာ ကူးစက်တတ်သလား? ဘာကြောင့်ဖြစ်ရတာလဲ? ကုသလို့ကောရသလား? ဒီစာကိုဖတ်နေတဲ့ Clicker တို့ကော ဒီရောဂါဖြစ်လာနိုင်လား??  ကဲ ဒီ Ramsay Hunt ဆိုတဲ့ ရောဂါလေးအ‌ကြောင်းကို Click နှိပ်ရင်း ဗဟုသုတအနေနဲ့ လေ့လာကြည့်ရအောင်။ ဒီရောဂါရဲ့ ထင်ရှားတဲ့ လက္ခဏာတွေက  နားတစ်ဝိုက်၊ ပါးစပ်တစ်ဝိုက်မှာ အရည်ကြည်ဖုလေးတွေရှိတတ်ပြီး အနီကွက်လေးတွေရှိနေတတ်ပါတယ်။ ဒီအနီကွက်လေးတွေက အနည်းငယ် နာကျင်တတ်ပါတယ်နော်။ ဒါ့အပြင် နားတစ်ဝိုက်နာကျင်ခြင်း နားလေးသွားခြင်း ချာချာလည်မူးခြင်း မျက်နှာတစ်ခြမ်းအကြောသေသွားခြင်း မျက်လုံးပိတ်၍မရခြင်း မျက်လုံးနီရဲခြောက်သွေ့ခြင်း တခါတ‌ရံ ခံတွင်းပျက်ခြင်း စတာတွေ ခံစားရနိုင်ပါတယ်။ ❓❓ဒီ Ramsay Hunt ရောဂါဟာ ကူးစက်နိုင်ပါသလား?❓❓ စိတ်မပူပါနဲ့ ဒီရောဂါဟာ မကူးစက်နိုင်ပါဘူး။  ဒါပေမယ့် ဒီရောဂါကVaricella Viruses ကြောင့်ဖြစ်တဲ့ရောဂါ

5 funny ways to say "Good night"

Image
  5 funny ways to say "Goodnight" အမြဲတမ်း "Goodnight" လို့ သုံးနှုန်းရတာ ပျင်းနေပြီလား။ တခြားရော ဘယ်လိုမျိုးသုံးနှုန်းလို့ရသေးလဲဆိုတာ ပြောပြပေးပါမယ်။ Let's go!!!!! 1. May the snores be with you. 2. Nighty night  3. I have an appointment with pillow and bed. 4. Hit the hay 5. Good night, sleep tight and don't let the bedbugs bite.

Yahoo!

Image
  Acronym-5 (Yahoo!) အတိုကောက်စာလုံးတွေကနေ ဝေါဟာရတစ်ခုအဖြစ်ပြောင်းလဲလာတဲ့ စကားလုံးတွေကို  Acronym လိုခေါ်ပါတယ်။ Acronym တစ်ခုဖြစ်တဲ့ Yahoo! အကြောင်း မျှဝေလိုက်ပါတယ်။ အင်တာနက်ခေတ်ဦးကို မှီလိုက်သူတွေအတွက်ကတော့ Yahoo!ဆိုတာကို ငယ်သူငယ်ချင်းတစ်ယောက်လို ရင်းနှီးနေကြမှာပါ။ Yahoo! search engine, Yahoo! mail တို့ကို အင်တာနက်ခေတ်ဦးမှာ နှစ်ခြိုက်စွာသုံးခဲ့ကြရပါတယ်။ Yahoo! web service ကုမ္ပဏီကို Jerry Yang နဲ့ David Filo တို့က ၁၉၉၄ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ယနေ့ခေတ်မှာ ယှဉ်ပြိုင်မှုများစွာရှိနေပေမယ့် Yahoo!ရဲ့ ဟာအောင်မြင်တဲ့ကုမ္ပဏီအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ Web service မှာ Google ဟာလူသုံးအများဆုံးဆိုပေမယ့် အသက် ၅၀ ကျော် လူကြီးပိုင်းတွေကတော့ ငယ်စဉ်ကတည်းကရင်းနှီးခဲ့တဲ့ Yahoo! ကို နှစ်ခြိုက်စွာ သုံးနေကြဆဲ ဖြစ်ပါတယ်။ Yahoo ဆိုတဲ့ဝေါဟာရဟာ အရင်ကတည်းက ရှိနှင့်ထားတဲ့ ဝေါဟာရတစ်ခု ဖြစ်ပါတယ်။ ပျော်ရွှင်မှုကို ဖော်ပြတဲ့ ရေရွတ်မှုတစ်ခုဖြစ်သလို Gulliver's travels အပိုင်း(၄) မှာ ထည့်သွင်းရေးသားထားတဲ့ လူနဲ့ဆင်တူတဲ့ သတ္တဝါတွေအဖြစ်လဲ သိကြပါတယ်။ Jerry Yang နဲ့ David Filo တို့ဟာ ဒီဝေါဟာရက

