Tercet

 Tercet (သုံးကြောင်းကဗျာ)

---------------------------------


ကဗျာကို စိတ်ဝင်းစားသူတွေကတော့ သုံးကြောင်းကဗျာလေးကိုလည်း နှစ်သက်ကြမှာပါပဲ။ 


သုံးကြောင်းကဗျာ ကို အင်္ဂလိပ်လိုတော့ Tercet လို့ခေါ်ပါတယ်။ မှတ်တမ်းတွေအရတော့ Tercet ဟန်ကို 16 ရာစုလောက်မှာ Sir Thomas Wyatt က အစပြုခဲ့ပါသတဲ့။ သုံးကြောင်းတည်းနဲ့ ပြီးပြည့်စုံတဲ့ ကဗျာတစ်ပိုဒ်ဖန်တီးတာပါ။


အနောက်တိုင်းစာပေလောကမှာတော့ Tercet ကို သီးသန့်ကဗျာ တစ်ပုဒ်အဖြစ် ဖန်းတီးကြသလို ကဗျာရှည်တစ်ပုဒ်ထဲက သုံးကြောင်းပိုဒ် တစ်ပိုဒ်အဖြစ်လဲ သုံးတတ်ကြပါတယ်။ 


အရှေ့တိုင်းမှာတော့ ဂျပန်တို့ရဲ့ Haiku ကဗျာတွေဟာ ကျော်ကြားပါတယ်။ Haiku ကဗျာတွေကတော့ သုံးကြောင်းတည်းနဲ့ ပြီးပြည့်စုံတဲ့ ကဗျာလေးတွေပါ။ သဘာဝအဖြစ်အပျက်လေးတွေကနေ အတွေးအခေါ်ဆင့်ပွားကောက်ယူခံစားရအောင် ဖွဲ့တတ်ကြပါတယ်။ 

Haiku ရေးသူ‌တွေထဲမှာ Basho (1644-1694) ဟာ အကျော်ကြားဆုံးထဲကတစ်ယောက်ပေါ့။ 


မြန်မာကဗျာလောကမှာလဲ ခေတ်စမ်းစာပေခေတ်မှာ လေးလုံးစပ်ဟန်နဲ့ ဖွဲ့ခဲတဲ့ သုံးကြောင်းကဗျားလေးတွေဟာ နာမည်ကျော်ခဲ့ပါတယ်။ ဆရာတင်မိုးရဲ့ 

'ဧည့်သည်ကြီး' ကဗျာဟာ လူသိအများဆုံး သုံးကြောင်းကဗျာပေါ့။ တခြားသုံးကြောင်းကဗျာတွေလည်း ကဗျာချစ်သူတွေကြားမှာတော့ တန်ဖိုးရှိတဲ့ ရတနာလေးတွေပါပဲ။


အရင်းရှင်ဆန့်ကျင်ရေးနဲ့ ပစ္စည်းမဲ့လူတန်းစားအတွေးအခေါ်တွေထွန်းကားစဉ်က ရေးဖွဲ့ခဲ့တဲ့ ဆရာမောင်ယဉ်မွန်ရဲ့ ကဗျာလေးကို ဒီမှာ ဖေါ်ပြလိုက်ပါတယ်။


သုခိုးဖမ်းဆီးခန်း

-----------------

သူခိုးဖမ်းပါ

လမ်းကြားမှာလား

ပန်ကာအောက်မှာ ထိုင်နေသည်။


အခုအချိန်မှာတော့ ပြောင်းရေးရမယ်ထင်တာပဲ

ဒီလိုလေးလေ....


ဓားပြဖမ်းပါ

တောထဲမှာလား

ကြယ်ပွင့်ကားပေါ် ထိုင်နေတယ်။


ခေါင်းစဉ်တော့ ကလစ်ကာတို့ပဲ ကြည့်ပေးတော့။

Comments

  1. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ReplyDelete
  2. ✅🙋
    ဒမြ_သူခိုးတွေ
    ခွေးပါး ဝ နေချိန်

    ReplyDelete
  3. မိစ္ဆာအုပ်စု

    ReplyDelete
  4. မအလတို့အဖွဲ့

    ReplyDelete

Post a Comment