deja vu

 



déjà vu ကို သင်တွေ့ကြုံဖူးပါသလား? ဒါဟာ အခြေအနေတစ်ခုကို ကိုယ်ရင်းနှီးနေပုံရတဲ့အခါမှာ ခံစားမိလိုက်ရတဲ့ အရိပ်အမြွက်ခံစားချက်ပဲ ဖြစ်ပါတယ်။ စားသောက်ဆိုင်တစ်ဆိုင်က မြင်ကွင်းက သင်မှတ်မိသလောက် အတိအကျ ပေါ်လွင်နေတယ်ဆိုပေမယ့်လည်း ထိုနေရာမှာ သင် ယခင်က တစ်ခါမှ မစားဖူးတဲ့ကြောင့် အတိတ်အတွေ့အကြုံအပေါ် အခြေခံတယ်လို့လည်း ပြောလို့မရပါဘူး။ သင် ဂုံးစားမိတာ ဒါပထမဆုံးပဲ၊ ဒါကို ဘာလို့ အရင်က စားဖူးခဲ့သလို ဖြစ်နေရတာလဲ….. စသဖြင့်။


 


ကံမကောင်းစွာနဲ့ပဲ déjà vu အတွက် တစ်ခုတည်းသော ရှင်းလင်းချက် မရှိပါဘူး။ ခံစားလိုက်ရတဲ့ အတွေ့အကြုံက အကျဉ်းချုပ်တိုတောင်းပြီး သတိမထားမိဘဲ ဖြစ်ပေါ်တတ်တဲ့ကြောင့် သိပ္ပံပညာရှင်များက ၎င်းကို မှတ်တမ်းတင်လေ့လာဖို့ မဖြစ်နိုင်လုနီးပါး ဖြစ်နေပါတယ်။ သိပ္ပံပညာရှင်များက ၎င်းတို့အား ဖြစ်ပျက်လာစေဖို့ ရိုးရှင်းစွာထိုင်ပြီး စောင့်ဆိုင်းနေလို့ မရနိုင်ဘဲ ၎င်းဟာလည်း နှစ်ပေါင်းများစွာထိ ကြာမြင့်နိုင်ပါတယ်။ ၎င်းမှာ ရုပ်ပိုင်းဆိုင်ရာထင်ရှားမှုတွေ မပါဝင်ဘဲ လေ့လာချက်များအရ ၎င်းကို အာရုံခံစားမှု သို့မဟုတ် ခံစားချက်ဆိုင်ရာဘာသာရပ်အဖြစ် ဖော်ပြပါတယ်။ ထိုကဲ့သို့ ခိုင်မာတဲ့အထောက်အထားမရှိခြင်းကြောင့် နှစ်တွေတစ်လျှောက်မှာ များပြားပိုလျှံတဲ့ ထင်ကြေးပေးမှုများ ရှိခဲ့ပါတယ်။ Emile Boirac က déjà vu ကို "Already Seen(မြင်ဖူးပြီးပြီ)" ဟု အဓိပ္ပာယ်ရသည့် ပြင်သစ်အသုံးအနှုန်းအဖြစ် မိတ်ဆက်ခဲ့ချိန်မှစပြီး ဤဖြစ်စဉ်ကို ရှင်းပြဖို့ သီအိုရီ ၄၀ ကျော် ကြိုးပမ်းခဲ့ပါတယ်။ သို့ပေတိုင် မကြာသေးမီက neuroimaging နှင့် သိမှုစိတ်ပညာဆိုင်ရာ တိုးတက်မှုများက အလားအလာနယ်ပယ်ကို ကျဉ်းမြောင်းစေပါတယ်။


 


သီအိုရီတစ်ခုစီအတွက် တူညီတဲ့ စားသောက်ဆိုင်နေရာကို အသုံးပြုပြီး ယနေ့ခေတ်အတွင်း ပိုမိုပျံ့နှံ့နေတဲ့ သီအိုရီသုံးခုကို ဖြတ်သန်းခံစားကြည့်လိုက်ကြရအောင်။


 


