Nighthawks

Nighthawks (Edward Hopper)


ပျားပန်းခတ်စည်ကားခဲ့တဲ့ မြို့ပြဟာ ညအခါမှာတော့ လူသူကင်းမဲ့စွာ တိတ်ဆိတ်နေတယ်။ စားသောက်ဆိုင်ထဲမှာတော့ ဧည့်သည်သုံးယောက်။ စုံတွဲနှစ်ယောက်ရဲ့ တီးတိုးစကားသံကို တချက်တချက်ကြားရတယ်။ တစ်ယောက်တည်းထိုင်နေသူ ဧည့်သည်ကရော ဘာတွေများတွေးနေပါလိမ့်။ ခြောက်ကပ်နေတဲ့မြို့ပြညမှာ သူတို့ဟာ ဘဝအမောဖြေ‌နေကြတာလား။ အထီးကျန်မှုနဲ့ ‌ခြောက်ခြားနေကြတာလား။ စားသောက်ဆိုင်အပြင်က မှောင်ရိပ်ကျနေတဲ့ လမ်းတွေကတော့ အသက်မဲ့စွာ တိတ်ဆိတ်ငြိမ်သက်လို့။ 



ဒီ Nighthawks ဆိုတဲ့ ဆီဆေးပန်းချီကားကို အမေရိကန် သရုပ်မှန်ပန်းချီဆရာ Edward Hopper က 1942 မှာ ရေးဆွဲခဲ့ပါတယ်။ ဒီပန်းချီကားဟာ Edward Hopper ရဲ့ အကျော်ကြားဆုံးလက်ရာဖြစ်ခဲ့ပြီး ရုပ်ရှင်နဲ့ ရုပ်သံဇတ်လမ်းတွေမှာ ဒီပန်းချီကားကို မှီငြမ်းထားတဲ့ ဇတ်ဝင်ခန်းတွေ ထည့်သွင်းရိုက်ကူးမှုများ ရှိခဲ့ပါတယ်။  


Nighthawks ပန်းချီကားဟာ ရေးဆွဲပြီးတစ်လခန့်ကြာသည်အထိ အရောင်းပြခန်းမှာ ဝယ်သူမရှိပဲ ဖြစ်ခဲ့ရာက တစ်နေ့မှာတော့ Chicago Art Institute က ဒါရိုက်တာပုဂ္ဂိုလ်က သတင်းကြားတဲ့အတွက်လာရောက်ကြည့်ရှုပြီး ချက်ချင်းပဲ $3000 နဲ့ ကျောင်းအတွက် ဝယ်ယူသွားခဲ့ပါတယ်။ အခုတိုင် အဲဒီ Institute မှာ ပန်းချီကားကို ထိန်းသိမ်းပြသထားပါတယ်။



ဒီပန်းချီကားထဲက စားသောက်ဆိုင်ဟာ အပြင်မှာရှိမရှိ လိုက်လံရှာဖွေမှုတွေရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ ပန်းချီဆရာဟာ အပြင်ကစားသောက်ဆိုင်တစ်ခုကိုမှီငြမ်းပြီး ပန်းချီသဘောအရ ဖွဲ့စည်းပုံကို ကြည့်ကောင်းအောင် ပြုပြင်ရေးဆွဲခဲ့တယ်လို့ပဲ ကောက်ချက်ချခဲ့ကြပါတယ်။ 

Comments

  1. Replies
    1. ဟိုမှာ ဖက်မရလို့ ဒီမှာလာဖက်နေတာလား😁😁

      Delete
  2. ပြည်သူ​တွေအမြန်ဆုံး​ပျော်ရွှင်ကြပါ​စေ

    ReplyDelete

  3. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ~ There are no unsuccessful things which are done with strong desire and effort ~

    ReplyDelete

Post a Comment