Optical illusion
Optical illusion
ပုံမှာပြထားတဲ့ မျဉ်းနှစ်ကြောင်းက အရှည်အားဖြင့် အတူတူပဲဖြစ်ပါတယ်။ ဘေးက ပုံသဏ္ဌာန်တွေ မတူတဲ့အတွက် အရှည်မတူသလို ထင်ရတာပါ။
ဒီမျဉ်းတွေကို ကြည့်မယ်ဆိုရင်လည်း စောင်းနေသလို ထင်ရပါတယ်။ ဒါပေမယ့် တကယ်တမ်းက မျဉ်းပြိုင်တွေပါ။
ပုံတွေက ပြောင်းသွားတာမဟုတ်ဘဲ ဦးနှောက်ရဲ့ လုပ်ဆောင်မှုကြောင့် အမြင်တွေ ပြောင်းသွားတာဖြစ်ပါတယ်။
အရာဝတ္ထုတစ်ခုကို ကြည့်လိုက်တဲ့အခါ အရာဝတ္ထုကနေ အလင်းပြန်လာတဲ့ အလင်းတန်းက ကျွန်တော်တို့မျက်လုံးဆီကို အရင်ရောက်ပါတယ်။ အဲဒီအလင်းက electrical signal တွေအဖြစ် ပြောင်းသွားပြီး ဦးနှောက်ဆီ ရောက်ပါတယ်။ ဦးနှောက်က ပုံရိပ်အဖြစ်ပြောင်းလိုက်တဲ့အခါမှာ ကျွန်တော်တို့ မြင်ရတာဖြစ်ပါတယ်။ မျက်လုံးဆီကို အချက်အလက်တွေ အများကြီးဝင်လာတဲ့အခါမျိုးကျတော့ ဦးနှောက်က ဖြတ်လမ်းတွေသုံးပြီး ပြန်ရှင်းပါတယ်။ ပြီးတော့ အရေးကြီးတဲ့အပိုင်းကိုပဲ အာရုံစိုက်လိုက်ပါတယ်။ ရှေးဦးလူသားတွေက ဒီနည်းနဲ့ သားရဲတိရစ္ဆာန်တွေကို ရင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ Optical illusion တွေ ဖြစ်လာရတာကလည်း ဒီဖြတ်လမ်းတွေကြောင့်ပါပဲ။
ဒါကတော့ hering illusion လို့ ခေါ်ပါတယ်။ ပုံမှာမြင်နေရတာက မျဉ်းဖြောင့်တွေဖြစ်ပါတယ်။ အနောက်မှာ ပါတဲ့ pattern ကြောင့် မျဉ်းဖြောင့်နှစ်ကြောင်းက ကွေးသွားသလို ထင်ရတာပါ ။ ဒီပုံကို မြင်တဲ့အခါမှာ ဦးနှောက်က အလယ်မှာရှိတဲ့ ဆုံမှတ်ကိုပဲ အာရုံစိုက်လိုက်ပါတယ်။ အဲဒီအမှတ်က ကိုယ့်ဆီ ရွေ့လာနေသလိုထင်ရတော့ မျဉ်းတွေကလည်း ရွေ့လာနေတယ်လို့ ဦးနှောက်က ယူဆလိုက်ပါတယ်။ ဒါကြောင့် အလယ်ကျလေ ပိုကြီးလာတယ်လို့ ထင်ရလေဖြစ်ပြီး မျဉ်းဖြောင့်တွေ ကွေးသွားတာပါ။
ဒီ Hermann Grid ကို တွေ့ဖူးကြမယ်ထင်ပါတယ်။ စတုရန်းကွက်တိုင်းရဲ့အစွန်းမှာ တကယ်မရှိတဲ့ အဖြူရောင်စက်ဝိုင်းလေးတွေကို မြင်နေရတာပါ။ အကြောင်းကတော့ lateral inhibition လို့ ခေါ်တဲ့ ဦးနှောက်ရဲ့ ဖြစ်စဉ်တစ်ခုကြောင့်ပါ။ ဒီဖြစ်စဉ်က ထောင့်တွေကို သိအောင်လုပ်ပေးတာဖြစ်ပါတယ်။ ချွန်တဲ့အရာတွေကို အလွယ်တကူမြင်ရစေပါတယ်။
ဒီလို illusion တွေ ဖြစ်ရတာက ကျွန်တော်တို့ဦးနှောက်က အပျင်းကြီးနေလို့ မဟုတ်ရပါဘူး။ ကျွန်တော်တို့ မျက်လုံးထဲ ဝင်လာသမျှအရာတွေကို မြင်နိုင်အောင် ဦးနှောက်က အစီအစဉ်တကျ အလုပ်လုပ်ပေးနေတာပါ။
နောက်ထပ်နောက်ထပ် ဗဟုသုတရစရာတွေကို ဖတ်ရှုဖို့အတွက် Click for Revolution page လေးမှာ ဝင်ကလစ်ရင်း စောင့်မျှော်ပေးကြပါဦး။
Done 💪
ReplyDeleteOk
ReplyDeleteDine
ReplyDelete“ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”
ReplyDelete*** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***
Done
ReplyDeleteDone
ReplyDelete