ပထမအချက်မှာ “dual processing” ဖြစ်ပါတယ်။ လုပ်ဆောင်ချက်တစ်ခု လိုအပ်ပါမယ်။ စားပွဲထိုးတစ်ယောက်က ဟင်းဗန်းကို လွတ်ကျတာကို မြင်လိုက်တယ် ဆိုပါတော့။ မြင်ကွင်း ထွက်ပေါ်လာတာနှင့်အမျှ သင့်ဦးနှောက်အခြမ်းများက သတင်းအချက်အလက်တွေနဲ့ ပျာယာခတ်သွားပါတယ် - စားပွဲထိုးရဲ့ လက်နှစ်ဖက်၊ အကူအညီတောင်းသံ၊ ခေါက်ဆွဲနံ့တွေ…စသဖြင့်။ မီလီစက္ကန့်ပိုင်းအတွင်း ထိုအချက်အလက်ကို လမ်းကြောင်းများမှတဆင့် ဇစ်တိုက်ပြီး တစ်ခဏအတွင်း လုပ်ဆောင်ပါတယ်။ အချိန်အများစုမှာ အရာအားလုံးကို ထပ်တူကျလုပ်ထားပါတယ်။ ဒါပေမယ့် ထိုလမ်းကြောင်းများထဲမှ အချက်အလက် အနည်းငယ်နှောင့်နှေးတဲ့အခါမှာ déjà vu  ဖြစ်ပေါ်လာသည်ဟု ဤသီအိုရီက အခိုင်အမာဆိုပါတယ်။ ဆိုက်ရောက်ချိန်များရဲ့ ခြားနားမှုက နောက်ကျတဲ့အချက်အလက်တွေကို သီးခြားဖြစ်ရပ်တစ်ခုအဖြစ် ဦးနှောက်ကို အဓိပ္ပာယ်ဖွင့်ဆိုစေပါတယ်။ ဦးနှောက်ထဲ မှတ်တမ်းတင်ပြီးသား အခိုက်အတန့်ကို တွေ့ကြုံလိုက်တဲ့အခါမှာ ဒါမျိုး အရင်ကလည်း ဖြစ်ဖူးတယ်၊ မြင်ဖူးတယ်လို့ ခံစားရမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ အာရုံခံစားမှုထဲမှာ ဒါဟာ ရှိနေလို့ပါပဲ။


 


ကျွန်တော်တို့ရဲ့ နောက်သီအိုရီတစ်ခုကတော့ လက်ရှိပစ္စုပ္ပန်က အမှားတစ်ခုထက် အတိတ်၏ရှုပ်ထွေးမှုများနဲ့ ဆက်နွယ်နေပါတယ်။ ဤသည်မှာ ဟိုလိုဂရမ်သီအိုရီဖြစ်ပြီး ၎င်းကို စစ်ဆေးဖို့ စားပွဲခင်းကို အသုံးပြုပါမယ်။ ၎င်းရဲ့ စတုရန်းပုံများကို သင် scan ဖတ်လိုက်တဲ့အခါမှာ ဝေးကွာနေတဲ့ မှတ်ဉာဏ်တစ်ခုက သင့်ဦးနှောက်အတွင်းကနေ နက်ရှိုင်းစွာ ပေါ်ထွက်လာပါတယ်။ သီအိုရီအရ ၎င်းက မှတ်ဉာဏ်များကို ဟိုလိုဂရမ်ပုံစံဖြင့် သိမ်းဆည်းထားခြင်းကြောင့်ဖြစ်ပြီး ဟိုလိုဂရမ်မှာ သင်ဟာ ပုံတစ်ခုလုံးကိုမြင်ဖို့ အပိုင်းတစ်ပိုင်းသာ လိုအပ်ပါတယ်။ သင့်ရဲ့ဦးနှောက်က အရင်တုန်းက သင့်အဖွားအိမ်က စားပွဲခင်းတစ်ထည်နဲ့တူတယ်လို့ ဖြစ်နိုင်တယ်လို့ ဖော်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် သင့်အဖွားဆီမှာ မြင်ဖူးတာကို သတိရနေမယ့်အစား သင့်ရဲ့ဦးနှောက်က မှတ်ဉာဏ်ဟောင်းကို ဖော်ထုတ်မပြဘဲ စုစည်းထားတာကို တွေ့ရှိရပါတယ်။ ဤအရာက သင့်ကို ရင်းနှီးကျွမ်းဝင်စေပေမယ့်လည်း မမှတ်မိနိုင်အောင် လုပ်ထားပါတယ်။ ဒီစားသောက်ဆိုင်ကို တစ်ခါမှ မရောက်ဖူးပေမယ့်၊ အဲဒီစားပွဲခင်းကို မြင်ဖူးပေမယ့် ဘယ်တုန်းက ဘယ်မှာဆိုတာကို တိတိကျကျ ဖော်ထုတ်ဖို့ ပျက်ကွက်နေပါတယ်။


