Heinkel He 178

 Heinkel He 178 (The First Jet Airplane)




လူသားတွေဟာ လေပေါ်မှာ ပျံသန်းနိုင်ဖို့ ၉ ရာစုလောက်ကတည်းက ကြံဆခဲ့ကြတယ်လို့ မှတ်တမ်းတွေကဆိုပါတယ်။ ဒါပေမယ့် စက်မှုပညာမထွန်းကားသေးခင်ကာလတွေမှာ လေဟုန်စီးတဲ့ ဂလိုက်ဒါအဆင့်လောက်သာ တတ်နိုင်ခဲ့ကြပါတယ်။ မောင်းနှင်သူကထိန်းချုပ်ပျံသန်းလို့ရတဲ့ အင်ဂျင်တပ်လေယာဉ်ပျံကို Wright ညီနောင်တို့က 1903 ခုနှစ်မှာ ပထမဆုံးပျံသန်းပြခဲ့တဲ့အချိန်ကစလို့ လေကြောင်းနည်းပညာဟာ တစ်ခေတ်ဆန်းတိုးတက်လာခဲ့ပါတယ်။ အဲဒီနောက် လေယာဉ်အင်ဂျင်တွေကို တစစအဆင့်မြှင့်တင်လာခဲ့ကြတာမှာ 1920 ကျော်ကာလတွေမှာ   Jet အင်ဂျင်ရဲ့ ကနဦးပုံစံတွေပေါ်ထွက်လာခဲ့ပါတယ်။ 1939 ခုနှစ်မှာတော့ ဂျာမန်စက်မှုလုပ်ငန်းရှင် Ernst Heinkel ဟာ ဂျာမန်လူငယ်အင်ဂျင်နီယာ Hans von Ohain တီထွင်ထားတဲ့ Jet အင်ဂျင်ကိုသုံးပြီး Jet အင်ဂျင်သက်သက်နဲ့ ပျံသန်းတဲ့ ပထမဆုံးလေယာဉ်ပျံကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီလေယာဉ် model ကို He 178 လို့ခေါ်ပြီး ပိုင်းလော့ဖြစ်သူ Erich Warsitz က 1939 Aug 27 ရက်မှာ ပျံသန်းပြခဲ့ပါတယ်။


He 178 ဟာအင်ဂျင်တစ်လုံးတပ်လေယာဉ်ဖြစ်ပြီး ပိုင်းလော့တစ်ယောက်တည်းသာစီးနင်းလိုက်ပါနိုင်ပါတယ်။ အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီ 372 မိုင်နှုန်းဖြစ်ပါတယ်။ ဒီလေယာဉ်ကို စစ်ဖက်ဆိုင်ရာမှာ အသုံးပြုဖို့ရည်ရွယ်ခဲ့ပြီး အချိန်အားဖြင့်တော့ ၁၀ မိနစ်ခန့်ပဲ တိုက်ပွဲဝင်နိုင်ပါတယ်။ Heinkel ဟာ သူ့ရဲ့လေယာဉ်ကို ဂျာမာန်စစ်ဘက်အရာရှိတွေကို သရုပ်ပြခဲ့ပေမယ့် အရာရှိများသဘောတွေ့အောင် မဆွဲဆောင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် He 178 ဟာ နောက်ထပ်အဆင့်မြင့်တဲ့ Jet လေယာဉ်တွေပေါ်ပေါက်လာဖို့ အခြေခံကောင်းတွေကို ရရှိစေခဲ့ပါတယ်။ He 178 model ရဲ့ ပထမဆုံးတည်‌ဆောက်ခဲ့တဲ့ လေယာဉ်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးကြဲခံရမှုကြောင့် Berlin ပြတိုက်နဲ့အတူ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

Comments

  1. This comment has been removed by the author.

    ReplyDelete
  2. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment