Ramsay Hunt Syndrome

 


အခုတလော Online ပေါ်မှာ ‌တွေ့တွေ့နေရတယ် Justin Bieber ရဲ့ မျက်နှာတစ်ခြမ်း အကြောသေသွားတာကြောင့် Show ပွဲတွေ ရွှေ့ဆိုင်းလိုက်ရ‌တာကို အားလုံးသိပြီးသားဖြစ်နေရောပေါ့။ 


ဒီလို မျက်နှာတစ်ခြမ်းအကြောသေရတာဟာ Ramsay Hunt Syndrome လို့ခေါ်တဲ့ ရောဂါတစ်မျိုးဖြစ်လို့ပါတဲ့။ ကဲ ဒီ Ramsay Hunt ဆိုတဲ့ ရောဂါဟာ ကူးစက်တတ်သလား? ဘာကြောင့်ဖြစ်ရတာလဲ? ကုသလို့ကောရသလား?

ဒီစာကိုဖတ်နေတဲ့ Clicker တို့ကော ဒီရောဂါဖြစ်လာနိုင်လား?? 


ကဲ ဒီ Ramsay Hunt ဆိုတဲ့ ရောဂါလေးအ‌ကြောင်းကို Click နှိပ်ရင်း ဗဟုသုတအနေနဲ့ လေ့လာကြည့်ရအောင်။


ဒီရောဂါရဲ့ ထင်ရှားတဲ့ လက္ခဏာတွေက 


နားတစ်ဝိုက်၊ ပါးစပ်တစ်ဝိုက်မှာ အရည်ကြည်ဖုလေးတွေရှိတတ်ပြီး အနီကွက်လေးတွေရှိနေတတ်ပါတယ်။ ဒီအနီကွက်လေးတွေက အနည်းငယ် နာကျင်တတ်ပါတယ်နော်။ ဒါ့အပြင်


နားတစ်ဝိုက်နာကျင်ခြင်း


နားလေးသွားခြင်း


ချာချာလည်မူးခြင်း


မျက်နှာတစ်ခြမ်းအကြောသေသွားခြင်း


မျက်လုံးပိတ်၍မရခြင်း


မျက်လုံးနီရဲခြောက်သွေ့ခြင်း


တခါတ‌ရံ ခံတွင်းပျက်ခြင်း စတာတွေ ခံစားရနိုင်ပါတယ်။


❓❓ဒီ Ramsay Hunt ရောဂါဟာ ကူးစက်နိုင်ပါသလား?❓❓


စိတ်မပူပါနဲ့ ဒီရောဂါဟာ မကူးစက်နိုင်ပါဘူး။  ဒါပေမယ့် ဒီရောဂါကVaricella Viruses ကြောင့်ဖြစ်တဲ့ရောဂါဖြစ်တဲ့အတွက် ရောဂါလက္ခဏာအနေနဲ့ ပေါ်လာတဲ့ အရည်ကြည်ဖုလေးတွေထဲမှာရှိတဲ့ အရည်တွေနဲ့ထိ‌တွေ့မိပြီး Virus ကူးစက်ခံရနိုင်ပါတယ်။ ကူးစက်ခံရတဲ့သူဟာ Ramsay Hunt ရောဂါ ဖြစ်သွားမှာမဟုတ်ဘဲ ကူးစက်ခံရတဲ့ Virus ရဲ့ရောဂါဖြစ်တဲ့ ရေယုန်၊ ရေကျောက်စတဲ့ ရောဂါတွေဖြစ်ပွားသွားနိုင်တာပါ။ ဒါ့ကြောင့် ကလေးငယ်လေးတွေ၊ ကိုယ်ခံအားမကောင်း‌တဲ့သူတွေနဲ့တော့ အနီးကပ်မနေသင့်ပါဘူးနော်။



❓❓မြန်မာနိုင်ငံမှာလည်း မျက်နှာတစ်ခြမ်းလေဖြန်းတာမျိုးတွေ ဖြစ်လေ့ရှိတယ်ဆိုတော့ အဲ့တာနဲ့ ဂျက်စတင်ဘီဘာဖြစ်တဲ့ ရောဂါနဲ့ ဘာကွာသလဲ?❓❓


