Body Shaming
Body Shaming ကိုတုံ့ပြန်ဖို့ နည်းလမ်းသုံးသွယ်
Body Shaming ဆိုတာကတော့ လူတစ်ဖက်သားရဲ့ခန္ဓာကိုယ်ပုံစံကိုအကြောင်းပြုပြီး ကဲ့ရဲ့ပြစ်တင်တာကို ဆိုလိုတာပါ။ ဝလို့၊ ပိန်လို့၊ အရပ်ရှည်လို့၊ အရပ်ပုလို့ စသဖြင့်ပေါ့။ ဒီလို ကဲ့ရဲ့လိုက်တာကြောင့် ခံရသူမှာစိတ်ပိုင်းဆိုင်ရာရောဂါတွေကို ရစေနိုင်ပါတယ်။ စိတ်ကျရောဂါဖြစ်တာ၊ လူကြားထဲမသွားရဲတာမျိုးတွေ ဖြစ်စေပါတယ်။ Body Shaming ခံရခြင်းကို ရင်ဆိုင်ကျော်ဖြတ်ဖို့အ
တွက် အခြေခံနည်းလမ်းသုံးခုရှိပါတယ်။
(၁) ကဲ့ရဲ့သူကိုယ်တိုင် အားနည်းချက်တွေရှိတယ်ဆိုတာ သိထားပါ။
တစ်ဖက်သားကို ကဲ့ရဲ့သူဟာ သူကိုယ်တိုင်လည်းအားနည်းချက်တွေရှိနေတတ်ပါတယ်။ ဒါ့ကြောင့် ဒီလိုလူတွေရဲ့ ကဲ့ရဲ့ခံရလို့ ဝမ်းနည်းစရာအကြောင်း မရှိပါဘူး။ သူတို့ကို ဒီလို မစနောက်ဖို့ ယဉ်ကျေးစွာပြောဆိုသင့်ပါတယ်။ ဒါတောင်မှ ထပ်ပြောနေရင်တော့ ဒီလိုလူမျိုးနဲ့ အပေါင်းအသင်းမလုပ်ဘဲ အဆက်ဖြတ်လိုက်သင့်ပါပြီ။
(၂) မိမိခန္ဓာကိုယ်ကို နားလည်လက်ခံပြီး ချစ်မြတ်နိုးပေးပါ။
လူတိုင်းဟာဒီဘဝမှာဒီခန္ဓာကိုယ်တစ်ခုပဲ ရတာပါ။ ကိုယ့်ခန္ဓာကိုယ်ဟာ ကိုယ့်အတွက်တော့ အကောင်းဆုံးပါပဲ။ ပြီးတော့ ဒီခန္ဓာကိုယ်ကို မိဘနှစ်ပါးက ပေးထားတာပါ။ ကဲ့ရဲ့သူတွေနဲ့ ဘာမှမဆိုင်တာမို့ သူတို့ဘာပြောပြော ဂရုစိုက်နေစရာမလိုပါဘူး။ ဘဝဆိုတာက ခဏလေးပဲမို့ လူတွေရဲ့အဝေးမှာ ရှောင်ပုန်းနေမယ့်အစား ဒီခန္ဓာကိုယ်နဲ့အတူ ကိုယ့်အနာဂတ်ပန်းတိုင်ကို အရောက်သွားရမှာပါ။
(၃) ချစ်မြတ်နိုးတဲ့ ခန္ဓာကိုယ်ကို တာဝန်ယူစောင့်ရှောက်ပေးပါ။
ခန္ဓာကိုယ်အလွန်အမင်းဝတယ်ဆိုတာ နှလုံးရောဂါ ၊ ဆီးချိုသွေးတိုးရောဂါတွေကို ဖိတ်ခေါ်နေတာပါ။ အလွန်အမင်းပိန်တယ်ဆိုလည်း အာဟာရချို့တဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီတော့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေး၊ အစားကို ချင့်ချိန်စားပေးဖို့လိုအပ်ပါတယ်။ အရေးကြီးတဲ့အချက်က ဒီလိုတွေလုပ်တာဟာ လူတွေရဲ့အမြင်ကြောင့် လုပ်တာမဟုတ်ဘဲ ကိုယ့်ခန္ဓာကိုယ်ကို ချစ်တဲ့စိတ်နဲ့ လုပ်ဖို့ပါ။
အထက်ပါအချက်သုံးချက်အတိုင်း လိုက်ပါလုပ်ဆောင်ကြည့်ရင်း Body Shaming လုပ်ခံရခြင်းမှ ကျော်လွှားနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။
One child,one teacher,
ReplyDeleteone book, one pen, can change the world.
...Malala Yousafzai...
One hand,
one phone,
a little bit phone bill or wifi,
desire to do,
can change our Country Myanmar.
............❤Htet...............
THANKS.
Delete✊✊🍀🍀
ReplyDeleteThank for sharing
ReplyDeleteDone
ReplyDeletede
ReplyDeleteTill the end
ReplyDeleteFighting together 💪
❤️💜
ReplyDelete❤️💜
Delete❤️💜
DeleteThanks
ReplyDeleteDone.
ReplyDeleteGood to know.
ReplyDeleteဟုတ်🙆♀️❤
ReplyDelete🌄🤍
Deleteလက်သီးနဲ့သာထိုးပစ်လိုက်😑
ReplyDelete❤️🔥❤️🔥❤️🔥
ReplyDelete❤❤❤
ReplyDeleteကိုယ်တွေကတော့ ကွကိုယ် ကိုယ်ဘာအပြစ်မှမမြင်ဘူး😁
🐝
ReplyDeleteWheel...........dope.🏹🏹🏹
ReplyDeleteWheel.......dope.🏹🏹🏹
Delete💪💪💪💋
ReplyDelete🍀
ReplyDeleteHoke 💙
ReplyDeleteDone 🍀
ReplyDelete🍀🍀
ReplyDeletedone
ReplyDelete