Bibimbap

Bibimbap လုပ်နည်း



Ingredients


-ရှမ်းဆန်

-နှမ်းဆီ(သို့)ပဲဆီ

-ပဲပင်ပေါက်၊သခွားသီး၊ခါကြက်ဥ(မုန်လာဥနီ)

-ကြက်သား(သို့) ဝက်သား

-ဆား၊သကြား၊ပဲငံပြာရည်

-ကြက်သွန်ဖြူ/နီ

-chilli paste


ပြုလုပ်နည်း


-ပဲပင်ပေါက်၊သခွားသီးနှင့်မုန်လာဥနီတို့ကို အနေတော်လှီးဖြတ်၍ သေချာဆေးကြောပါ။ ထို့နောက် ဆားအနည်းငယ်ထည့်ကာ ဆီဖြင့်ကြော်ပါ။အသီးအရွက်ကြော်ပီးလျှင် ဝက်သားသို့မဟုတ်ကြက်သားကိုကြက်သွန်နီ/ဖြူနှင့်အတူရောကြော်ပါ၊ အရသာအတွက် သကြားနှင့်ပဲငံပြာရည်လိုသလောက်ထည့်ပါ။


အသားကျက်ပြီဆိုလျှင် chilli paste ထဲသို့ ဆီအနည်းငယ်၊ ပဲငံပြာရည်အနည်းငယ်ထည့်ပြီး ရောမွှေထားပါ။ ပြီးလျှင်အသင့်ချက်ထားသောထမင်းကို ပန်းကန်တခုထဲသို့ထည့်ကာ ကြော်ထားသောအသီးအရွက်များ၊ အသားများနှင့် အသင့်ပြင်ထားသည့် chilli paste တို့ကိုထည့်၍ ရောမွှေကာ စားသုံးနိုင်ပါသည်။



မိမိနှစ်သက်သလို ရေညှိ၊ ကြက်ဥကြော်တို့ထည့်၍လည်း သုံးဆောင်နိုင်ပါသည်။

Comments

  1. Thanks မင်မင်������

    ReplyDelete

  2. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ~ There are no unsuccessful things which are done with strong desire and effort ~

    ReplyDelete
  3. 🍱🍚🥗🥩🥬🧂🍀🍀✌️✌️

    ReplyDelete
  4. အရမ်းကြိုက်

    ReplyDelete

Post a Comment