Yahoo!

 Acronym-5 (Yahoo!)




အတိုကောက်စာလုံးတွေကနေ ဝေါဟာရတစ်ခုအဖြစ်ပြောင်းလဲလာတဲ့ စကားလုံးတွေကို  Acronym လိုခေါ်ပါတယ်။ Acronym တစ်ခုဖြစ်တဲ့ Yahoo! အကြောင်း မျှဝေလိုက်ပါတယ်။


အင်တာနက်ခေတ်ဦးကို မှီလိုက်သူတွေအတွက်ကတော့ Yahoo!ဆိုတာကို ငယ်သူငယ်ချင်းတစ်ယောက်လို ရင်းနှီးနေကြမှာပါ။ Yahoo! search engine, Yahoo! mail တို့ကို အင်တာနက်ခေတ်ဦးမှာ နှစ်ခြိုက်စွာသုံးခဲ့ကြရပါတယ်။ Yahoo! web service ကုမ္ပဏီကို Jerry Yang နဲ့ David Filo တို့က ၁၉၉၄ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ယနေ့ခေတ်မှာ ယှဉ်ပြိုင်မှုများစွာရှိနေပေမယ့် Yahoo!ရဲ့ ဟာအောင်မြင်တဲ့ကုမ္ပဏီအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ Web service မှာ Google ဟာလူသုံးအများဆုံးဆိုပေမယ့် အသက် ၅၀ ကျော် လူကြီးပိုင်းတွေကတော့ ငယ်စဉ်ကတည်းကရင်းနှီးခဲ့တဲ့ Yahoo! ကို နှစ်ခြိုက်စွာ သုံးနေကြဆဲ ဖြစ်ပါတယ်။


Yahoo ဆိုတဲ့ဝေါဟာရဟာ အရင်ကတည်းက ရှိနှင့်ထားတဲ့ ဝေါဟာရတစ်ခု ဖြစ်ပါတယ်။ ပျော်ရွှင်မှုကို ဖော်ပြတဲ့ ရေရွတ်မှုတစ်ခုဖြစ်သလို Gulliver's travels အပိုင်း(၄) မှာ ထည့်သွင်းရေးသားထားတဲ့ လူနဲ့ဆင်တူတဲ့ သတ္တဝါတွေအဖြစ်လဲ သိကြပါတယ်။ Jerry Yang နဲ့ David Filo တို့ဟာ ဒီဝေါဟာရကိုသုံးပြီး ကုမ္ပဏီကို နာမည်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့နာမည်ဟာ အထက်ပါအဓိပ္ပါယ်တွေနဲ့တော့ သက်ဆိုင်ခြင်းမရှိပါဘူး။ Yahoo! လို့ အာမေဋိတ်သင်္ကေတလေးတဲ့ အဆုံးသတ်ထားတဲ့ နာမည်ဟာ Yet Another Hierarchical Officious Oracle ရဲ့ အတိုကောက်ဖြစ်ပါတယ်။ "အချက်အလက်များကို အလွှာလိုက်စီမံဆောင်ရွက်ပေးပြီး ရုံးဌာနလုပ်ငန်းခွင်တွေကိုပါထောက်ပံ့ပေးနိုင်သော အသိဉာဏ်ပညာဆိုင်ရာအရင်းအမြစ်" လို့ အဓိပ္ပါယ်ရပါတယ်။ တကယ်တမ်းကတော့ Gulliver's travels ဇတ်လမ်းထဲက Yahoo ဆိုတဲ့စကားလုံးကို သဘောကျလို့ အဲဒါနဲ့ကိုက်အောင် အအဓိပ္ပါယ်ဖွင့်ခဲ့တာပါလို့ Jerry Yang နဲ့ David Filo တို့ကဆိုပါတယ်။ ရှိပြီးသား စကားလုံးကိုယူပြီး အဓိပ္ပါယ်အရှည်ကို ဖန်တီးထားတာဖြစ်လို့ Acronym အစစ်တော့မဟုတ်ဘဲ Backronym လို့ပြောရမှာပါ။

Comments

  1. Wheel........dope.🏹🏹🏹

    ReplyDelete
  2. အချိန် ရှိခိုက်
    ကလစ် လိုက်

    ReplyDelete

Post a Comment