Park Chanyeol's Birthday

 



Today is Chanyeol's day!!!

Why is Park Chanyeol so popular? 

Who is he? 

ဒီနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ဟာဆိုရင်တော့ King of K-pop လို့ တင်စားခေါ်ဝေါ်ကြတဲ့ EXO အဖွဲ့ဝင် Park Chanyeol ရဲ့ မွေးနေ့ဖြစ်ပါတယ်။

1992 November 27 ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Park Chanyeol ဟာ ဒီနေ့မှာဆိုရင်တော့ ကိုရီးယားအသက် 30 နှစ်ပြည့်သွားခဲ့ပါပြီ။မြန်မာလိုဆိုရင်တော့ 29 နှစ်ပါ။

Korean-Chinese လူမျိုးဖြစ်တဲ့ Chanyeol ကတော့ သူ့ရဲ့ နားရွက်ကားကားလေးတွေရယ် မျက်လုံးပြူးပြူးလေးတွေရယ်ကြောင့် fan girl တွေကြားမှာ ရေပန်းစားပါတယ်။

သူ့ရဲ့ visual တင်မကသေးပါဘူး၊ 6'1" ရှိတဲ့ အရပ်ကြောင့်လည်း boyfriend material ဆိုပြီး တင်စားခေါ်ဝေါ်ခြင်းကို ခံရပါသေးတယ်။

Man with both visual and talents ကို ပြပါဆိုရင်တော့ Park Chanyeol ကို လက်ညှိုးထိုးပြရမှာပဲ။

မတီးတတ်တဲ့ Instrument ဆိုတာ မရှိသလောက်ကို ရှားတဲ့ Chanyeol ဟာ အနုပညာအရာမှာ naturally gifted person လို့တောင်ပြောလို့ရတယ်။

Bass guitar, Piano, drum အစရှိတာတွေကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်တဲ့အပြင် 

Main rapper ဆိုပေမယ့် သီချင်းအေးအေးလေးတွေဆိုရင်လည်း သူ့အသံနဲ့လိုက်ဖက်နေတာပါပဲ။ သူ့ရဲ့အသံသြရှရှကလည်း မိန်းကလေးမပြောနဲ့ ယောကျ်ားလေးတွေတောင် သဘောကျလောက်တဲ့ အသံမျိုးပါပဲ။

ကဲ Chanyeol လေးရဲ့ အနုပညာအလုပ်တွေကို တစ်ချက်ကြည့်ကြရအောင်လား။

2012 ခုနှစ်မှာ EXO-K Member အနေနဲ့ ပွဲဦးထွက်ခဲ့ပြီးတော့ Growl သီချင်းနဲ့ လူသိများလာပါတယ်။ 

Don't mess up my tempo, Lotto, Love me right, Monster, Ko Ko Bop အစရှိတဲ့ နာမည်ကြီးသီချင်းတွေမှာ EXO member အနေနဲ့ ပါဝင်သီဆိုထားပါတယ်။

အခုနောက်ဆုံးထွက်ရှိထားတဲ့ group album ကတော့ Don't fight the feeling ဆိုတဲ့ album လေးပါ။ 

Title track တွေမဟုတ်ပေမယ့် Lucky, Don't go, The first snow, Promise, Miracles in December အစရှိတဲ့သီချင်းတွေကလည်း worth listening မို့ highly recommend ပါ။

ဒါ့အပြင် Exo ရဲ့ တခြား Member တစ်ယောက်ဖြစ်တဲ့ Sehun နဲ့အတူ EXO-SC Unit အဖြစ်နဲ့ albumတွေလည်း ထွက်ရှိထားပါသေးတယ်။

အိုင့်ဖေးဘရိတ်ကတော့ We Young ပေါ့နော်။

တခြား artists တွေနဲ့ collab လုပ်တဲ့ သီချင်းတွေထဲမှာတော့ Yours မသိတဲ့သူ ရှိမယ်မထင်ပါဘူး။ 

Don't make money, Marshmello အပါအဝင် Far East movement, Tinashe တို့နဲ့အတူတူ သီဆိုထားတဲ့ Freal Luv သီချင်းတွေကလည်း chanyeolရဲ့ milestones တွေပါပဲ။

Chanyeol လို့ပြောလိုက်ရင် Stay With Me သီချင်းကို ပြေးမြင်ကြမယ်ထင်တယ်။

Goblin drama ကိုကြည့်တိုင်း နားရွက်ကားကားလေးနဲ့ Chanyeol ရဲ့အသံကို ကြားယောင်တာပဲ အိုင်ကတော့။

နောက်ပြီး သူကလည်း တကယ့်မှင်စာရုပ်လေးမလား ><

Go away go away, Tomorrow  အစရှိတဲ့သီချင်းတွေအပြင် The Box Movie ထဲက Ost လေးတွေကလည်း Chanyeol အသံလေးနဲ့ ဆိုတော့ လိုက်ဖက်နေတော့တာပဲ။

Music ဘက်တင်မကဘဲ acting ဘက်မှာလည်း Chanyeol ကို လျှော့တွက်လို့မရပါဘူး။

Main lead အနေနဲ့

So I married an anti-fan( Chinese movie)

The Box movie, Exon next door series အပြင် အခြား drama တွေမှာလည်း cameo အဖြစ် ခဏခဏပေါ်လာပါတယ်။

အခုလက်ရှိမှာတော့ chanyeol ဟာ စစ်မှုထမ်းနေဆဲ ဖြစ်ပြီးတော့ Musical actor အဖြစ် ပါဝင်သရုပ်ဆောင်နေပါတယ်။

ဘက်စုံတော်ပေမယ့် သူ့ကိုယ်သူ လိုအပ်နေသေးတယ်လို့အမြဲတွေးပြီး fan တွေကို အားနာတတ်တဲ့၊ baby giant ဆိုပြီးခေါ်ကြပေမယ့် တကယ့်ကို ကလေးလေးလိုစိတ်နုပြီး မျက်ရည်ဝဲတတ်တဲ့၊ ချစ်ရတဲ့ ကောင်လေးကို မွေးနေ့မှာ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာရှိနေပါစေလို့ ဆုတောင်းရင်း...🥺💖

Comments

Post a Comment