Acronym-6(JPEG)

 




အတိုကောက်စာလုံးတွေကနေ ဝေါဟာရတစ်ခုအဖြစ်ပြောင်းလဲလာတဲ့ စကားလုံးတွေကို  Acronym လို့ခေါ်ပါတယ်။ Acronym တစ်ခုဖြစ်တဲ့ Jpeg အကြောင်း မျှဝေလိုက်ပါတယ်။


ဂျေပက် လို့‌ ခေါ်ကြတဲ့ Jpeg ဆိုတာယနေ့ခေတ်မှာတော့ လူတိုင်းနဲ့ရင်နှီးပြီးသားစကားလုံးတစ်ခုပါပဲ။ လူမှုကွန်ယက်မှာ မျှဝေနေကြတဲ့ ပုံအများစုဟာ Jpeg အမျိုးအစားပုံတွေဖြစ်ပါတယ်။ တကယ်တမ်းကတော့ Jpeg ဆိုတာ ကွန်ပျူတာရုပ်ပုံတွေကို file size သေးသွားအောင်ပြောင်းလဲပေးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းကို ဖန်တီးခဲ့တာကတော့ Joint Photographic Experts Group ဖြစ်ပါတယ်။ သူတို့ရဲ့နည်းပညာကို 1992 မှာထုတ်ဖေါ်ဖြန့်ဝေခဲ့ပါတယ်။ အဲဒီအဖွဲ့ရဲ့အတိုကောက်နာမည်ကို ရုပ်ပုံတွေရဲ့ file extension အဖြစ်သုံးစွဲထားတာပါ။ 


Jpeg နည်းပညာဟာ ရုပ်ပုံတွေရဲ့ file size ကို 10 ဆလောက်ချုံ့ချပေးပြီး ပုံအရည်အသွေးကိုတော့ သိပ်မကျဆင်းအောင်ထိန်းသိမ်းပေးပါတယ်။ Jpeg စနစ်နဲ့အသင့်တော်ဆုံးရုပ်ပုံအမျိုးအစားကတော့ ဓါတ်ပုံတွေလို့ဆိုပါတယ်။ Jpeg နည်းပညာဟာ ဓါတ်ပုံတစ်ပုံထဲက လူသားရဲ့ပကတိမျက်စိနဲ့မြင်သိဖို့ရာခက်ခဲတဲ့အပိုင်းတွေကိုဖယ်ထုတ်လိုက်ပြီး အရောင်တွေကိုမူလပုံနဲ့မကွာခြားအောင် ပြန်လည်ချိန်ညှိပေးတာပါ။  Jpeg နည်းပညာနဲ့ဖေါ်ပြနိုင်တဲ့အရောင်ပေါင်း 16 သန်းကျော်ရှိတဲ့အတွက်ကြောင့် သဘာဝရဲ့ဘယ်အရောင်ကိုမဆို Jpeg ပုံတစ်ပုံမှာ ပြန်လည်ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒီအချက်ဟာ အသုံးပြုသူတွေကို သဘောတွေ့စေပါတယ်။ ရုပ်ပုံတွေနဲ့ပါတ်သက်လာရင်တော့ Jpeg ဟာ အသုံးများဆုံးစနစ်တစ်ခုအဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။

Comments

Post a Comment