သင် သရဲ ခြောက်ခံနေရပြီလား???

 သင် သရဲအခြောက်ခံနေရပြီလား ????




⛔မီးပျက်‌တဲ့ည အခန်းထဲမှာ တစ်ယောက်ထဲရှိနေတဲ့အချိန် ထူးထူးဆန်းဆန်း ကြက်သီးတွေထလာဖူးပါသလား?? 


⛔ခုတင်အောက်မှာ (သို့) တံခါးဝမှာ တစ်‌ယောက်ယောက်ရှိနေသလို ခံစားရဖူးပါသလား?? 


⛔တစ်ယောက်ယောက်က ကိုယ့်ကိုချောင်းကြည့်နေသလို ခံစားရဖူးပါသလား??


တစ်ကယ်လို့ ဒီလိုခံစားနေရတယ်ဆိုရင်တော့ သင့်ရဲ့အနီးနားမှာ ပရလောကသားတွေရှိနေလို့ဖြစ်နိုင်ပါတယ်။


ဒီနေ့မှာတော့ ကျွန်တော်က ပရလောကသားတွေ အနီးနားမှာရှိနေတဲ့အခါ တွေ့ရတတ်တဲ့ လက္ခဏာ (၆) ခုကို ပြောပြပေးမှာမို့ အဆုံးထိဖတ်သွားကြပါဦး။


(၁) ရုတ်တရက်အပူချိန်ပြောင်းလဲခြင်း


ရုတ်တရက် ပတ်ဝန်းကျင်က ချမ်းစိမ့်စိမ့်ဖြစ်လာတာကို သတိထားမိတတ်ပါတယ်။ ရုတ်တရက်ဆိုရင် ဒါဟာ ဒရာမာ ဆန်တယ်လို့ထင်ရပေမယ့် တကယ်ကြုံတွေ့ခဲ့ရတဲ့သူတိုင်းပြောကြတာကိုလည်း လုံးဝပစ်ပယ်ထားလို့မရပါဘူး။ သရဲတွေဟာ လူတွေဆီက Energy တွေကို ဆွဲငင်ပါတယ်။ အထူးသဖြင့် Heat Energy ပါ။ ဒါကြောင့် သူတို့အနီးနားမှာရှိတဲ့အခါ ရုတ်တရက် ချမ်းစိမ့်စိမ့်ဖြစ်သွားတာကို ခံစားရနိုင်ပါတယ်။


(၂) Modern Technological ပစ္စည်းတွေ ရုတ်တရက် ကောင်းကောင်းအလုပ်မလုပ်တော့ခြင်း


သူငယ်ချင်းတစ်ယောက်က ကိုယ့်ကိုဆက်သွယ်ချင်ရင် ဖုန်းဆက်တာ၊ မက်ဆေ့ပို့တာမျိုးတွေ လုပ်လေ့ရှိပေမယ့် ပရလောကက သရဲ‌တစ္ဆေတွေက ကိုယ့်ကိုဆက်သွယ်ချင်ရင် ကိုယ်သိသာမြင်သာလောက်မယ့် အချက်ပြမှုမျိုးပြုလုပ်တတ်ကြပါတယ်။ ဥပမာ TV ကြည့်နေရင်း ပိတ်လိုက်ပွင့်လိုက်ဖြစ်တာ၊ မီးသီးမှိန်သွားတာ၊ ရေဒီယို ကတ်ဆက်မှ အသံများကြားရတာ စတဲ့ Signal တွေပြတတ်ပါတယ်။ တခြား Dimensions ကနေ ကိုယ့်ကိုဆက်သွယ်ဖို့ လျှပ်စစ်ပစ္စည်းတွေကို အသုံးချတဲ့သဘောပေါ့။


(၃) ထူးထူးဆန်းဆန်း အနံ့ရခြင်း 


တခါတလေမှ ကိုယ့်အိမ်မှာ မရှိတာသေချာတဲ့ ပစ္စည်းတွေရဲ့ အနံ့တွေရနေတတ်ပါတယ်။ ဥပမာ - စီးကရက်နံ့၊ Leather နံ့၊ ပန်းအနံ့ ။ တခါတလေမှာတော့ ပုတ်အဲ့အဲ့ အနံ့တွေရတတ်ပါတယ်။ 


(၄) အရာဝတ္ထုများရွေ့ခြင်း၊ ဘယ်ကမှန်းမသိတဲ့ အသံတွေကြားရခြင်း


တခါတလေမှာ ပစ္စည်းတစ်ခုခုကို ကိုယ်ထားခဲ့တဲ့နေရာကနေ ဘယ်သူမှမရွှေ့ဘဲ ရွေ့နေတာမျိုး၊ ပြူတင်းတံခါးက လေမတိုက်ဘဲ ပိတ်သွားတာမျိုး ကြုံဖူးပါသလား ?ဒါဟာ သင့်ကို သူတို့ရှိကြောင်း အချက်ပေးဖို့အတွက် ရွှေ့ထားတာဖြစ်နိုင်ပါတယ်။ 


