ပြုံးပါ၊ရယ်ပါ

 

ပြုံးပါ၊ ရယ်ပါ၊ ကျန်းမာမှာ    -

 "မြင်လျှင် မြင်ခြင်း မေတ္တာသက်ဝင်စေတဲ့နည်းဟာ ပြုံးခြင်းပါ" ဆိုတဲ့ စာတန်းလေးတွေကို ကျွန်မတို့ မကြာခဏ တွေ့ဖူး၊ ဖတ်ဖူးကြပါတယ်။ အခန်းနံရံတွေ၊ စျေးဆိုင်တွေ၊ လိုင်းကားတွေပေါ်မှာ Smileပုံလေးတွေ ကပ်ထားတာကိုလည်း တွေ့ဖူးကြပါတယ်။ ကျွန်မတို့လူသားတွေဟာ ပေါင်းသင်းဆက်ဆံရေးသတ္တဝါတွေ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အကြောင်းအမျိုးမျိုးနဲ့ ဆက်သွယ်နေကြပါတယ်။ အဲ့ဒီလို ဆက်သွယ်ကြတဲ့အခါမှာ 'အပြုံး' ဟာ အလွန်အရေးပါပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ပထမဆုံးတွေ့ဆုံကြတဲ့အခါ အပြုံးချင်းဖလှယ်ခြင်းဖြင့် ဆက်ဆံရေးတွေ ပိုမိုအဆင်ပြေလာပြီး ချောမွေ့တတ်ပါတယ်။



 အပြုံးဟာ လူတစ်ယောက်ကို ဆွဲဆောင်နိုင်တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ ပြုံးနေတဲ့လူတစ်ယောက်ဟာ သာမာန်လူတွေထက် ပိုပြီးနုပျိုပုံပေါ်ပါတယ်။ ပြုံးခြင်းဟာ လူတစ်ယောက်ရဲ့ မျက်နှာကို ပင့်တင်ပေးပြီး ကြွက်သားတွေကို တင်းစေတဲ့အတွက် ရှိရင်းစွဲအသက်ထက် သုံးနှစ်လောက် ပိုပြီးနုပျိုသွားစေပါတယ်။ ဒါ့အပြင် လူတွေဟာ မျက်နှာချိုချိုနဲ့ စကားပြောတတ်တဲ့သူတွေကို ပိုပြီးသဘောကျ လက်ခံလွယ်ကြပါတယ်။ လေ့လာမှုတွေအရ လူတွေရဲ့ ယုံကြည်မှုဟာ တစ်ဖက်လူရဲ့ မျက်နှာအနေအထားနဲ့လည်း ဆက်စပ်နေပါသေးတယ်တဲ့။ လုပ်ငန်းခွင်နဲ့ပတ်သတ်တဲ့ စိတ်ဖိစီးမှုတွေ၊ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းပြသတဲ့အပြင်  မိတ်ဆွေသူငယ်ချင်းတွေနဲ့


ဆက်ဆံရေးတည်ဆောက်တဲ့အခါတွေမှာပါ အရေးကြီးပါတယ်။ အဲ့ဒီလို ပြုံးပြုံးရွှင်ရွှင်ရှိတဲ့ သူဟာ ပေါင်းသင်းဆက်ဆံရေးတွေ အဆင်ပြေရုံသာမက တစ်ခြားကျန်းမာရေးနဲ့ ပတ်သတ်တဲ့ သက်ရောက်မှုတွေလည်း ပေးပါတယ်။


ပြုံးရယ်ခြင်းနှင့် ခန္တာကိုယ် ​ပြောင်းလဲမှု

ပုံမှန်အတိုင်းနေထိုင်တဲ့အချိန်မှာ မျက်နှာမှာရှိတဲ့ ကြွက်သားတွေရဲ့လှုပ်ရှားမှုကို ခြေရာခံပြီး ကျွန်မတို့ရဲ့ ဦးနှောက်က အရေးကြီးတဲ့ ဓာတုပစ္စည်းတွေကို ထုတ်ပေးပါတယ်။ အဲ့ဒီ ဓာတုပစ္စည်းတွေထဲက တစ်ခုဖြစ်တဲ့ Endorphins တွေဟာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။ စိတ်ပါလက်ပါနဲ့ ပြုံးတာဖြစ်ဖြစ်၊ ဟန်ဆောင်ပြီးတော့ ပြုံးတာပဲဖြစ်ဖြစ် မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားတွေ လှုပ်ရှားမှုပေါ် မူတည်ပြီး ဦးနှောက်ကို လှုံ့ဆော်မှုတွေပေးတိုင်းမှာ Endorphins တေက ထွက်နေမြဲပါပဲ။ ဒီတော့ ဦးနှောက်ကို Endorphins ထွက်နိုင်အောင် လှုံဆော်မှုပေးနိုင်လေလေ စိတ်ဖိစီးမှုတွေလျော့ကျပြီး များများ ပျော်ရွှင်ရလေဖြစ်ပါတယ်။


