ပုံပြင်

 ကျ‌နော်သဘောကျတဲ့ပုံပြင်လေးတစ်ခုရှိတယ်ဗျ


တခါတုန်းက ဘုရင်ကြီးတစ်ပါးဟာ

"လူနုံ လူအ"ကို ‌မတွေ့ဖူးလို့

တွေ့ဘူးလေရှိအောင် အမတ်ကြီးကို ခေါ်တိုင်ပင်တယ်။ အမတ်ကြီးကလဲ တွေ့စေရပါမယ်ပေါ့..။


အဲ့လိုနဲ့ သူတို့နှစ်ယောက် ဆင်းရဲသားဟန်ဆောင်ပြီးတော့ စနည်းနာထွက်ခဲ့ကြတယ်။ အမတ်ကြီးက သူ့အချစ်တော်ခွေးလေးကိုပါခေါ်သွားတယ်။


တောစပ်ရောက်တော့ ခရီးသည်တစ်‌ေယာက်ဟာ သူ့ရဲ့ထမင်းထုတ်လေး ဖြည်စားနေတာကိုတွေ့ကြတယ်။


အဲ့ချိန်မှာ အမတ်ကြီးရဲ့ခွေးလေးဟာ အဲ့လူဆီကိုပြေးသွားတယ်။ အဲ့လူနားရောက်တော့ ခွေးလေးကို သူစားတဲ့ထဲက တချို့တ၀က် ချကျွေးတာကိုတွေ့ကြတယ်။


နောက်တော့ ရှင်ဘုရင်နဲ့အမတ်ကြီးဟာ အဲ့လူနား ကပ်သွားတယ်။ အဲ့လူကတော့ သာမန်ဆင်းရဲသားလို့ပဲထင်ပြီးတော့ 

"မိတ်ဆွေတို့ စားကြပါအုံးလား" ဆိုပြီး ရဲရဲတင်းတင်း ဖော်ဖော်ရွေရွေပဲ နှုတ်ဆက်တယ်။


အဲ့မှာ အမတ်ကြီးက "စားပါဗျာ ကျုပ်တို့အခုပဲ စားခဲ့ပြီးပြီ။ ဒါနဲ့မိတိဆွေကို မမြင်တာကြာပြီ ဘယ်များရောက်နေသလဲ" လို့ မေးလိုက်တယ်။


အဲ့ခါမှာ ခရီးသည်က 

"မမြင်တာကြာဆို ဒီလိုပါဗျ။ ကျုပ်က တမြို့၀င်တရွာထွက် လှည့်လည်စီးပွားရှာနေတာ နှစ်နှစ်လောက်ရှိပြီ" လို့ ပြန်ဖြေရှာတယ်။ အဲ့‌ေတာ့အမတ်ကြီးက


"ခဗျားအိမ်ကခွေးလေးက အခုကျုပ်ခွေးကလေးနဲ့ အလွန်တူတာပဲနော်" လို့မေးလိုက်တယ်။ ခရီးသည်ကလဲ


"ဟုတ်တာပေါ့ဗျာ၊ သိပ်ကိုတူတာပဲ၊ မိတ်ဆွေကြီးက ကျုပ်ကိုတင်သိတာမဟုတ်ဘူး ကျုပ်ခွေးလေးပါသိတာကိုး" လို့ အားရ၀မ်းသာ ပြန်ဖြေလိုက်တယ်။


အဲ့မှာ အမတ်ကြီးက "ခဗျားခွေးလေးတင် ဘယ်ကမလဲ၊ ခဗျားတို့ တစ်အိမ်သားလုံး ကျုပ်သိတာပေါ့‌ဗျ" လို့ပြောလိုက်ပြန်တယ်။


ဘုရင်ကြီးကတော့ သူ့အမတ်နဲ့ ခရီးသည်နဲ့ အချီအချစကားပြောနေတာကိုပဲ ဘာတစ်ခွန်းမှ၀င်မပြောပဲ ငြိမ်ငြိမ်လေးနားထောင်နေတယ်။