မြန်မာနိုင်ငံရဲ့ အရပ်ပြောစကား ရေချိုးမှားပြီး မျက်နှာတစ်ခြမ်းလေဖြန်းသွားတယ်၊ မျက်လုံးမှိတ်မရတော့ဘူး၊ ပါးစပ်ရွဲ့သွားတယ် စတဲ့ ရောဂါလက္ခဏာတွေပြတတ်တဲ့ Bell's paulsy လို့ခေါ်တဲ့ မျက်နှာအာရုံကြောရောင်ရမ်းတာ အတွေ့ရများပါတယ်။ ဒီရောဂါ ဖြစ်ရတာဟာလည်း Virus တစ်မျိုးကြောင့်ဖြစ်ရတာဖြစ်ပြီး ဘာ Virus ကြောင့်ဖြစ်ရသလဲဆိုတာ သိရလေ့မရှိပါဘူး။


Ramsay Hunt ရောဂါမှာတော့ မျက်နှာရွဲ့သွားတာ၊ မျက်လုံးမှိတ်မရတာ အပြင် အနီကွက်များ၊ အရည်ကြည်ဖုများပေါ်ခြင်း၊ နာကျင်ခြင်း၊ နားအူခြင်း စတဲ့ ရောဂါလက္ခဏာတွေတွေ့ရတတ်ပြီး ဒီရောဂါကိုတော့ Varicella လို့ခေါ်တဲ့ Virus အုပ်စုကြောင့်ဖြစ်ရတာပါ။ ဒီ Virus အုပ်စုဟာ ရေ‌ယုန်၊ ရေကျောက် ‌စတဲ့ အရည်ကြည်ဖုထတဲ့ ရောဂါတွေ‌ကိုဖြစ်စေတဲ့ Virus အုပ်စုပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီ Ramsay Hunt ရောဂါမှာလည်း နာကျင်တဲ့ အနီကွက်တွေ၊ အရည်ကြည်ဖုတွေ ကိုတွေ့ရတာဖြစ်ပါတယ်။



❓❓ ဒီရောဂါကို ပျောက်ကင်းအောင် ကုသလို့ရသလား ❓❓


ဒီရောဂါကို ပျောက်ကင်း သက်သာအောင် ကုသလို့ရပါတယ်။ 


💊နာကျင်မှုကိုလျှော့ချပေးတဲ့ဆေးတွေ

💊Virus ဆက်မ‌ပွားစေတဲ့ဆေးတွေ


နဲ့ကုသနိုင်ပါတယ်။ စောစောကုသလေလေ ရောဂါလက္ခဏာနည်းပြီး ပျောက်ကင်းတာမြန်လေလေပါပဲ။


ဒါပေမယ့် တချို့လူတွေမှာတော့ ရောဂါလက္ခဏာတွေကို လတွေ၊ နှစ်တွေအထိကြာအောင် ခံစားရတာမျိုးတွေလည်းရှိပါတယ်။


ဒီရောဖြစ်နိုင်ခြေကို လျှော့ချဖို့၊ ဖြစ်လာခဲ့ရင် ရောဂါလက္ခဏာ မပြင်းထန်စေဖို့ ကာကွယ်ဆေးတွေလည်း ထိုးနှံထားနိုင်ပါသေးတယ်နော်။


ကဲ ဒီလောက်ဆိုရင်တော့ Clicker တို့လည်း ကလစ်ရင်း ဗဟုသု‌တတွေပါ ရသွားမယ်လို့မျှော်လင့်ပါတယ်။


✊✊✊

Comments

  1. This comment has been removed by the author.

    ReplyDelete
  2. Wheel.........dope.🏹🏹🏹

    ReplyDelete
  3. ဗဟုသုတများစွာရတဲ့အတွက်ကျေးဇူးတင်ပါတယ်❤️

    ReplyDelete
  4. Ramsay Hunt's Syndrome ကနားပါလေးတတ်တယ်

    ReplyDelete

Post a Comment