Kangaroo

 Kangaroo




British explorer တစ်ဦးဖြစ်သူ Captain James Cook ဟာ အင်္ဂလန်ကမ်းခြေကနေ ‌အနောက်ဖက်ကိုရွက်လွင့်ပြီး တောင်အမေရိကတိုက်ရဲ့ Cape အငူကိုပတ်ကာ ပစိဖိတ်သမုဒ္ဒရာကို ဆက်လက် ဖြတ်သန်းပြီး 1770 ခုနှစ်မှာ ဩစတေးလျတိုက်ကို ရောက်ရှိလာခဲ့ပါတယ်။ Captain Cook ဟာ ဩစတျေးလျမြေပေါ်မှာ ကျက်စားနေထိုင်ကြတဲ့ အမြီးတုတ်တုတ် ခြေထောက်ကြီးကြီးနဲ့ ဗိုက်ကအိတ်ထဲမှာ အကောင်ပေါက်ကလေးကိုထည့်ထားပြီး ခုန်ဆွခုန်ဆွသွားနေကြတဲ့ အကောင်တွေကို တွေ့လိုက်ရပါတယ်။ Captain Cook ဟာ အဲဒီအကောင်တွေကို တစ်ခါမှမမြင်ဖူးတဲ့အတွက် ဒေသခံတွေကိုမေးကြည့်ပါတယ်။ ဒေသခံတွေက "ကန်ဂူရူး" လို့သူကိုပြန်ပြောပါသတဲ့။ Captain Cook ဟာ Kangaroo လို့ မှတ်သားလိုက်ပါသတဲ့။ တကယ်တမ်းကတော့ ဒေသခံတွေက အင်္ဂလိပ်စကားကိုမသိတဲ့အတွက် "မင်းပြောတာနားမလည်ဘူး" လို့ သူတို့ဘာသာစကားနဲ့ပြောလိုက်တာပါတဲ့။ 


ဒါကတော့ Kangaroo ဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး ပါးစပ်ရာဇဝင်အနေနဲ့ မှတ်သားကြရတဲ့ အကြောင်းအရာဖြစ်ပါတယ်။ Captain Cook ကြုံခဲ့ရတဲ့ဒေသခံတွေဟာ ဘာလူမျိုးဆိုတာ အတည်ပြုလို့မရတဲ့အတွက် ဒီဇတ်လမ်းဟာ မှန်မမှန်ဆိုတာကတော့ ဘယ်သူမှ ဆုံးဖြတ်မပေးနိုင်ပါဘူး။ ဒါပေမယ့်လည်း ဘာသာစကားနဲ့ပတ်သက်လာရင် စိတ်ဝင်စားဖွယ်ရာ အဖြစ်အပျက်တစ်ခုအနေနဲ့ အခုတိုင် ရေးသားပြောဆိုနေကြတုန်းပါပဲ။

Comments

  1. This comment has been removed by the author.

    ReplyDelete
  2. နွေဦး မိုတီ

    ဒီ....ပရက်ရှင် ဝင်လာတိုင်း
    မို....တီပြန်ရဖို့ အတွက်
    က...လစ်ရင်း၊စထွင်းရင်း
    ရေ...ရာတဲ့ လမ်းတစ်ခု ဖောက်ဖို့
    စီ.....တန်းရှေ့ဆက်နေမိတယ်

    နွေအိပ်မက်

    ReplyDelete
  3. Wheel.........dope.🏹🏹🏹

    ReplyDelete
  4. အခုမှ သေချာဖတ်မိ 😅

    ReplyDelete

Post a Comment