အဲ့မှာ ခရီးသည်ကအမတ်ကြီးကို

"မိတ်ဆွေကြီးရယ်၊ ကျုပ်ရဲ့ခွေးလေးကျုပ်အိမ်မှာ ရှိသေးရဲ့လား" လို့မေးလိုက်တယ်။


အမတ်ကြီးက "စိတ်မ‌ကောင်းဘူးဗျာ၊ ခဗျားအိမ်ကထွက်သွားပြီးသိပ်မကြာခင်မှာပဲ ခဗျားခွေးလေးသေသွားရှာတယ်။ သေသွားတဲ့အကြောင်းရင်းကလဲ ခဗျားအိမ်က မြည်းကလေးသေသွားလို့ အဲ့မြည်းသားတွေကို တ၀တပြဲစားရင်း စားပိုးနင့်လို့ သေသွားရှာတာ" လိုပြောလိုက်တယ်ဆိုရင်ပဲ ခရီးးသည်က ဘာစကားမှမပြောပဲ ငိုင်ကျသွားတယ်။ ပြီးတော့...


"ဪ မြည်းကလေးပါသေရှာပြီကိုး" လို့ညည်းလိုက်တယ်။ အဲ့ခါမှာပဲ အမတ်ကြီးက 

"မြည်းကလေးဟာ ခဗျားသားလေးသေလို့ မကြာခင်မှာပဲ အစာကျွေးမဲ့သူမရှိလို့ အစာငတ်ပြီးသေရှာတာဗျ" လို့ပြောလိုက်ပြန်‌ရော ခရီးသည်ရဲ့ လက်ထဲကထမင်းလုတ်ဟာ ဘုတ်ကနဲပြုတ်ကျသွားတယ်။


"ဪ သားလေးပါသေရှာပြီကိုး" လို့လဲညည်းလိုက်တယ်။


အဲ့မှာပဲ အမတ်ကြီးက

"ခဗျားသားလေးဘာကြောင့် သေသလဲဆိုတော့ ခဗျားမိန်းမသေပြီး မကြာခင်မှာပဲ ရင်ကွဲနာကျပြီး သေတာဗျ" လို့‌ေပြာလိုက်ပြန်တယ်။ အဲ့ချိန်မှာ ခရီးသည်က ငိုတော့တာပဲ။


"မိန်းမပါ‌ သေရှာပြီကိုး" လို့ပြောပြီး တဟည်းဟည်းကို ငိုတော့တာပဲ။

အဲ့ဒီတော့မှ ပညာရှိအမတ်ကြီးက ခရီးသည်ကို


"ဒီမှာမိတ်ဆွေ၊ ကျုပ်ကို ခဗျားသိသလား" လို့‌ေမးလိုက်တယ်။

အဲ့ဒီတော့ခရီးသည်က "ဟင့်အင်းမသိပါဘူး၊ ဒါပေမဲ့ခဗျားက ကျုပ်အသိမိတ်ဆွေထဲကပဲ မဟုတ်ဘူးလား၊ ကျုပ်အကြောင်းကို ခရေစေ့တွင်းကျ သိနေပါလားလို့" ပြန်ပြီးမေးလိုက်တယ်။


"မဟုတ်ဘူး၊ ခဗျားက ကျုပ်ခွေးကလေးကို အစာကြွေးတာမြင်တာနဲ့ ခဗျားဟာ ခွေးချစ်တတ်တဲ့သူမှန်းသိတယ်။ အဲ့အချက်ကို ယူပြီးခဗျားမှာ ခွေးရှိတယ်လို့ ပြောတာ။ အိုဗျာ ကျုပ်က မဟုတ်မဟတ်လိမ်ညာပြီးပြောတာပါ။ စိတ်မညစ်ပါနဲ့၊ ခဗျားထမင်း ခဗျားပြန်စားပါ" လို့ခရီးသည်ကို နှစ်သိမ့်လိုက်ပြီး ရှင်ဘုရင်ကြီးကိုခေါ်ပြီး ပြန်တယ်။