တခါတလေ အိမ်ထဲမှာခြေသံတွေကြားရတာမျိုး၊ လှေကားကနေတက်လာသံကြားပေမယ့် ထွက်ကြည့်ရင် ဘာမှမရှိဝာာမျိုး၊ တစ်ခုခုကျကွဲသံကြားရပေမယ့် သွားကြည့်ရင် ဘာမှမရှိတာမျိုး လည်းဖြစ်နိုင်ပါတယ်။


(၅) တိရစ္ဆာန်များရဲ့ ထူးဆန်းတဲ့ အပြုအမူ


သင်ရဲ့အိမ်မှာ အိမ်မွေးခွေး၊ ကြောင်ရှိရင် သူတို့ရဲ့ အပြုအမူတွေကနေတဆင့်လည်း သင့်အိမ်မှာ ပရလောကသားတွေရှိနေလားဆိုတာ သိနိုင်ပါတယ်။ ခွေးလေးတွေဆိုရင် လူတွေ မမြင်နိုင်၊ မကြားနိုင်တဲ့ frequency တွေကို သိရှိနိူင်ပါတယ်။ သင့်ခွေးလေးက တစ်ခုခုကို ထိုးဟောင်နေတာ၊ အခန်းထဲမှာ စိုက်ကြည့်ပြီး အူနေတာ၊ ဘာမှမရှိတဲ့နားမှာ အမြီးလေးနှံ့ပြီး သခင်နဲ့ကစားသလိုလုပ်နေရင်တော့ သင်သတိထားသင့်ပါပြီ။


(၆) သင့်ရဲ့ ဆတ္ထမ အာရုံ 


ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှုလေးတွေသာမက သင့်ရဲ့ အာရုံထဲမှာလည်း ထူးထူးဆန်းဆန်းခံစားရတတ်ပါတယ်။ တစ်ခုခုကို အလိုလိုသိနေတဲ့ ခံစားချက်မျိုးပါ။ 


အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးပါ။ 



နောက်ဆုံး အရေးကြီးတဲ့ မေးခွန်းလေးတစ်ခုကိုဖြေသွားပေးပါဦး။


သင်ရော သ‌ရဲတွေတကယ်ရှိတယ်လို့ ထင်ပါသလား??

Comments

  1. သရဲရှိတယ်လို့ ယုံပါတယ်

    ReplyDelete
  2. ပုံဘဲကြည့်လိုက်တယ်မဖတ်ဘူး😖

    ReplyDelete
    Replies
    1. စာပါဖတ်မှ မင်မင်သဘောကျမှာပေါ့ဗျာ😁😁

      Delete
    2. မဖတ်နိုင်ဘူး မဖတ်နိုင်ဘူး🥲

      Delete
    3. မင်မင်ရဲ့စေတနာကို အသိအမှတ်ပြုပေးသင့်ပါတယ်ဗျာ။

      Delete
    4. တောင်းပန်ပါတယ်ဖတ်လိုက်ပါပြီရှင်းးးးး🥲

      Delete
    5. ကိုမျိုးထွဍ်တယောက်သရဲအများကြီးခြောက်ခံရပါစေဗျာ

      Delete
  3. I believe that
    But I have never been that experience
    For my understanding, they are trying to communicate to help them or for something.

    ReplyDelete
  4. Replies
    1. No ရေးတဲ့သူတွေ သရဲအခြောက်ခံရပါစေ

      Delete
    2. သရဲရယ် မြန်မြန် ခြောက်ပါ ဒီလူကို

      Delete
  5. Replies
    1. မသိတဲ့သူ သရဲက ပိုခြောက်တယ်

      Delete
  6. ငယ်ငယ်ကတော့ ခြောက်ခံရဘူးသလားပဲ ✌️🍀

    ReplyDelete
  7. 😭မဖတ္ရဲဘူး

    ReplyDelete
  8. တကယ်တမ်းကြ သရဲရှိတယ်လို့မယုံတဲ့သူတွေက သရဲပိုကြောက်တတ်ကြပါတယ်

    ReplyDelete
  9. ညကြီးကိုဗျာ🥲

    ReplyDelete
  10. မအလ သေရင် ငရဲ

    ReplyDelete
  11. Wheel..........dope.🏹🏹🏹

    ReplyDelete
  12. ခြောက်တဲ့သရဲ ကြော်စားပစ်မယ်🙃

    ReplyDelete
  13. ဖတ်ရုံနှင့်တင် ကြောက်လာပြီ🥶

    ReplyDelete
  14. သရဲခြောက်ခံရဘူးတယ် ဆေးရုံမှာ မနက်၃နာရီေလာက်အခန်းတံခါးလာခေါက်တာ

    ReplyDelete
  15. ရှိမရှိလည်းမသိ တစ်ခါမှလည်းအခြောက်မခံရဖူးပေမယ့် သေမလောက်အောင်ကြောက်ပါတယ် ဒီ blog တောင်မဖတ်ရဲဘူး တစ်ညလုံးခြောက်ခြားနေမှာစိုးလို့

    ReplyDelete
  16. မခြောက်ခံရပါဘူး

    ReplyDelete
  17. ညဘက်လေးတင်ပေးလို့ ကျေးဇူး 🤌

    ReplyDelete
    Replies
    1. ဟုတ်
      သတိထားမိတာ ညဘက်တွေပဲနော် 🤧

      Delete

Post a Comment