စောင့်ကြည့်နေတဲ့ အရာ

 

"ကိုယ့်ကိုစောင့်ကြည့်နေတတ်တဲ့ အရာတစ်ချို့"


လူတစ်ယောက်က ကိုယ့်ကိုစောင့်ကြည့်နေတယ်ဆိုတာ တွေးဖူးကြလား?? 👁️‍🗨️


အတော်လေးကြောက်ဖို့ကောင်းတဲ့ကိစ္စတစ်ခုဆိုတာ မပြောရင်တောင်သိပါတယ်။ဒါဆိုရင် ဘယ်လိုနေရာတွေက ဘယ်သူတွေက စောင့်ကြည့်နေတတ်တာလဲ??


1.Spyware🔺


Spyware ဆိုတာ သိကြလား ၊ နာမည်အတိုင်းပဲ ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ့်ဖုန်းထဲမှာရှိတဲ့ Spyware ကနေ စောင့်ကြည့်တတ်ကြပါတယ်။


အဲ့ Spyware ဆိုတာ ဘာလုပ်နိုင်လဲ⁉️


အဲ့ Spyware ကနေ ကိုယ်ဖုန်းကို ဘယ်လိုသုံးလဲ ဘာကိုသုံးလဲ ဘယ်လောက်ကြာကြာသုံးတယ်ဆိုတာတွေအပြင် ကိုယ့်ဖုန်းကင်မရာကနေ ကိုယ်ဘာလုပ်နေတယ်ဆိုတာအထိ စောင့်ကြည့်နိုင်ပါတယ် 🚨


Spyware ကို ဖုန်းထဲကိုထည့်သွင်းဖို့အတွက် အချိန်ငါးမိနစ်ပဲကြာပါတယ်။ Zapya နဲ့ ကူးထည့် ၊ set-up လုပ်လိုက်ရင် ရပါပြီ။ ဒါကြောင့် ကိုယ့်ဖုန်းကို သူစိမ်းတွေဆီ မအပ်မိလိုက်ဖို့ အထူးသတိပြုရပါမယ် ပြီးတော့ သူများတွေလာပို့တဲ့ Link တစ်ခုခုကိုနှိပ်မိလိုက်တာနဲ့ ကိုယ်မမြင်လိုက်တဲ့အချိန်တစ်ခုအတွင်းမှာ install နဲ့ set-up လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ် 🎭


ဒါဆို ဒါကိုဘယ်လိုရှာပြီး ဖျက်ရမလဲ⁉️


Spyware က တစ်ခါတစ်လေကျရင် Clock , Phone ringtone App အဲ့လို App ပုံစံမျိုး အယောင်ဆောင်တတ်ပါတယ်။ ကိုယ်မယုံသင်္ကာဖြစ်နေတဲ့ App ကို ဖျက်ကြည့်ရင်လည်း ရနိုင်ပါတယ်။ နောက်တစ်မျိုးက ဖုန်းကို Factory reset လုပ်လိုက်ဖို့လိုပါတယ်။ အဲ့တာမှ အရှင်းအလင်းပျောက်သွားမှာဖြစ်ပါတယ်☑️


သတင်းကောင်းက Spyware အများစုက Google service ပါတဲ့ ဖုန်းတွေမှာ အလုပ်လုပ်ကြတာများပါတယ်။ Google service မပါတဲ့ဖုန်းတွေမှာ အလုပ်လုပ်နိုင်တာမျိုး မရှိပါဘူး👁️‍🗨️


ကဲ နောက်အပိုင်းတွေမှာလည်း ဘယ်သူက ဘယ်ပုံစံစောင့်ကြည့်နေမလဲဆိုတာ ထပ်ပြီး တင်ဆက်ပေးသွားပါမယ် 🙎

Comments

Post a Comment