Poem

 


သစ်ရွက်တွေကို ပဲအားကျတယ်

သူတို့ ရှင်သန်နေတုန်း အသံမထွက်ဘူး

သူတို့သေတော့ မြေသြဇာဖြစ်တယ်

အိမ်ရောက်တော့ ငါတစ်ယောက်တည်း

ခေါင်းအုံးပေါ်က မိုးတိမ်တွေကို

အတင်းမောင်းထုတ်ရတယ် ။

ဒီအသည်းက ပျော့ပေမဲ့

ဒီ ခေါင်းက မာပါတယ်။


ဝေးခေါင်


Comments

  1. ဒီ​​ခေါင်းက မာတယ်

    ReplyDelete
  2. ဘာ‌ကိုပြောမှန်းနားမလည်ပေမဲ့ အရေးတော်ပုံအောင်ရမည်🐬

    ReplyDelete
    Replies
    1. အောင်ကို အောင်ရမည်

      Delete
  3. ခေါင်းမာပေမဲ့ အသည်းက ပျော့ပါတယ်✌️🍀

    ReplyDelete
  4. ခေတ်ဆိုးကြီကနေ လွတ်မြောက်ချင်တာပဲ သိတယ်

    ReplyDelete
  5. ရှင်သန်နေတုန်း မတရားမှုတွေကို အနိုင်ရတဲ့ဖြစ်စဉ်မှာ မျက်မြင်သက်သေ ဖြစ်ချင်မိတယ်

    ReplyDelete
  6. Click 💄💄💄🍍🍍🍍

    ReplyDelete

Post a Comment