ကမ္ဘာတစ်လွှား ထူးထူးခြားခြားအစားအစာများ



 ကမ္ဘာတစ်လွှား ထူးထူးခြားခြားအစားအစာများ (အပိုင်း-၄)



ထူးထူးခြားခြားအစားအစာတွေအကြောင်း ပြောပြခဲ့တာ အပိုင်း ၄ကိုတောင် ရောက်ရှိလာပါပြီ။ ဒီတစ်ခေါက်တော့ Vietnam ရဲ့ အထင်ကရအစားအစာလေးဖြစ်တဲ့ Coconut Worm လေးအကြောင်း ပြောပြပါမယ်။




🌿Coconut Worm လို့ခေါ်ရတဲ့ အကြောင်းကတော့ ရှင်းပါတယ်။ Coconut ပင်ရဲ့ ပင်စည်ထဲမှာ ကြီးထွားတဲ့ အကောင်လေးတွေမို့ပါပဲ။ ဒီအကောင်လေးတွေဟာ ပိုးပိတုန်းအမျိုးနွယ်ဝင်ဖြစ်ပြီး စားလို့ရတာကတော့ သူ့ရဲ့ သားလောင်းအဆင့် ပိုးကောင်လေးတွေပါ။



🌿ပိုးပိတုန်းတွေဟာ Coconut ပင်ရဲ့ ပင်စည်ထဲမှာ ဥတွေကို ဥထားခဲ့ပါတယ်။ အဲ့ဒီ့ ဥ လေးတွေကနေ အကောင်ပေါက်လာပြီး သားလောင်းအဆင့်မှာ အကြာကြီးနေပြီး Coconut ပင်ရဲ့ အာဟာရတွေကို စားသုံးပါတယ်။ Coconut Wormတွေကို ရှာချင်ရင်တော့ အပင်တစ်ပင်လုံးကို ပိုင်းဖြတ်ရတာမို့ အရင်းအနှီးတော့ကြီးပါတယ်။


🌿ဒါ့အပြင် သဘာဝအရမဟုတ်ဘဲ Coconut Wormတွေကို အပင်တွေမှာ ထည့်ပြီးမွှေးမြူစားသုံးလာကြပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာနိုင်တဲ့အတွက် Coconut Wormတွေကို စီးပွားဖြစ်မွေးမြူတာတွေကို ကန့်သတ်ထားပါတယ်။ ဒါပေမယ့်လည်း Vietnam ကိုအလည်ရောက်ရင်တော့ Coconut Worm တွေကို ဆိုင်တိုင်းနီးပါးမှာ ဝယ်ယူစားသုံးနိုင်နေဦးမှာပဲဖြစ်ပါတယ်။



🌿 Coconut Worm တွေကို စားသုံးတဲ့ပုံစံ ၃မျိုးရှိပါတယ်။


1.အစိမ်းစား

2.ကြော်စား

3.ကင်စား ပါ။


လှုပ်စိလှုပ်စိ‌နဲ့ ရုန်းကန်နေတဲ့ Coconut Worm ကို အစိမ်းစားရင်တော့ သူ့ရဲ့ သဘာဝအရသာ Cheese နဲ့ ကြက်ဥရောထားတဲ့ ပျစ်ချွဲချွဲ Tasteလေးကို အပြည့်အဝခံစားရမှာပါ။ အစိမ်းစားမယ်ဆိုရင်တော့ လှုပ်စိလှုပ်စိပိုးကောင်လေးတွေကို Alcohol ထဲ ခနနှစ်လိုက်ပါ။ ပြီးရင်တော့ Vietnam Fish Souce လေးနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။



ဂျုံနဲ့မံထားတဲ့ ပိုးကောင်ကြွပ်ကြွပ်ကြော်လေးတွေဟာလည်း အစိမ်းမစားရဲသူတွေအတွက် ရွေးချယ်စရာတစ်ခုပါပဲ။


အကင်ကိုတော့ အချဉ်နဲ့တွဲဖက်စားသုံးရမှာပါ။




Clicker တို့လည်း Vietnam ကို ရောက်ဖြစ်ရင်တော့ မဖြစ်မနေစားကိုစားသင့်တဲ့ အစားအစာလေးဖြစ်တာမို့ Bucket list ထဲကို အခုထဲကိုထည့်ထားလိုက်ပါတော့။

Comments

  1. အုန်းပိုးထက် သ​မောင်းပိုးကပို​ကောင်းတယ်��

    ReplyDelete
  2. စားချင်တယ် စိမ့်နေမှာဘဲ

    ReplyDelete
  3. YouTube မှာ တခါတွေ့ဖူးတယ်၊ အရှင်လှုပ်လှုပ်လေးတွေကို အချဉ်နဲ့ တို့စားပြဝာာ အသည်းတွေယားလို့😖😖😖

    ReplyDelete
  4. အူယားစရာကြီးပါ

    ReplyDelete

Post a Comment