How to make Gimbap

 "Gimbap လေး လုပ်စားကြမယ်"


Gimbap (Kimbap) လို့ အခေါ်များတဲ့ ကိုရီးယားရေညှိထမင်းလိပ်လေးကိုတော့ K-drama fanတော်တော်များများ အကြိုက်တွေ့ကြမယ်လို့ ထင်ပါတယ်။ 

ကိုရီးယားဇာတ်လမ်းတိုင်းရဲ့ မပါမဖြစ် အစားအစာလေးတစ်ခုပါပဲ။

Gimbapလေးဟာ ဆိုရင်တော့ဖြင့် စားချင့်စဖွယ်အပြင်အဆင်တွေ၊ ထိ မိ ဂွိ လှတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အရသာရှိလှရုံသာမကဘဲ မုန့်လုပ်တဲ့နေရာမှာလည်း အင်မတန်မှ အဆင်ပြေရိုးရှင်းတာကြောင့် အိမ်မှာ အလွယ်တကူပဲ လုပ်စားလို့ရတဲ့ မုန့်တစ်မျိုးဖြစ်လို့နေပါသေးတယ်ရှင်။

ကဲ ဒါဆိုရင်တော့ Gimbapလေး ဘယ်လိုလုပ်စားကြမလဲ လေ့လာလိုက်ကြရအောင်နော်…


လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ 

-ရေညှိပြား

-ထမင်းလိပ်လိပ်ရန် အောက်ခံဝါးအပြား

-ဆန်အစီး

-ချိစ့်

-ကြိုက်နှစ်သက်ရာ အသားပြားများ

-ကြက်ဥကြော်

-မုန်လာဥနီ(ခါကြက်ဥ)

-သခွားသီး

ကင်မ်ချီ တို့ပဲဖြစ်ပါတယ်။


ပထမဆုံး ဆန်အစီးလေးနဲ့ ထမင်းတစ်လုံးအရင်ချက်ထားမယ်။

ကြက်ဥကိုတော့ အနှစ်ရောအကာပါခေါက်မွှေထားပြီး သကြားနည်းနည်းထည့် အပြား‌လိုက်လေးရအောင်ကြော်မယ်။

အောက်ခံဝါးအပြားလေးပေါ်မှာ ရေညှိပြားလေးတင်ပြီး အဆင်သင့်လုပ်ထားမယ်။

ထမင်းရပြီဆိုရင်တော့ ထမင်းကို နှမ်းဆီလေးရယ် ဆားလေးရယ်နဲ့ ရောနယ်ပြီး ရေညှိပြားလေးပေါ်မှာ အတန်းလိုက်လေးဖြစ်အောင်တင်ရမယ်နော်။

ပြီးရင်တော့ အဲ့ဒီထမင်းပေါ်မှာ ချိစ့်အပြားလေးတွေတင်မယ်။

နောက် အသား၊ ကြက်ဥကြော်တို့ကို ဘေးကနေ အတန်းလိုက်လေးပဲ ဆက်ထည့်ထားမယ်။

ခါကြက်ဥနဲ့ သခွားသီးကိုတော့ ပါးပါးရှည်ရှည်လေးတွေလှီးပြီး တင်မယ်။

ဒီလိုလေးပေါ့နော်။

ကဲ ဒါတွေအားလုံးနေရာချထားပြီးပြီဆိုရင်တော့ ဝါးအပြားလေးတစ်ဖက်စွန်းကနေယူပြီး လက်တစ်ဆုပ်စာလေး ကျစ်ကျစ်လေးဆုပ်မယ်။

လုံးဝကျစ်ကျစ်လေးဖြစ်နေအောင် ဆုပ်ပြီးပြီဆိုရင်တော့ အလိုက်သင့်လေးပဲ ရေညှိပြားလေးကို roll လုပ်ချလိုက်ပါမယ်။

လှိမ့်တဲ့နေရာမှာတော့ လျော့ရဲရဲကြီးမဟုတ်ဘဲ ကျစ်ကျစ်လစ်လစ်လေးနေအောင် လှိမ့်ဖို့တော့ လိုလိမ့်မယ်နော်။

ဒါမှ အထဲက အစာသွပ်ထားတာလေးတွေ ထွက်မကျဘဲနေမှာပေါ့ရှင်။

အဆုံးထိလှိမ့်ပြီးပြီဆိုရင်တော့ ဝါးအပြားလေးကို အလိုက်သင့်လေးပဲ ပြန်ခွာလိုက်ပါမယ်။

ပြီးရင်တော့ ဓားလေးနဲ့ တစ်ကိုက်စာ မထူမပါးအဝိုင်းလေးတွေ ပြန်လှီးရဦးမယ်နော်။

ဒါဆိုရင်တော့ ထိ မိ ဂွိ လှတဲ့ ရေညှိထမင်းလိပ်‌ေလးကို ရရှိသွားပြီပဲဖြစ်ပါတယ် 🥳

ရလာတဲ့ ထမင်းလိပ်ဝိုင်းလေးတွေကို ကင်မ်ချီလေးနဲ့တွဲပြီး စားလိုက်ရုံပါပဲရှင်။

Gimbapလုပ်နည်းလေးက လွယ်တယ်ဟုတ်?




Comments

Post a Comment