World Earth Day

နိုင်ငံတကာ မြေကမ္ဘာနေ့----



ဒီနေ့ ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ဟာ ၅၂ကြိမ်မြောက် နိုင်ငံတကာ မြေကမ္ဘာနေ့(The World Earth Day) ဖြစ်ပါတယ်။ နိုင်ငံတကာ မြေကမ္ဘာနေ့ဟာ နိုင်ငံတကာ ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် သတ်မှတ်ထားတဲ့ နေ့ဖြစ်ပါတယ်။ 

လက်ရှိ ပတ်ဝန်းကျင်ပြဿနာအပေါ် လူထုများရဲ့အသိ တိုးမြှင့်ဖို့အတွက်၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားမှုမှာ လူထုများပါဝင်ကြပြီး ကာဗွန် ထုတ်လွှတ်မှု လျှော့ချခြင်း၊ စိမ်းလန်းစိုပြေစွာနေထိုင်ခြင်းဖြင့် မြေကမ္ဘာရဲ့ ပတ်ဝန်းကျင်ကို ပြုပြင်​ထိန်းသိန်းနိုင်အောင် နှိုးဆော်တိုက်တွန်းဖို့အတွက် ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။ 

မြေကမ္ဘာနေ့ကို ၁၉၇၀ ပြည့်နှစ်က စပြီး နှစ်စဥ် ဧပြီလ ၂၂ နေ့တွင်  နိုင်ငံ ၁၉၂ နိုင်ငံက လူ ၁ ဘီလီယံကျော်တို့ဟာ မြေကမ္ဘာနေ့ အထိမ်းအမှတ် လှုပ်ရှားမှု များကို ပါဝင်ဆင်နွှဲလေ့ရှိကြပါတယ်။

ကျနော်တို့ အားလုံးမှာ ​ကမ္ဘာမြေ တစ်ခုတည်းပဲ ရှိပါတယ်။ ဒါကြောင့် ဒီကမ္ဘာမြေကြီး ပျက်စီး မသွားရအောင် ကာကွယ်စောင့်ရှောက်ဖို့မှာလည်း ကျနော်တို့ တာဝန်သာဖြစ်ပါတယ်။


ဟိုတလောက တွေ့လိုက်တဲ့ သတင်းတစ်ပုဒ်ကြောင့် ကမ္ဘာကြီးက ပိုစိုးရိမ်စရာကောင်းလာပြီး  ပိုထိန်းသိမ်းဖို့ ပိုလိုအပ်လာပါပြီ။

'ကမ္ဘာကြီးကို ကယ်တင်နိူင်ဖို့ ၅ နှစ်လောက်ဘဲအချိန်ရှိပြီး Fossil Fuel တွေကြောင့် Greenhouse carbon emissions ၊ climate changeတွေနဲ့ ဒီထက်ဆိုးလာရင် ကမ္ဘာကြီးဟာ နောက် ၁၂ နှစ်လောက်ထိဘဲ ရပ်တည်နိူင်တော့မယ်လို့ဆိုကြပါတယ်။'

ဒီသတင်းအရဆိုရင် ကမ္ဘာဟာ အတော်ကို ကျန်းမာရေးထိခိုက်နေပါပြီ။

ဒီတော့ ကျနော်တို့တွေဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို ယခင်ကထက် ပိုပြီး ဂရုပြုသင်ပါပြီ။


* သစ်ပင်စိုက်ပါ

ကာဗွန်တွေကို များစွာစုပ်ယူပြီး အောက်ဆီဂျင်ကို ထုတ်ပေးတဲ့ သစ်ပင်တွေ များများစိုက်ပြီး ကမ္ဘာမြေကို ကာကွယ်ပါ။


*တိရိစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်ပါ

ကမ္ဘာပေါ်ရှိ တိရိစ္ဆာန်မျိုးစိတ်များစွာဟာ မျိုးသုဥ်းတော့မယ့် အန္တရယ်နဲ့ ရင်ဆိုင်နေရပါတယ်။

တိရိစ္ဆာန်တွေဟာ ၄င်းတို့နေထိုင်ရာ ပတ်ဝန်းကျင် ဖွဲ့စည်းမှုစနစ်နဲ့ သစ်တောများရှိ ဇီဝမျိုးကွဲတွေကို ထိန်းသိမ်းတဲ့နေရာမှာ များစွာ အရေးပါ ပါတယ်။ဒါ့ကြောင့် တိရိစ္ဆာန်အားလုံးကို ထိန်းသိမ်းကာကွယ်ရင်း ကမ္ဘာမြေကို သာယာလာအောင် ကူညီကြပါစို့။


*ရေကို ချွေတာ အသုံးပြုပါ

ကမ္ဘာမြေကြီးဟာ ရေမရှိပဲ မရပ်တည်နိုင်ပါဘူး။ထို့အတူ ကျနော်တို့ လူသားတွေကလည်း ရေမရှိပဲ မရပ်တည်နိုင်ပါဘူး။တချို့မိုးနည်းရေရှားဒေသများတွင်မြေအောက်ရေ ခမ်းခြောက်မှုအန္တရယ်နဲ့ ကြုံတွေ့နေရပါတယ်။ထို့ကြောင့် ရေအလွယ်တကူရရှိသော ဒေသများတွင် လိုအပ်သည်ထက် ရေကို အလွန်အကျွံအသုံးမပြုကြပဲ ရေသယံဇာတကို ထိန်းသိမ်းရင်း ကမ္ဘာမြေကို စိုပြေအောင် ထိန်းသိမ်းကြပါစို့။


*ပလတ်စတစ်အိတ်တွေ လျော့သုံးပါ

ပလတ်စတစ်အိတ်တွေဟာ ပျက်စီးဆွေးမြေ့ကို အချိန်အရမ်းကြာတဲ့ အတွက် ကမ္ဘာမြေအတွက် အလွန် အန္တရယ်ရှိပါတယ်။


*ကာဗွန်ထုတ်လုပ်မှု လျော့ချကာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းပါ

အပြင်ထွက်ရင် ကာဗွန်ထုတ်လုပ်မှုရှိတဲ့ ကားတို့ ဆိုင်ကယ်တို့ အသုံးပြုမှုလျော့ချပါ။စက်ဘီးသီးပါ။လမ်းလျှောက်ပါ။(ခုချိန် ဆီစျေးတွေကြီးနေတော့ ဒီအချက်က ကွက်တိပါ)


မြေကမ္ဘာနေ့ကနေ ကမ္ဘာမြေကို ချစ်မြတ်နိုးပြီး ထိန်းသိမ်းစောင့်ရှောက်ကာ  လူသားနဲ့သဘာဝပတ်ဝန်းကျင် သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ကြပါစို့။ 

Comments

  1. ကမ္ဘာကြီးကို ကယ်တင်ပါ။

    ReplyDelete
  2. ကမ္ဘာကြီးကိုကယ်တင်ပါ။

    ReplyDelete
  3. ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ

    ReplyDelete
  4. ကျနော်တို့ကြောင့်ဖျားနာနေတဲ့ကမ္ဘာကြီးကိုဒီထက်ပိုမနာကျင်စေကြစို့နဲ့။
    🏞🌍💚

    ReplyDelete
  5. Wheel............dope.🏹🏹🏹

    ReplyDelete
  6. ကမ္ဘာမြေကြီးစိမ်းလန်းပါစေ🙏

    ReplyDelete

Post a Comment