Raymond (33rd birthday)

 



Happy 33rd birthday, Raymond of Idiot band 




ကိုရေမွန်လို့ပြောလိုက်ရင် အမြဲတမ်းပြုံးနေပြီး သီချင်းတွေ ‌အော်ဟစ်ဆိုတတ်တဲ့ Rocker တစ်ယောက်ကို စိတ်ထဲပြေးမြင်မိကြပါလိမ့်မယ်။ ကိုရေမွန်သာ အသက်ရှင်နေခဲ့သေးရင် ဒီနေ့ဟာ သူ့ရဲ့ (၃၃) နှစ်မြောက် မွေးနေ့ပါ။ ကွယ်လွန်သွားတဲ့ ကိုရေမွန်ကို လွမ်းဆွတ်အမှတ်ရတဲ့အနေနဲ့ သူ့အကြောင်းလေးကို ပြောပြပေးပါမယ်။ 


၁၉၉၈ နိုဝင်ဘာ (၂၆) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ကိုရေမွန်ရဲ့ အမည်အရင်းက ဝေမွန်ဦး ဖြစ်ပါတယ်။သူ့ကို ကိုတွတ်ပီလို့လည်း‌ ခေါ်ကြပါတယ်။ သူ့ရဲ့မိဘတွေက တေးရေးတေးဆို စောခူဆဲနဲ့ အဆိုတော် ခင်မြတ်မွန်တို့ပါ။ ကိုရေမွန် တစ်နှစ်သားကတည်းက သူ့အဖေဟာ သူတို့သားအမိကိုထားသွားတာကြောင့် Broken family မှာကြီးပြင်းခဲ့ရပါတယ်။ ငယ်ငယ်ကတည်းက အမေနဲ့ပွဲတွေလိုက်ဆိုခဲ့ပြီး (၈) တန်းမှာ သူကိုယ်တိုင် သီချင်းတွေကိုစရေးနေခဲ့ပါပြီ။ ဂီတကိုလုပ်ခွင့်မပေးရင် အိမ်ပေါ်ကဆင်းမယ်လို့ သူ့အမေကိုပြောပြခဲ့ဖူးပါတယ်။ (2005) မှာ Idiots music band ကို အခြားသူတွေနဲ့အတူ စတင်တည်ထောင်ခဲ့ပီး သူတို့တီးဝိုင်းရဲ့ "လူအဂီတ" "ခေတ်သစ်ကျောက်"

Music album တွေ‌ဟာ လူငယ်ပရိတ်သတ်တွေကြားမှာ ရေပန်းစားခဲ့ပြီး ရောင်းအားအကောင်းဆုံး album တွေဖြစ်ခဲ့ပါတယ်။ သူဟာ ရှိုးပွဲတွေမှာ ပရိတ်သတ်တွေကို သီချင်းတွေနဲ့ အားရပါးရ ဖျော်ဖြေပေးတတ်တဲ့အတွက်ကြောင့် သူ့ကိုပရိတ်တွေက အရမ်းချစ်ခင်ကြပါတယ်။ ကိုရေမွန်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ လှုပ်ရှားမှုတွေမှာ လူအားဖြင့်ရော အနုပညာအားဖြင့်ပါ ပါဝင်ကူညီခဲ့တဲ့ လူငယ်တစ်ယောက်ပါ။ သူ့ကို အကြမ်းဖက်စစ်ကောင်စီက (၅၀၅) (က) နဲ့ ဖမ်းဝရမ်းထုတ်ခဲ့တာကြောင့် လွတ်မြောက်နယ်မြေကို ရှောင်တိမ်းခဲ့ရပြီး ဇွန်လ (၂၃) ရက်နေ့မှာ အစာအိမ်သွေးကြောပေါက်ပြီး ကွယ်လွန်ခဲ့ပါတယ်။ ကိုရေမွန်ကိုအမှတ်ရတဲ့အနေနဲ့ "Raymond Tree" Campaign ကို နိုဗန်ထူးနဲ့အတူ လူများစွာက ပါဝင်ခဲ့ကြပါတယ်။ ကိုရေမွန်က တက်တူးတွေကို ကြိုက်နှစ်သက်သူဖြစ်ပြီး သူ့တစ်ကိုယ်လုံးအပြည့် တက်တူးထိုးဖို့ စဉ်းစားထားတဲ့အကြောင်း၊ အသက် (၄၀) ပြည့်ရင် ဘုန်းကြီးဝတ်မယ့်အကြောင်း အင်တာဗျူးမှာတစ်ခုမှာ ပြောပြသွားခဲ့ပါတယ်။ အသက်ငယ်ငယ်နဲ့ ကြွေလွင့်ခဲ့ရတဲ့ ကိုရေမွန် ကောင်းရာမွန်ရာရောက်ပါစေလို့ သူ့ရဲ့မွေးနေ့မှာ ဝမ်းနည်းစွာဆုတောင်းပေးလိုက်ပါတယ်။

Comments

  1. ကိုရေမွန် ကောင်းရာမွန်ရာရောက်ပါစေ

    ReplyDelete
  2. ကောင်းရာမွန်ရာမှာ ရှိနေမှာပါ

    ReplyDelete
  3. ကောင်းရာသုဂတိလားပါစေ 🙏🙏🙏

    ReplyDelete
  4. We will always remembering u

    ReplyDelete

Post a Comment