Wine


 

 Wine


အခုခေတ်မှာ လူတော်တော်များများ ဝိုင်သောက်ဖူးကြလိမ့်မယ်ထင်ပါတယ်။

ဆိုတော့ ဒီနေ့ ကလစ်ကာတို့အတွက် ဝိုင်အကြောင်း knowledge sharing နည်းနည်းလုပ်ပေးချင်ပါတယ်။


ဝိုင်တွေကို 16 ရာစုလောက်ကတည်းက စတင်သောက်သုံးနေကြပြီလို့ ဖတ်ဖူးပါတယ်။

ဝိုင်အများစုကိုတော့ အသီးအနှံတွေကနေ ချက်လုပ်ထားကြပါတယ်။ စပျစ်ဝိုင်ကိုတော့ အတွေ့ရအများဆုံးပါ။ ဒါပေမယ့် တခြားသောပစ္စည်းတွေနဲ့ ချက်လုပ်ထားတဲ့ ဝိုင်တွေလည်း ရှိပါတယ်။ ဥပမာ  - ဆန်၊ ပျားရည် စတာတွေနဲ့ချက်တဲ့ဝိုင်တွေကိုလည်း သောက်သုံးကြပါတယ်။


ဝိုင်အမျိုးအစားကတော့ အမျိုးမျိုးရှိပါတယ်။

ဝိုင်ဖြူ၊ ဝိုင်နီ၊ sparkling wine စသဖြင့်ပေါ့နော်။ Alcohol ပါဝင်မှုနှုန်းကလည်း တစ်မျိုးနဲ့တစ်မျိုးမတူကြပါဘူး။

( အချိုဓာတ်ကဲတဲ့ဝိုင်ကိုတော့ Dessert Wine လို့ ခေါ်ပါတယ် )


ဒီနေ့ခေတ်မှာ ဝိုင်ထုတ်လုပ်မှုအများဆုံးနိုင်ငံ 5 ခုကတော့ အီတလီ၊ စပိန်၊ ပြင်သစ်၊ အမေရိကန်နဲ့ တရုတ် တို့ပဲဖြစ်ပါတယ်။


ပါဝင်ပစ္စည်းတွေနဲ့ ချက်လုပ်တဲ့ပုံစံတွေရယ် ဝိုင်ရဲ့နှစ်ကာလအပိုင်းအခြားပေါ်မူတည်ပြီး စျေးတွေကလည်း အမျိုးမျိုးကွဲပြားပါတယ်။

ဝိုင်ချက်လုပ်တဲ့ပုံစံဟာ စိတ်ဝင်စားစရာကောင်းတာမို့ အခွင့်အရေးရရင် ကိုယ်တိုင်ကြည့်ရှုလေ့လာစေချင်ပါတယ်။

vintage wine တွေကတော့ စျေးကြီးတာများပါတယ်။

 


ဝိုင်တွေက အချိန်ကြာလာလေ အရသာကပိုကောင်းလာလေ လို့ပြောကြပါတယ်။

ဒါကြောင့် နှစ်ချို့ဝိုင်တွေရဲ့တန်ဖိုးက အတော်ကြီးနေတာပါ။ အရသာကောင်းမွန်ပြီး တန်ဖိုးကြီးတဲ့နှစ်ချို့ဝိုင်တွေကို သောက်သုံးနိုင်တာ ဒါမှမဟုတ် အဲ့ဒီဝိုင်တွေနဲ့ ဧည့်ခံကျွေးမွေးနိုင်တာဟာ အဆင့်အတန်းမြင့်မားကြောင်း ဖော်ပြနိုင်တဲ့နည်းလမ်းတစ်ခုလို့ မှတ်ယူထားကြသူအချို့လည်း ရှိပါတယ်။



ဝိုင်ကို အစားအစာတွေချက်ပြုတ်တဲ့နေရာမှာလည်း အသုံးပြုကြပါတယ်။ ဝိုင်ထည့်ပြီးချက်တဲ့အစားအစာတွေက ပိုပြီးအရသာကောင်းတယ်လို့ပြောကြတာတော့ ကြားဖူးပါတယ်။ Admin တော့ လက်တွေ့စမ်းမကြည့်ဖူးပါဘူး။ အမေဆူမှာမို့ပါ :3


တချို့သော ဘာသာရေးအခမ်းအနားတွေမှာလည်း ဝိုင်ဟာ အရေးပါတဲ့အခန်းကဏ္ဍတစ်ရပ်မှာ ပါဝင်နေပါတယ်။ ဗုဒ္ဓဘာသာကလွဲလို့ တခြားဘာသာတွေမှာ ဝိုင်ကိုအသုံးပြုတဲ့နေရာတွေများပါတယ်။


ဝိုင်သောက်သုံးခြင်းမှာ ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေလည်း ရှိပါတယ်။

စိတ်ဖိစီးမှုကိုလျော့ကျစေတယ်။ ပျော်ရွှင်စေတယ်။ နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်ပွားမှုကို လျော့နည်းစေတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် တစ်နေ့ကို ဝိုင်တစ်ခွက်သောက်သုံးပေးသင့်တယ်လို့ ပြောကြပါတယ်။





ဒါပေမယ့်လည်း အရာရာတိုင်းဟာ တန်ဆေးလွန်ဘေး ပါပဲ။ သူ့အတိုင်းအတာနဲ့သူပဲကောင်းပါတယ်။ အလွန်အကျွံသောက်မိရင်တော့ ကျန်းမာရေးအတွက်လည်း မကောင်းနိုင်သလို လူမှုဆက်ဆံရေးကိုလည်းထိခိုက်စေပါလိမ့်မယ်။


ဝိုင်ပုလင်းတွေရဲ့ ထုပ်ပိုးမှုပုံစံက အတော်လေးသေသပ်ပြီးတော့ ချစ်စရာကောင်းပါတယ်။ luxury ဆန်တယ်လို့လည်း ခံစားရစေပါတယ်။ ကမ္ဘာ့စျေးအကြီးဆုံးဝိုင်ကတော့ $558,000 တန် ဝိုင်ပဲဖြစ်ပါတယ်။


ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲ။ နောက်ရက်တွေပြန်တွေ့ကြပါမယ်။ 

နေ့တိုင်းကလစ်ပေးကြပါဦး ❤️










Comments

  1. Love 🍷🍷🍷🍀🍀🍀

    ReplyDelete
  2. နွေဦး မိုတီ

    ဒီ....ပရက်ရှင် ဝင်လာတိုင်း
    မို....တီပြန်ရဖို့ အတွက်
    က...လစ်ရင်း၊စထွင်းရင်း
    ရေ...ရာတဲ့ လမ်းတစ်ခု ဖောက်ဖို့
    စီ.....တန်းရှေ့ဆက်နေမိတယ်

    နွေအိပ်မက်

    ReplyDelete
  3. Wheel..........dope.🏹🏹🏹

    ReplyDelete
  4. အမျိုးသမီးများ ကျမ္မာရေးအတွက် ဝိုင်သောက်သင့်တယ်လို့ ဖတ်ဖူးတယ်ရှင်။
    🍑နဲ့ လုပ်ထားတဲ့ ဝိုင်ကို အကြိုက်ဆုံးပါ 🍷🍷🍷🍷 🍷 🍷🍷 🍷🍷

    ReplyDelete
  5. Replies
    1. ဝိုင်တော့ကြိုက်တယ်ဟ။😅

      Delete

Post a Comment