Potato eaters

Potato eaters (Van Gogh) 


ထူးအိမ်သင်ရဲ့ ‘ဗင်းဆင့်ဗန်ဂိုးတမ်းချင်း’ သီချင်းထဲမှာ  “အားလူးစားသူတွေရဲ့ မျက်နှာတွေ” လို့ ထည့်သွင်းရေးစပ်ထားတာ ကြားဖူးကြမှာပါ။ ဟုတ်ပါတယ်။ ဗန်ဂိုးအကြောင်းပြောရင် The Starry Night၊ Sunflowers တို့လိုပဲ “အားလူးစားသူများ (Potato eaters)” ပန်းချီကားဟာလဲ  ချန်ထားလို့မရတဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။



Vincent van Gogh (1853-1890) ဟာ  Dutch ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။ Impressionism ပန်းချီလောကရဲ့  ဂန္ထဝင်ပန်းချီဆရာတစ်ဦးဖြစ်ပြီး ဂန္ထဝင်လက်ရာပေါင်းများစွာကို ဖန်တီးခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့လက်ရာတွေကတော့ သူကွယ်လွန်ပြီးနောက်ပိုင်းမှသာ ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ Van Gogh ဟာ စိတ်ဝေဒနာခံစားခဲ့ရပြီး အသက် ၃၇ နှစ်မှာ သူကိုယ်သူ သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်ခဲ့ပါတယ်။ 



 “အားလူးစားသူများ” ပန်းချီကားကိုတော့ 1885 ခုနှစ်မှာ ရေးဆွဲခဲ့တာပါ။ ဆီဆေးလက်ရာတစ်ခုဖြစ်ပြီး အတိုင်းအတာအားဖြင့် 32 in × 45 in ရှိပါတယ်။ လယ်သမားမိသားစု တစ်စုရဲ့ လူနေမှုဘဝကို Impressionism ဟန်နဲ့ ရေးဆွဲထားပါတယ်။ မိသားစုဝင်တို့ရဲ့ ကြမ်းတမ်းတဲ့ရုပ်ရည်၊ အလင်းရောင်အားနည်းတဲ့ အခန်း၊ အမှောင်ဘက်ကိုလုနေတဲ့ အရောင်အသွေးများ စတာတွေဟာ လယ်သမားတွေရဲ့ ရိုးရှင်းချို့ငဲ့တဲ့ ဘဝကို ထင်ဟပ်ပေါ်လွင်စေပါတယ်။ Van Gogh ရဲ့ Masterpiece လက်ရာတစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။ ဒီပန်းချီကားကို Amsterdam က Van Gogh Museum မှာ ထိန်းသိမ်းထားရှိပါတယ်။

Comments

Post a Comment