သက်ပိုင်စိုးလမ်း လို့ ခေါ်ဝေါ်ကြ

 သက်ပိုင်စိုးလမ်း လို့ ခေါ်ဝေါ်ကြ။


၂၀၂၁ခုနှစ် မတ်လ ၂၀ရက်နေ့တွင် စစ်အာဏာရှင်စနစ်ကိုတော်လှန်ရင်း ရဲဘော်သက်ပိုင်စိုးကျဆုံးခဲ့သည်မှာ ယနေ့ဆို ၁နှစ်၁လတိတိပြည့်ပြီဖြစ်သည်။


ရဲဘော်သက်ပိုင်စိုး ကျဆုံးခဲ့သော မြို့သစ်(၂)လမ်းကို သက်ပိုင်စိုးလမ်းဟု ကျောင်းသားပြည်သူတရပ်လုံး တသားတည်းဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်။ 


ရဲဘော်သက်ပိုင်စိုးကျဆုံးခြင်း ၁နှစ်ပြည့်တွင် ၎င်းအား အောက်မေ့ဂုဏ်ပြုသောအားဖြင့် တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နှင့် Digital Studioတခု ပူးပေါင်းကာ ရဲဘော် သက်ပိုင်စိုးကျဆုံးခဲ့သောဖြစ်စဉ်ကို စိတ်ကူးပုံဖေါ်၍ "သက်ပိုင်စိုးလမ်း လို့ ခေါ်ဝေါ်ကြ" အမည်ရှိသောရုပ်ပြဇာတ်လမ်းတို ကို ဖန်တီး တင်ဆက်လိုက်သည်။



Comments

  1. ကောင်းရာသုဂတိရောက်ပါစေ ကိုသက်ပိုင်စိုးရေ။

    ReplyDelete
  2. ဘဝဆက်တိုင်း အဓ္ဓမှုကို အမြဲအနိုင်ယူနိုင်သောသူ ဖြစ်ပါစေ။

    ReplyDelete
  3. မြင့်မြတ်ဘုံမှာအေးချမ်းစွာအနားယူပါ

    ReplyDelete
  4. Rest in peace our hero 💗

    ReplyDelete
  5. Mdyက ဝေယံထွန်းစျေးလိုပေါ့

    ReplyDelete
  6. RIP par Ko Thet Paing Soe.
    တာဝန်ကျေခဲ့ပြီမို့ငြိမ်းချမ်းစွာအနားယူပါဗျာ။🕊

    ReplyDelete
  7. စာလုံးတွေချဲ့လို့မရဘူးရော ဒီကသိပ်ဖတ်လို့မရဘူး😁

    ReplyDelete
  8. Wheel............dope.🏹🏹🏹

    ReplyDelete
  9. သက်ပိုင်စိုးလမ်း

    ReplyDelete

Post a Comment