ကမ္ဘာတလွှား ထူးထူးခြားခြား အစားအစာများ
အစားအသောက်သောင်းကျန်းလှတဲ့ သူတွေတောင် စားဖို့ နှစ်ခါလောက်ပြန်စဉ်းစားရမယ့် ကမ္ဘာတစ်လွှားက ထူးထူးခြားခြား အစားအစာတွေအကြောင်း ပြောပြခဲ့တာ အခုဆိုရင် အပိုင်း(3) အထိ ရောက်လာပြီနော်…..
အခုတစ်ခေါက်မှာတော့ Cambodia မှာနာမည်ကြီးတဲ့ အကြော်အလှော် လေးတစ်မျိုးအကြောင်းကို ပြောပြပါ့မယ်။
ဒါနဲ့ စကားမစပ် ဒီ စာကို ဖတ်နေတဲ့သူတွေထဲမှာ ပင့်ကူကြောက်တဲ့သူတွေများ ရှိသလားဗျ။
ရှိရင် အဆုံးထိဖတ်သွားပါဦးနော်။
Cambodia ရဲ့ နေရာတိုင်းမှာ ပင့်ကူကြော်တွေကို အဆာပြေမုန့်အနေနဲ့စားသုံးကြပါတယ်။ Cambodia ကို လာရောက်လာပတ်ကြတဲ့ နိုင်ငံခြားသားတွေကို ဆွဲဆောင်ထားတဲ့ Regional snack တစ်မျိုးဆိုရင်လည်း မမှားပါဘူး။
Cambodia ရဲ့ မြို့တော် ဖနွမ်းပင် ရဲ့ 47 မိုင် အကွာမှာရှိတဲ့ Skuon ဆိုတဲ့ မြို့လေးမှာတော့ ဒီပင့်ကူကြော်ဟာ အကျော်ကြားဆုံးဖြစ်ပါတယ်။
ကြော်စားတဲ့ ပင့်ကူတွေဟာ မြန်မာနိုင်ငံရဲ့အိမ်တွေမှာတွေ့ရလေ့ရှိတဲ့ အသေးစားလေးတွေမဟုတ်ဘဲ လူတစ်ယောက်ရဲ့ လက်တစ်ဝါးစာလောက်ရှိတဲ့ ပင်ကူအကြီးစားတွေပဲဖြစ်ပါတယ်။ ဒီပင့်ကူတွေကို အရသာမှုန့်၊ ကြက်သွန်ဖြူနဲ့အတူ ဆီပူပူမှာရောကြော်ထားဝာာမို့ အရမ်းမွှေးနေမှာပါပဲ။ ခြေချောင်းလေးတွေက ကြွပ်ရွနေမှာဖြစ်ပြီး ခန္ဓာကိုယ်ကို ကိုက်ဝါးလိုက်တဲ့အခါ အနှစ်လေးတွေထွက်လာမှာပါ။ အရသာက ကြက်သားအရသာနဲ့ ဆင်တူပါတယ်။
ပင့်ကူတွေကို ဆီပူပူနဲ့ကြော်ထားတဲ့ အစားအစာကို ဘယ်အချိန်ကနေစတင်စားသုံးခဲ့ကြတယ်ဆိုတဲ့ မှတ်တမ်းတော့ မရှိပါဘူး။ ဒါပေမယ့် 1975 ခုနှစ် Khmer Rouge အုပ်ချုပ်ခဲ့တဲ့ကာလတွေမှာ Cambodia နိုင်ငံမှာ အစာရေစာပျက်လပ်မှုတွေကြုံတွေ့ခဲ့ရတဲ့အတွက် ပင့်ကူတွေကို စတင်စားသုံးလာကြတာဖြစ်မယ်လို့ ခန့်မှန်းကြတာတွေလည်း ရှိပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ ပင့်ကူကြော်ဟာ Cambodia နိူင်ငံရဲ့ Tourist attraction တွေထဲက တစ်မျိုးတောင်ဖြစ်လာတဲ့အထိ နာမည်ကြီးပါတယ်။
တကယ်လို့ သင်ကပင့်ကူကြောက်တတ်တဲ့သူဆိုရင်တော့ Cambodia ကိုအလည်အပတ်ရောက်ဖြစ်ရင် Cambodia ရဲ့ နာမည်ကြော် ပင့်ကူကြော်လေးကို မြည်းစမ်းခဲ့ဖို့မမေ့နဲ့နော်။ ဒါမှ နောက်ဆိုပင့်ကူမကြောက်တော့မှာ။
အဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။
21 4127 8935 9600 8902
ReplyDeleteTelenor 1000
လိုတဲ့သူယူပါ
ရတဲ့သူ reply မှာ comment လေးရေးပေးခဲ့ပါ
ပုရစ်တောင်စားကြသေးတာ အရင်partတွေကဟာတွေလောက်မဆိုးဘူး စားလို့ရမယ်ထင်တာပဲ😂
ReplyDeleteစားကြည့်ချင်မိ 😁
ReplyDeleteဒါလေးတော့ စားချင်တယ်။ပုရစ်ကြော်လိုပဲ နေမှာ။
ReplyDeleteမစားရဲပေါင်
ReplyDeleteအမလေး
ReplyDeleteပင့်ကူတော့မကြောက်ပေမဲ့
ReplyDeleteမစားရဲ 😁✊✊🍀🍀
🤜🤛✊✊✊
ReplyDelete😱😱😱
❤️ 💜
ReplyDeleteClick
ReplyDelete❤️💜
ReplyDeleteDone
ReplyDelete