နောက်တော့လမ်းမှာ ဘုရင်ကြီးကို 

"အရှင်မင်းကြီး၊ အရှင်မင်းကြီးတွေ့ဖူးချင်တယ်ဆိုတဲ့ "လူနုံ လူအ"ဆိုတာ စောနကလိုလူမျိုးကို ခေါ်တာပါဘုရား၊ ကိုယ်တိုင်မမြင်ရသေးတဲ့ကိစ္စကို ကိုယ်မသိတဲ့လူဆီက ပြောတဲ့စကားနဲ့ယုံကြည်တတ်သူဖြစ်ပါတယ်။ လောကမှာ ဒီလိုလူမျိုးကို "လူနုံ လူအ" စာရင်းထဲမှာထည့်ရပါမယ်" လို့်ေပြာလိုက်လေသည်။


(ကျနော်ကြိုက်တဲ့ပုံပြင်လေးတစ်ပုံပါ)

Comments

  1. -ပို၍လှတဲ့မနက်ခင်းလေးတစ်ခုပိုင်ဆိုင်ချင်တယ်...
    -ဒီနေ့ထက်ပိုလှတဲ့သောက်ကြာနေ့ကိုရောက်ချင်တယ်...

    -အနာဂတ်မှာရင့်ကျက်ပြီးတည်ငြိမ်တဲ့သူတယောက်လောက်ပဲမိတ်ဖွဲ့ချင်တော့တယ်...

    -နောက်ကျောဓားနဲ့ထိုးဖို့စောင့်နေတဲ့သူငယ်ချင်းအမည်ခံလေးတွေလဲမေ့ပစ်ချင်တယ်....

    -ဟာလာဟင်လင်း ရင်ဘတ်ကြီးကိုလဲ ချစ်တတ်အောင်ကျင့်ပေးခြင်တယ်...

    -ပန်းရနံ့သင်းပျံနေတဲ့ ခရမ်းရောင်အိပ်မက်လေးတစ်ခုလောက်ပဲမက်ချင်မိတော့တယ်...

    -လေးလံနေတဲ့စိတ်တွေကို သဘာဝတရားကြီးဆီလက်ဆောင်ပေးလိုက်ချင်တယ်...

    -ဒီနေ့ထက်ပိုသင့်တော်တဲ့ရင့်ကျက်မှုတစ်ခု မနက်ဖြန်ငါပိုင်ဆိုင်ချင်ပြီ....

    -အားလုံးထက် ပိုကောင်းတဲ့စိတ်လေးထားဖို့ ငါကြိုးစားနေဆဲ...

    -တခြားသူမဟုတ်တဲ့မင်းဆီက အကြင်နာစကားလေးလဲကြားဖူးချင်တယ်.......

    I want to have a more beautiful morning ...
    I want to have a better friday than today ...

    I want to make friends with someone who is mature and stable in the future ...

    I also want to forget the names of my friends who are waiting to be stabbed in the back...

    - I want to train my heart to love In my bosom that no longer feel anything like robots...

    I just want to have a purple dream that smells like flowers ...

    I want to give a heavy heart as a gift to nature ...

    Tomorrow I want to have a more appropriate maturity than today ....

    I'm still trying to be a better person ...

    I want to hear a kind word of love from you who is not someone else .......

    ............❤Htet............

    ReplyDelete
  2. ကျေးဇူးပါ😊

    ReplyDelete
  3. Wheel............dope.🏹🏹🏹

    ReplyDelete
  4. ╰⁠(⁠*⁠´⁠︶⁠`⁠*⁠)⁠╯

    ReplyDelete
  5. အင်းငါတို့လည်းပုံပြင်ထဲကလူလိုပါဘဲ

    ReplyDelete

Post a Comment