သင် သရဲ ခြောက်ခံနေရပြီလား???

သင် သရဲအခြောက်ခံနေရပြီလား ???? ⛔မီးပျက်တဲ့ည အခန်းထဲမှာ တစ်ယောက်ထဲရှိနေတဲ့အချိန် ထူးထူးဆန်းဆန်း ကြက်သီးတွေထလာဖူးပါသလား?? ⛔ခုတင်အောက်မှာ (သို့) တံခါးဝမှာ တစ်ယောက်ယောက်ရှိနေသလို ခံစားရဖူးပါသလား?? ⛔တစ်ယောက်ယောက်က ကိုယ့်ကိုချောင်းကြည့်နေသလို ခံစားရဖူးပါသလား?? တစ်ကယ်လို့ ဒီလိုခံစားနေရတယ်ဆိုရင်တော့ သင့်ရဲ့အနီးနားမှာ ပရလောကသားတွေရှိနေလို့ဖြစ်နိုင်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်က ပရလောကသားတွေ အနီးနားမှာရှိနေတဲ့အခါ တွေ့ရတတ်တဲ့ လက္ခဏာ (၆) ခုကို ပြောပြပေးမှာမို့ အဆုံးထိဖတ်သွားကြပါဦး။ (၁) ရုတ်တရက်အပူချိန်ပြောင်းလဲခြင်း ရုတ်တရက် ပတ်ဝန်းကျင်က ချမ်းစိမ့်စိမ့်ဖြစ်လာတာကို သတိထားမိတတ်ပါတယ်။ ရုတ်တရက်ဆိုရင် ဒါဟာ ဒရာမာ ဆန်တယ်လို့ထင်ရပေမယ့် တကယ်ကြုံတွေ့ခဲ့ရတဲ့သူတိုင်းပြောကြတာကိုလည်း လုံးဝပစ်ပယ်ထားလို့မရပါဘူး။ သရဲတွေဟာ လူတွေဆီက Energy တွေကို ဆွဲငင်ပါတယ်။ အထူးသဖြင့် Heat Energy ပါ။ ဒါကြောင့် သူတို့အနီးနားမှာရှိတဲ့အခါ ရုတ်တရက် ချမ်းစိမ့်စိမ့်ဖြစ်သွားတာကို ခံစားရနိုင်ပါတယ်။ (၂) Modern Technological ပစ္စည်းတွေ ရုတ်တရက် ကောင်းကောင်းအလုပ်မလုပ်တော့ခြင်း သူငယ်ချင်းတစ်ယောက်က ကိုယ့်ကိုဆက်သွယ်ချင်ရင် ဖု...