Minimalist

 Minimalist ဖြစ်ဖို့ ကြိုးစားနေသူတွေအတွက် အလေ့အကျင့် (၅) ခု 





🧹 စားပြီးသား၊ သုံးပြီးသား ပန်းကန်၊ ဒယ်အိုးတွေကို အသုံးပြုပြီး ပြီးချင်း ဆေးကြောပါ။ လူတိုင်း စားရတာကို ကြိုက်ပေမယ့်၊ ဆေးရတာကိုတော့ မကြိုက်ပါဘူး။ ဒါပေမယ့် ဘေစင်ထဲ ‌က ပန်းကန်အပုံလိုက်ကြီး ဆိုပိုဆိုးပါတယ်။ စားပြီးပြီးချင်း ရှင်းရင် အစာလဲ ကြေတယ်၊ မီးဖိုချောင်လဲ သန့်ရှင်းသပ်ရပ်လာမယ်၊ နောက်ဆို ထမင်း၊ ဟင်းချက်ရင် ပန်းကန်တွေ မလိုအပ်ဘဲ အများကြီး မထုတ်မိတော့ဘူးပေါ့ 😆


🧹 Mail တွေကို နေ့စဉ်ပုံမှန် မျိုးတူရာစုပါ၊ နောက်သုံးစရာမလိုရင် တစ်ခါတည်း ဖျက်လိုက်ပါ။ Mail က ကျွန်မတော့ တော်တော်ပြဿနာတက်တယ်၊ Declutter Day မှရှင်းတော့ ခနလေးနဲ့ ပုံသွားတယ်။ ဒီတော့ နေ့တိုင်း Mail ဝင်လာတိုင်း မျိုးတူရာ စုပါ။ တချို့ဟာဆို ဖတ်ပြီးတာနဲ့ တန်းဖျက်ပါ။ Messages လဲ အတူတူပါပဲ။ လကုန်မှ ရှင်းမယ့်အစား နေ့တိုင်း ရှင်းပေးကြည့်ပါ။ ၁-၂ မိနစ်ဆို ရပါပြီ။ ကိုယ်က စာရွက် စာတမ်း နဲ့ လုပ်ရတယ်ဆိုရင်လဲ လိုအပ်တဲ့ စာတွေကို Scan ဖတ်တာ၊ ဓာတ်ပုံရိုက်တာမျိုးလုပ်ပြီး Folder တစ်ခုထဲ စုထားလိုက်ပါ။ နောက် Reference ယူစရာရှိရင် အကြာကြီး လှန်လှော စရာမလိုတော့ဘူးပေါ့။ 


🧹 ပစ္စည်း တင်ထားတဲ့ တန်းတွေ၊ ခုံတွေ၊ စင်တွေကို ညစဉ် ရှင်းပေးပါ။ ကိုယ်ကတော့ ‌သပ်ရပ်အောင် တန်းတွေ၊ စင်တွေပေါ် စီရီထားပေမယ့် ရုတ်တရက် ကြည့်တဲ့အခါ ရှုပ်ပွ နေတတ်ပါတယ်။ စင်တွေအပေါ်မှာ ပစ္စည်းတွေ စီထားမယ့် အစား ဗီရိုလေးတွေ‌ထဲ ထည့်ထားတာက ကိုယ့်အိမ်ကို ပိုပြီး သပ်ရပ်စေပါတယ်။ မီးဖိုချောင်မှာပဲ ဖြစ်ဖြစ်၊ ရေချိုးခန်းမှာပဲ ဖြစ်ဖြစ်၊ စာကြည့်ခန်းမှာပဲ ဖြစ်ဖြစ်၊ အိပ်ခန်းမှာပဲ ဖြစ်ဖြစ် ဗီရိုလေးတွေ၊ Organizer လေးတွေထဲထည့်လို့ရပါတယ်


🧹  အိမ်ထဲက ပစ္စည်းကိုပဲ စနစ်တကျ ထားရမှာမဟုတ်ဘူး၊ အိမ်ထဲကို ဝင်မယ့် ပစ္စည်းကိုလဲ ‌စစ်ဆေးရပါတယ်။ ကိုယ့်ရဲ့ အဖိုးတန်နေရာလေးကို ကိုယ်ချစ်မြတ်နိုးပြီး တကယ်အသုံးချမယ့် ပစ္စည်းကိုပဲ ဝင်စေတာက Minimalist တွေရဲ့ အလေ့အထပါ။ ကိုယ်က စာအုပ်မကြိုက်ရင် ဘာလို့ စာအုပ်တွေ ဝယ်စုနေမှာလဲ။ ဒီလို ကိုယ်မကြိုက်တဲ့ ပစ္စည်း၊ ကိုယ့်မှာ ရှိတဲ့ ပစ္စည်းကို ပေးလာရင်ပဲ ဖြစ်ဖြစ်၊ လက်ဆောင်ရရင်ပဲ ဖြစ်ဖြစ် လက်မခံပါနဲ့။ Minimalist တွေက အရာဝတ္ထု၊ ပစ္စည်း လက်ဆောင်တွေထက် အတွေ့အကြုံ၊ အမှတ်တရ တွေကို ပိုနှစ်သက်ကြပါတယ်။ ဒါကြောင့် ကိုယ့်ကို ချစ်တဲ့သူတွေကိုလဲ ကိုယ်ဘာတွေ ကြိုက်တယ်ဆိုတာကို ရှင်းပြပေးပါ။ ကိုယ်တစ်ခုခု မှာတော့မယ်ဆိုရင်လဲ ဒါ တကယ်လိုလား၊ သုံးမှာလား ဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ။ ဝယ်ဖို့ မမှာခင် စဉ်းစားဖို့ အချိန်ယူပါ။ 


🧹 ပုံမှန်ရှင်းပါ၊ တစ်ရက်မှာ ကတ္ထူပုံးလေး တစ်ပုံးပဲ ရှင်းရှင်း၊ စားပွဲ၊ စာအုပ်စင်၊ အဝတ်ဗီရို လေးတစ်ခုပဲ ဖြစ်ဖြစ် စရှင်းကြည့်ပါ။ နေ့စဉ် ပုံမှန် တစ်ခုချင်းစီ စရှင်းနေခြင်းကလဲ ကိုယ့်ကို Minimalist တစ်ယောက်အဖြစ် ခံစားရစေပါတယ်။


 ဘဝ တစ်ခုဆိုတာ အလေ့အကျင့်၊ စိတ်ဓာတ်ကနေပဲ ဖြေးဖြေးချင်း စပြောင်းရတာမလို့ တစ်ရက်ချင်းစီ သွားပါ။ တစ်ရက်မှာ 15 - 20 mins လောက်ပဲ အချိန်ယူရုံနဲ့ Healthy lifestyle ကို မွေးမြူလို့ရပါတယ် 🧹🧹


#minimalism 

#lifestyle 

#shblog



Comments

  1. ပစ္စည်း‌တွေအကုန်ပေးပစ်လွန်းလို့ ရှင်းနေတာဘဲ

    ReplyDelete
  2. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ReplyDelete
  3. Thanks for knowledge sharing.

    ReplyDelete

Post a Comment