Sreentime များခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ


IT ခေတ်ထဲမှာ ဘာအလုပ် လုပ်လုပ် ဖုန်း၊ Laptop ‌တွေဟာ မရှိမဖြစ်အသုံးပြုနေရသလို၊ အခုလိုကာလမှာ အိမ်ထဲမှာနေရင်း Phone အသုံးပြုချိန်တွေများလာတာကို အားလုံးသတိထားမိကြမှာပါ။


Screentime များလာတာနဲ့အတူ နောက်ကနေ လိုက်လာမယ့် ကျန်းမာရေးဆိုးကျိုးလေးတွေ ရှိနေပါသေးတယ်။ ကိုယ်က Screentime များတတ်တဲ့သူ‌ဆိုရင်တော့ ဗဟုသုတအနေနဲ့ အဆုံးထိဖတ်ဖို့လိုမယ်နော်။



🚨ခန္ဓာကိုယ်ညောင်းညာခြင်းနှင့် မျက်လုံးညောင်းခြင်း🚨


အလင်းရောင်ထွက်နေတဲ့ Phone, Laptop Screen ကို နာရီများစွာကြာအောင် ကြည့်မိတဲ့အခါ မျက်လုံးခြောက်သွေ့လာပြီး မျက်လုံးကြိမ်းခြင်း၊ ညောင်းခြင်း၊ အမြင်အာရုံဝေဝါးခြင်းတို့ဖြစ်စေနိုင်ပြီး မျက်လုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။ 


Smart Phone တွေကို အသုံးပြုတဲ့အခါ ခေါင်းငုံ့သုံးလေ့ရှိတာကြောင့် ကိုယ်နေဟန်ထားမမှန်တော့ဘဲ ညောင်းညာကိုက်ခဲခြင်းတွေကို ခံစားရနိုင်ပါတယ်။


🚨အိပ်ရေးပျက်ခြင်း🚨


Smart Phone ကနေထွက်တဲ့ ရောင်ခြည်တချို့ဟာ ဦးနှောက်ကို Alert ဖြစ်နေစေတာကြောင့် အိပ်ချိန်ရောက်သော်လည်း အိပ်မ‌ပျော်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် မအိပ်ခင် နာရီဝက် တစ်နာရီလောက်အလိုကတည်းက ဖုန်း/ laptop သုံးခြင်းကို ရပ်နားထားသင့်ပါတယ်။


🚨အဝလွန်နိုင်ချေများခြင်း🚨 


Digital Device တွေကို အသုံးပြုမှုများနေတာကြောင့် ကိုယ်လက်လှုပ်ရှားအားကစားလုပ်မှု နည်းသွားတတ်ပါတယ်။ လှုပ်လှုပ်ရှားရှား အားကစားမလုပ်တဲ့အခါ အဆီတွေစုလာနိုင်ပါတယ်။ ဒါ့အပြင် TV ကြည့်ရင်းစားလေ့ရှိတဲ့ Fast Food တွေကြောင့်လည်း Weight တက်စေနိုင်ပါတယ်။


🚨နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ချေရှိခြင်း 🚨


ရေရှည်မှာ အဝလွန်တာရဲ့နောက်ဆက်တွဲ‌အနေနဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အစရှိတဲ့ ရောဂါတွေ ဖြစ်ပွားလာနိုင်ပါတယ်။


🚨အာရုံမစိုက်နိုင်တော့ခြင်း🚨


Screentime များခြင်းက ဦးနှောက်အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ သတိမေ့ခြင်း၊ သေချာအာရုံမစိုက်နိုင်တော့ခြင်း စတဲ့ ဦးနှောက်နဲ့သက်ဆိုင်တဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ကလေးငယ်လေးတွေကို ဖုန်းအကြာကြီးပေးသုံးတဲ့အခါမှာလည်း စာသင်ကြားမှုမှာ အခက်အခဲတွေဖြစ်စေတတ်ပါတယ်။


🚨အပေါင်းအသင်းနည်းလာခြင်း🚨


Digital Platforms ပေါ်မှာပဲ အပေါင်းအသင်းတွေရှိပြီး အပြင်လောကမှာ လူအချင်းချင်း ပြောဆိုဆက်ဆံမှုတွေ နည်းပါးလာပါတယ်။ ကြာလာတဲ့အခါ Social Skills တွေကျဆင်းလာပြီး လူတွေနဲ့ဆက်ဆံရမှာကို ရှောင်ဖယ်ချင်လာတတ်ပါတယ်။


🚨Self esteem ကျခြင်း🚨


Screen Time များတယ်ဆိုတဲ့ သဘောက Digital Platform ပေါ်မှာ ကိုယ့်ရဲ့အချိန်တွေကိုသုံးလိုက်တာပါ။ ဒီတော့ ဒီအချိန်တွေမှာ အပြင်လောကမှာ လုပ်လို့ရတဲ့ Productive ဖြစ်စေမယ့် အရာတွေ မလုပ်နိုင်တော့ပါဘူး။ ကြာလာတဲ့အခါ သူများတွေနဲ့ လိုက်ယှဉ်မိပြီး ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်လာတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ကျဆင်းလာတတ်ပါတယ်။



ကဲ Screen Time များတတ်တဲ့ သူတွေအနေနဲ့ ဒီဆိုးကျိုးတွေမခံစားရ‌ေအာင် ချင့်ချင်ချိန်ချိန်လေး အသုံးပြုကြပါစို့။

Comments

Post a Comment