  ‌တနည်းပြောရရင် သွေးစုနာ ခေတ်ဝက်ခြံဖုတွေရဲ့  နောက်ဆက် ဆိုးကျိုးအနေနဲ့ ဘဝမျက်နှာပြင်မှာ ချိုင့်ဝင်သွားတဲ့  ဆင်ဝက်ခြံကွက်တွေ ဒါတွေကြောင့်ပဲ  ငါတို့ဟာ လူပျိုဖော်ဝင်တာ စောခဲ့တယ်။ -ကိုဈာန်

  ပင့်ကူမျှင်တွေနဲ့ ကျောက်ခဲတွေ ခံစားမှုတွေ အတိုင်းတက်လာခဲ့ ရေအိုးကစိမ့်ကျတဲ့ ရေစက်ဟာ ငါပေါ့ ဘယ်မှမမျှော်နဲ့  ရှိုက်နေတဲ့ နဂါးငွေ့တန်းကုန်သွားရင် ဗျိုင်းဟာ ကျီးကန်းသိုက်ထဲ ဝင်အိပ်သွားလိမ့်မယ်။ -ကိုဈာန်

Heinkel He 178

Image
 Heinkel He 178 (The First Jet Airplane) လူသားတွေဟာ လေပေါ်မှာ ပျံသန်းနိုင်ဖို့ ၉ ရာစုလောက်ကတည်းက ကြံဆခဲ့ကြတယ်လို့ မှတ်တမ်းတွေကဆိုပါတယ်။ ဒါပေမယ့် စက်မှုပညာမထွန်းကားသေးခင်ကာလတွေမှာ လေဟုန်စီးတဲ့ ဂလိုက်ဒါအဆင့်လောက်သာ တတ်နိုင်ခဲ့ကြပါတယ်။ မောင်းနှင်သူကထိန်းချုပ်ပျံသန်းလို့ရတဲ့ အင်ဂျင်တပ်လေယာဉ်ပျံကို Wright ညီနောင်တို့က 1903 ခုနှစ်မှာ ပထမဆုံးပျံသန်းပြခဲ့တဲ့အချိန်ကစလို့ လေကြောင်းနည်းပညာဟာ တစ်ခေတ်ဆန်းတိုးတက်လာခဲ့ပါတယ်။ အဲဒီနောက် လေယာဉ်အင်ဂျင်တွေကို တစစအဆင့်မြှင့်တင်လာခဲ့ကြတာမှာ 1920 ကျော်ကာလတွေမှာ   Jet အင်ဂျင်ရဲ့ ကနဦးပုံစံတွေပေါ်ထွက်လာခဲ့ပါတယ်။ 1939 ခုနှစ်မှာတော့ ဂျာမန်စက်မှုလုပ်ငန်းရှင် Ernst Heinkel ဟာ ဂျာမန်လူငယ်အင်ဂျင်နီယာ Hans von Ohain တီထွင်ထားတဲ့ Jet အင်ဂျင်ကိုသုံးပြီး Jet အင်ဂျင်သက်သက်နဲ့ ပျံသန်းတဲ့ ပထမဆုံးလေယာဉ်ပျံကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီလေယာဉ် model ကို He 178 လို့ခေါ်ပြီး ပိုင်းလော့ဖြစ်သူ Erich Warsitz က 1939 Aug 27 ရက်မှာ ပျံသန်းပြခဲ့ပါတယ်။ He 178 ဟာအင်ဂျင်တစ်လုံးတပ်လေယာဉ်ဖြစ်ပြီး ပိုင်းလော့တစ်ယောက်တည်းသာစီးနင်းလိုက်ပါနိုင်ပါတယ်။ အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီ 3