Skin Care

 Hello မင်္ဂလာပါ Clicker လေးတို့ရေ

ဒီတခါမှာတော့ Admin က "မျက်နှာအစိုဓာတ်ကို သဘာဝအတိုင်း ထိန်းလိုသူတွေ ဘာလုပ်သင့်လဲ??" ဆိုတဲ့အကြောင်းလေးကို ပြောပြပေးသွားမှာပါ။ ဆောင်းတွင်းမှာက အသားအရေခြောက်ကြတော့ အစိုဓာတ်ထိန်းဖို့ လိုတယ်လေ။ ဟုတ်တယ်ဟုတ်

မိန်းကလေးတွေအတွက်မက ခုခေတ်ဆို ယောကျာ်းလေးတွေပါ Skin care လုပ်လာကြပြီဆိုတော့ ဒီ Article လေးကို

အားလုံးပဲ အဆုံးထိ ဆက်ဖတ်ပေးကြဦးနော်။ 


အမြဲ နုပျိုလှပ Glow နေကြသူတွေဟာ အရေပြား အစိုဓာတ်ကို ပုံမှန်ထိန်းနေကြသူတွေပါ။

Moisturizerတွေ၊ Creamတွေ၊ Gel တွေက အသားအရေ ခြောက်သွေ့မှုကင်းစေလို့ အရေးအကြောင်းထင်တာတွေကို လျော့ပါးစေနိုင်ပါတယ်။ ခု အိမ်တွင်းနည်းလေးတွေကတော့ သဘာဝက ရနိုင်ပြီး၊ အကုန်အကျလည်း သက်သာတဲ့ မျက်နှာအစိုဓာတ်ထိန်းပေးနိုင်တဲ့ နည်းလေးတွေ ဖြစ်ပါတယ်။


၁. ပျားရည်





ပျားရည်မှာ သဘာဝ ပိုးသတ်အာနိသင်ရှိပြီး အသားအရေစိုပြည်စေတဲ့ အကောင်းဆုံးသော ခရင်မ်ဖြစ်ပါတယ်။ သူ့အာနိသင် ဝက်ခြံမဖြစ်အောင် ကာကွယ်ဖို့နဲ့ မျက်နှာပေါ်မှာရှိတဲ့ ဝက်ခြံတွေ သက်သာဖို့ အသုံးပြုနိုင်ပါတယ်။


၂. ရှားစောင်းလက်ပတ်

 



Aloe Vera မှာက Antioxidant နဲ့ Vitamin တွေပါလို့ အသားအရေစိုပြည်လှပစေပါတယ်။ ဆဲလ်တွေပျက်စီးမှူကနေ ကာကွယ်ပေးပြီး အရွယ်တင်နုပျိုစေပါတယ်။


၃. သံလွင်ဆီ




သံလွင်ဆီဟာလည်း ဆောင်းရာသီ အေးချမ်းမှုကြောင့် ဖြစ်တတ်တဲ့ အသားအရေခြောက်သွေ့မှုကို အသုံးပြုဖို့ အကောင်းဆုံးပါ။ သူ့မှာပါတဲ့ လီနိုလင်းနစ် အက်စစ်က Skin ကနေ အစိုဓာတ်တွေ ဆုံးရှုံးမသွားအောင် ကာကွယ်ပေးပါတယ်။


၄. နှင်းဆီပွင့်ဖတ်ရည်

 




နှင်းဆီပွင့်ဖတ်ရည်က အရေပြားချွေးပေါက်ပိတ်တာ၊ ချွေးပေါက်ထိပ်မှာ အမည်းဆံလေးတွေရှိတာနဲ့ အသက်ကြီးလို့ ဖြစ်လာတဲ့ အရေးအကြောင်းတွေကို လျော့ပါးသက်သာစေပါတယ်။


၅. ထောပတ်သီး





ထောပတ်သီးမှာ  Vitamin E များစွာပါဝင်ပြီး အရေပြားအစိုဓာတ်ထိန်းပေးတာကြောင့် အသားအရေစိုပြည်လှပစေတဲ့အပြင် အရေပြားအိုမင်းမှုကိုလည်း တားဆီးပေးပါတယ်။


ဆိုတော့ ဒီ ငါးမျိုးထဲက ကိုယ်နှစ်သက်ရာ တစ်မျိုးလောက်လုပ်နိုင်ရင်ကို အဆင်ပြေပါတယ်။ Mask ကပ်သလိုပဲ အဲ့ထဲက တစ်ခုခုကို မျက်နှာမှာ ၁၅ မိနစ်လောက်ကပ်ထား ပြီး ရေဆေးချရုံပါပဲရှင်။

ပုံမှန်လေးတော့ လုပ်ပေးကြပေါ့နော်။

 

Admin ရဲ့ ချစ်ရပါသော Clicker လေးတို့တွေ သဘာဝနည်းနဲ့ Glow နိုင်ကြပါစေရှင်။

Admin ကိုကျေးဇူးတင်ရင် နေ့ရက်တိုင်းအတွက် တာဝန် ကျေပေးကြပါရှင်။


#🌺🍒

Comments

  1. မအလကြောင့် skin care လည်းမလုပ်နိုင်တော့ပါဘူး စိတ်မပါ

    ReplyDelete
  2. နောက်များကျ အကုန်လုပ်ပစ်မယ်

    ReplyDelete
  3. နဂိုကတည်းက လှပြီးသားမို့ စကင်ကဲစရာမလိုပါ😂😂

    ReplyDelete
  4. ကျေးဇူး ပါ

    ReplyDelete

Post a Comment