ထန်းပင်
မင်္ဂလာပါရှင်….
ဒီနေ့ မှာတော့ ထန်းပင်တွေအကြောင်းကို ပြောပြပေးပါမယ်။
ထန်းပင်တွေအကြောင်း ပြောမယ်ဆိုတော့ တက္ကသိုလ်ဝင်တန်း သင်ရိုးဟောင်းက ဝန်ကြီးပဒေသရာဇာရဲ့ တျာချင်းလေးကို မှတ်မိပါသေးရဲ့။
နွေဦးကာလ၊ မြူထသောခါ
ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ
ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။
ဆိုပြီး "နွေဦးကာလ မြူထသောခါ" ကဗျာလေးကို သတိရမိပါတယ်။
ကျွန်မတို့ အညာမှာတော့ ထန်းပင်တွေဟာ သိပ်ပေါပါတယ်။ ရှေးလူကြီးတွေက နောင်လာနောက်သားတွေအတွက် လယ်ကန်သင်းရိုး၊ ယာစည်းရိုးတန်းတွေမှာ ထန်စေ့တွေကို မြုပ်ထားခဲ့ကြပါတယ်။ အဲ့ဒါကြောင့် ယာခင်းတစ်ခင်းနဲ့ တစ်ခင်း အစပ်တွေမှာ ထန်းပင်တွေ အတန်းလိုက် စီရရီပေါက်နေကြတာပဲ ဖြစ်ပါတယ်။ 14ပေ 15ပေလောက်မြင့်တဲ့ ထန်းပင်တွေဟာ 19နှစ်၊ 20နှစ် သက်တမ်းရှိပြီး အတောင်အလက်စုံလင်တဲ့ ထန်းပင်ပျိုတွေပဲ ဖြစ်ပါတယ်။ ထန်းပင်ငယ်တွေမှာဆိုရင် ပင်စည်ပတ်လည်မှာ ပတ်ခွတွေရှိနေပြီး၊ ထန်းပင်ကြီးတွေမှာတော့ ပတ်ခွတွေမရှိဘဲ လုံးချောနေတဲ့ပင်စည်နဲ့အတူ အရွက်အခက်အလက် ဝေဝေဆာဆာနဲ့ မြင်နိုင်ပတယ်။ အဲ့ဒါကြောင့်လည်း ငယ်ငယ်က စကားဝှက်ကြပြီဆိုရင် "ငယ်စဥ် ထမီဝတ်၊ ကြီးတော့ ထမီချွတ်"ဆိုပြီး ဝှက်ခဲ့ကြပါတယ်။ ထန်းပင်တစ်ပင်လုံးဟာ ပြစ်စရာ မရှိအောင်ကို အလွန်အသုံးဝင်တဲ့ အပင်ပါ။
ထန်းပင်မှာ ထန်းဖို၊ ထန်းမ ဆိုပြီး နှစ်မျိုးရှိပါတယ်။ ထန်းဖိုပင်ဟာ အသီးမသီးဘဲ ထန်းခိုင်တွေ ထွက်ပါတယ်။ ထန်းနို့ခိုင် လို့လည်း ခေါ်ပါတယ်။ အဲ့ဒီ ထန်းနို့ခိုင်တွေက ယိုတဲ့ ထန်းရည်(ထန်းရည်ချို)တွေကို ထန်းလျက်ချက်ပါတယ်။ တစ်ချို့ကြတော့လည်း ထန်းလျက်မချက်ဘဲ ထန်းရည်ခါးချက်ကြပါတယ်။ ထန်းဖိုဦး ထန်းလျက် နဲ့ ထန်းဖိုဦး ထန်းလျက်ဟာ ဆေးဖက်ဝင်လို့ ဝယ်ပြီးစုဆောင်းထားကြပါသေးတယ်။
"ထန်းပင်တွေရဲ့ ပေါက်ရောက်ရာဒေသ"
ထန်းပင်တွေဟာ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသရဲ့ ဇာတိမျိုးရိုး ဖြစ်ပါတယ်။ အာရှတိုက်၊ အာဖရိကတိုက်၊ အမေရိကတိုက်နဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းက ကျွန်းတွေမှာလည်း ထန်းပင်နဲ့ ထန်းမျိုးနွယ်တူ အပင်တွေ ပေါက်ရောက်ပါတယ်။
ထန်းပင်တွေဟာ မိုးရေချိန် လက်မ 20 ကနေ 40 အတွင်း ရွာသွန်းပြီး ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုမျိုးကို နှစ်သက်ပါတယ်။ တနင်္သာရီတိုင်း နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေ မှာလည်း တွေ့နိုင်ပါတယ်။ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးအတွင်းက မြို့နယ်တော်တော်များများ မှာတော့ တွေ့မြင်နိုင်ပါတယ်။
ထန်းပင်တွေဟာ သူတို့ရှင်သန်နိုင်ဖို့ မြေအောက်ပေ200လောက်က ရေကိုစုပ်ယူပေးပြီး ယာတွေထဲ အပေါ်မြေဆီလွှာကို ရောက်စေပါတယ်။ ဒါကြောင့်မို့ မြေဆီလွှာဟာ ကောင်းမွန်လာပြီး ပဲ၊ နှမ်း စတဲ့ သီးနှံတွေကို ဖြစ်ထွန်းစေပါတယ်။ မြေအောက်ရေစုပ်ယူပေးနေတဲ့ ထန်းပင်အမြစ်တွေဟာဆိုရင် သောင်းနဲ့ချီပြီး ရှိတာဖြစ်လို့ သဘာဝရေစုပ်စက်တွေ လို့တောင် ပြောလို့ရပါတယ်။
ထန်းပင်နဲ့ပတ်သတ်ပြီး ဗဟုသုတလေး အနည်းငယ်ကို မျှဝေပေးခဲ့ပါတယ်။ နောက်အပါတ်မှာလည်း ထန်းပင်ရဲ့ အသုံးဝင်ပုံ အသေးစိတ်တွေကိုလည်း မျှဝေပေးပါအုံးမယ်။ ။
ကောင်းသောနေ့လေး ဖြစ်ပါစေရှင်...

Great article. Thanks for publishing.
ReplyDelete❤️💜
ReplyDelete❤️💜
Delete❤️💜
Delete🤜🤛✊✊✊
ReplyDeleteDone 💪
ReplyDelete✌️✌️🍀🍀✊✊
ReplyDelete🍀
DeleteDone.
ReplyDeletedone
ReplyDeletePp😁😁
Deletede
ReplyDeleteDone
ReplyDeleteနွေဦးကာလမြူထသောအခါ
ReplyDeleteရင်းထောင် ရင်းဆွဲ
ဆောင်မြဲအိုးလွယ်ကာ
ဓါးနှီးထက်စွာခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင်ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့တက်သည်နှင့်လေး။
🍃
Delete🐝
ReplyDeleteWheel.............dope.🏹🏹🏹
ReplyDeleteWheel............dope.🏹🏹🏹
DeleteDONE.
ReplyDeleteDone 🍀
ReplyDeleteDone 🍀
DeleteDone 🍀
DeleteDone ✅
ReplyDeleteသတိရ
ReplyDeleteဘူ့ကိုလဲ 😁
DeleteAPPRECIATE.
ReplyDelete👍
ReplyDeleteDone
ReplyDeleteThanks for this knowledge sharing and good to know ☺️
ReplyDelete🌴
ReplyDeleteI love A Nyar and its people.
ReplyDeleteThanks 💙
ReplyDeleteထန်းရည်ကြိုက်တယ်ဗျာ
ReplyDelete