ပြုံးရယ်ခြင်းနှင့် စိတ်ဖိစီးမှု

ပြုံးလိုက်ရုံနှင့် ထွက်လာတဲ့ Endorphins ဓာတုပစ္စည်းတွေကြောင့် စိတ်ဖိစီးမှုဖြစ်စေတဲ့ Cortisol တွေဟာ သိသိသာသာ လျော့ကျသွားပါတယ်။ စိုးရိမ်ပူပန်မှုတွေနဲ့ ကြုံရတဲ့အခါ၊ စိတ်ကသိကအောက်ဖြစ်စရာတွေနဲ့ ကြုံရတဲ့အခါ Contisol တွေဟာ ပိုပြီးများများ ထွက်နိုင်ပါတယ်။ အဲ့လိုအချိန်မှာ စိတ်ကိုလျှော့ချပြီး ရယ်မောလိုက်တဲ့အခါ Contisol levelဟာ ရုတ်တရက်ကျဆင်းသွားပြီး စိတ်သက်သာရစေပါတယ်။ ရယ်မောခြင်းဟာ စိတ်အကျဥ်းအကျပ်ကနေ ရုန်းထွက်ဖို့ ကူညီပေးနိုင်တာကိုလည်း တွေ့ရပါတယ်။


ပြုံးရယ်ခြင်းနှင့် နှလုံးခုန်နှုန်း

နှလုံးကြွက်သားတွေရဲ့ တင်းအားကို လျှော့ချပြီး နှလုံးခုန်နှုန်းကိုပါ ထိန်းပေးတဲ့အတွက် နှလုံးကြွက်သားတွေအလွန်အမင်း အလုပ်လုပ်ရတာ၊ အောက်ဆီဂျင်လိုအပ်မှုများတဲ့ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ နှလုံးကြွက်သားတွေရဲ့ အလုပ်လုပ်တဲ့နှုန်းကို လျှော့ချပေးရာက သွေးဖိအားကိုထိန်းညှိပေးပြီး သွေးတိုးခြင်းကိုပါ ကာကွယ်ပေးပါတယ်။


ပြုံးရယ်ခြင်းနှင့် ကိုယ်ချင်းစာစိတ်

တကယ်တော့ အပြုံးဟာ ကျွန်မတို့အနားမှာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်တွေလိုပါပဲ။ တစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို ခပ်မြန်မြန်ပဲ ကူးစက်နိုင်ပါတယ်။ တစ်ယောက်ရဲ့ သာယာချမ်းမြေ့မှုကို တစ်ယောက်ဆီကို ပေါင်းကူးပေးနိုင်တဲ့ကြားခံဟာ ပြုံးပြခြင်းပါပဲ။ ကျွန်မတို့ဟာ တခြားသူရဲ့ နာကျင်မှုတွေကို လောလောဆယ် မနှစ်သိမ့်ပေးနိုင်ရင်တောင်မှ စာနာနှစ်သိမ့်မှုအပြုံးကို ရတဲ့အတွက် စိတ်ပြေလျော့သွားပါလိမ့်မယ်။



 ခန္တာကိုယ်ကလုပ်ဆောင်မှုတွေကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ဖိုအတွက် အပြုံးတွေက ထိရောက်စွာ ကူညီပေးနိုင်ပါတယ်။ ဘဝကို စိတ်လက်ပေါ့ပါးစွာ ဖြတ်သန်းနိုင်ဖို့အတွက် ပြုံးရယ်ခြင်းက ကောင်းကောင်း အထောက်အကူပြုပေးနိုင်ပါတယ်။ ပြုံးခြင်ဟာ ကြည့်လို့ကောင်းရုံတင်မကပဲ အသက်ရှည်ဖို့အတွက်ပါ အထောက်အကူပြုပါတယ်။



 ပြုံးလေ ပြုံးလေ၊ အသက်ရှည်လေလေ မဟုတ်ပါလား။ ။



*Reference_ Arogyam*

Comments

  1. Replies
    1. အပြုံးဟာ လူတစ်ယောက်ကို ဆွဲဆောင်နိုင်တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ 🍀✌️

      Delete
  2. Wheel...........dope.🏹🏹🏹

    ReplyDelete
  3. အပြုံးပန်းတစ်ပွင့်က စိတ်ကိုကြည်လင်အေးမြစေနိုင်ပါတယ် 😍

    ReplyDelete
  4. အမှန်ဘဲ😘😘😘😘😘😍😀😀😀😀😀

    ReplyDelete
  5. အမြဲပြုံးရယ်နေလို့ သွားတိုက်ဆေးကြော်ငြာနေတာလားလို့ ဆရာပြောတာခံရဖူးတယ်

    ReplyDelete
  6. အင်း ရယ်ရင်း ပြုံး ရင်းနဲ့ဘဲရှင်သန်ကြတာပေါ့

    ReplyDelete

Post a Comment