 


ကျွန်တော်တို့ရဲ့နောက်ဆုံးသီအိုရီကတော့ အာရုံကို ပိုင်းခြားထားပြီး အရာဝတ္တုတစ်ခုဆီ အာရုံပျံ့လွင့်နေချိန်အတွင်း ဦးနှောက်က ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှေးမှိန်သွားတဲ့အခါ déjà vu ဖြစ်ပေါ်လာသည်ဟု ဖော်ပြထားပါတယ်။ ကျွန်တော်တို့ရဲ့အာရုံစူးစိုက်မှုကို ပြန်ရတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ယခင်က ဤနေရာ၌ရှိသကဲ့သို့ ခံစားရပါတယ်။ ဥပမာအားဖြင့် အခုပဲ သင်ဟာ ခက်ရင်းခွကို အာရုံစိုက်ပြီး စားပွဲခင်း ဒါမှမဟုတ် ပြုတ်ကျနေတဲ့ စားပွဲထိုးကို သတိမထားမိဘူး။ သင်ရဲ့ဦးနှောက်က အစွန်အဖျားအမြင်မှာ အရာအားလုံးကို မှတ်တမ်းတင်နေပေမယ့် အသိစိတ်အပြင်ဘက်က ဖြစ်နေပါတယ်။ နောက်ဆုံးတော့ ခက်ရင်းခွဆီက အာရုံကနေ သင့်ကိုယ်သင် ဆွဲထုတ်လိုက်တဲ့အခါမှာ ဤနေရာကို ရောက်ဖူးတာကြောင့် အရင်ကရောက်ဖူးတယ်လို့ ထင်ပါတယ်၊ ဒါကို သင်က သတိမထားမိဘဲ နေနေလို့သာ ဖြစ်ပါတယ်။


 


ဤသီအိုရီသုံးခုစလုံးဟာ déjà vu ရဲ့ ဘုံအင်္ဂါရပ်များကို မျှဝေထားပေမယ့်လည်း ၎င်းတို့ထဲက ဘယ်တစ်ခုကမှ ဖြစ်ရပ်ဆန်းရဲ့ အကျုံးဝင်တဲ့အရင်းအမြစ်ဖြစ်ဖို့ မတင်ပြကြပါဘူး။ သို့တိုင် ဤခဏတာအခိုက်အတန့်ကို ဖမ်းယူဖို့ နည်းလမ်းအသစ်များရရှိရန် သုတေသီများနှင့် တီထွင်သူများကို စောင့်မျှော်နေချိန်တွင်မှာ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ထိုအခိုက်အတန့်ကို လေ့လာနိုင်ပါတယ်။ နောက်ဆုံးမှာ déjà vu ရဲ့ လေ့လာမှုအများစုဟာ ကိုယ်တွေ့များကို အခြေခံထားတဲ့ကြောင့် သင်ကလည်း ဘာကြောင့် ထိုသူတွေထဲက တစ်ဦးတစ်ယောက်အပါအဝင် မဖြစ်နိုင်ရမှာလဲ? နောက်တစ်ကြိမ် déjà vu ကို ခံစားမိတဲ့အခါ ခဏလောက် စဉ်းစားကြည့်ပါ။ အာရုံပျံ့လွင့်နေပြီလား? တစ်နေရာရာမှာ ရင်းနှီးပြီးသား အရာတစ်ခု ရှိပါသလား? သင့်ဦးနှောက်က နှေးကွေးနေသလား? ဒါမှမဟုတ် တခြားအရာတစ်ခုလား? ဆိုတာ…စသဖြင့်။

Comments

  1. အဲ့တာကို ဝိစိကိစ္ဆာ လို့ခေါ်တယ်မို့လား ဗုဒ္ဓဘာသာမှာဆိုရင်ပေါ့

    ReplyDelete
  2. Wheel.............dope.🏹🏹🏹

    ReplyDelete
  3. (⁠◕⁠ᴗ⁠◕⁠✿⁠)

    ReplyDelete

Post a Comment