Uncharted



Nate (Tom Holland)ဟာ ခိုးဝှက်ခြင်းဆိုင်ရာအတတ်ပညာတတ်ကျွမ်းပြီး ရဲရင့်ဖျတ်လတ်တဲ့ လူငယ်တစ်ဦးဖြစ်တယ်။ ရတနာသိုက်မုဆိုး Sully (Mark Wahlberg)ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က စွန့်စားရှာဖွေသူ Ferdinand Magellan စုဆောင်းခဲ့ပြီး လက်ရှိအချိန်အထိ ပျောက်ဆုံးနေတဲ့ ရတနာသိုက်ကို ရှာ‌ဖွေဖို့ Nate ကို စည်းရုံး‌ဖိတ်ခေါ်ခဲ့တယ်။ သူတို့နှစ်ဦးဟာ ရတနာသိုက်တွေရှိရေးအတွက် အရေးပါတဲ့ ရှေးဟောင်းလက်ဝါးကပ်တိုင်တစ်ခုကို လေလံပွဲတစ်ခုကနေ ခိုးယူနိုင်ခဲ့တယ်။ ရတနာသိုက်အတွက် သော့တံသဖွယ်အသုံးပြုရမည့် လက်ဝါးကပ်တိုင် နှစ်ခုလိုအပ်ပြီး နောက်တစ်ခုမှာ Chloe ဆိုသူ မိန်းကလေးထံတွင်ရှိ‌နေပါတယ် ။ သူတို့နှစ်ဦးနဲ့ Chloe တို့ဟာ Chloae ရှိရာ Barcelona မှာ ချိန်းဆိုပြီး Barcelona တွင်ရှိမယ်လို့ယူဆရတဲ့ ရတနာသိုက်ကို ရှာဖွေရန်ကြိုးစားကြတယ်။ သို့သော် Chloe ဟာ ရတနာသိုက်မုဆိုး Santiago Moncada (Antonio Banderas) ဆိုသူရဲ့ဘက်တော်သား သူလျှိုဖြစ်ပြီး Nate တို့ရဲ့ သော့တံကို ခိုးယူသွားတဲ့အခါ...


Sully နှင့် Nate တို့ သော့တံကို ဘယ်လိုပြန်ရအောင်လုပ်ကြသလဲ၊  

ပြိုင်ဘက် Moncada ရဲ့ရန်ကို‌ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြရသလဲ

ရတနာတွေကရော Barcelona မှာတကယ်ရှိရဲ့လား၊


Video game အဖြစ်အောင်မြင်ပြီးဖြစ်တဲ့ ဇတ်လမ်းကို ဒါရိုက်တာ Ruben Fleischer က  ရုပ်ရှင်အဖြစ်အသက်သွင်းရိုက်ကူးထားပြီး 2022 Feb မှာ ရုံတင်ပြသခဲ့တဲ့ Uncharted ဟာ ပရိတ်သတ်တွေသဘောကျမယ့်

ဖျော်ဖြေရေး Action-adventure ဇတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Comments

  1. This comment has been removed by the author.

    ReplyDelete
  2. Wheel.............dope.🏹🏹🏹

    ReplyDelete
  3. မကြည့်ရသေးဘူး
    တလရပြီးမှ

    ReplyDelete

Post a Comment