Dream Catcher

 

Dream catcher လေးတွေဟာ သူများတွေအတွက်

သိပ်ပျော်တဲ့ အိပ်မက်တွေဖမ်းဖို့ ကိရိယာလေး ဖြစ်လေမလား။

ပျော်ရွှင်ဖွယ်အကြောင်းအရာတွေဟာ ပိုက်ကွန်လေးက တစ်ဆင့် အမွေးလေးတွေဆီ ဖြတ်သွားတယ်။ dream catcher က အမွေးလေး လှုပ်နေပြီဆို အဲ့လူမှာ ကောင်းမွန်တဲ့ အိပ်မက်တွေ ရှိနေတယ်တဲ့။ အဲ့လိုနည်းနဲ့ သူတို့ အိပ်မက်ဖမ်းကြမှာပေါ့။

ကျမအတွက်တော့ အိပ်မက်ဆိုးတွေ ရုန်းထွက်ချင်ရုံသက်သက်ပါပဲ။

မပျော်တဲ့ အကြောင်းတွေ ပြန်မပေါ်ဖို့ အတွက်နဲ့

အမွေးအတောင် မလှုပ်တဲ့ အဝါရောင် dream catcher လေးကို ခေါင်းရင်းမှာ ထားတယ်။ ကျမက သိပ်ရယ်ရတယ် မဟုတ်လား။

ပြီးတော့ ဘယ်အိပ်မက်မှ ကျမ မမိချင်ဘူး။

ကျမ အိပ်မက်ဆိုးတွေ ကြောက်တယ်။

တကယ်က ဘာအိပ်မက်မှမရှိတဲ့ ညတွေဖြစ်ချင်တာ။

ကျမတို့ဘယ်လောက်ကြောက်တယ်ပြောပြော၊ အဲ့ဒီကြောက်တဲ့အရာတွေဆီက ထွက်ပြေးဖူးကြရဲ့လား။

တစ်ခါတစ်ခါဆို dream catcher ထဲမှာ ပိတ်မိနေတဲ့ ကျမဆီရောက်မလာတဲ့ အိပ်မက်တွေ အကြောင်းလည်း တွေးတယ်။ နာကျင်သော ကျမရဲ့ အဝါရောင် dream catcher လေးကို ငေးပြီးပေါ့။ ကျမ တို့ထိခွင့်မရလိုက်တဲ့ အချို့ ချစ်မေတ္တာတွေ အကြောင်းလား။

ကျမ ဘယ်လို မပျော်တတ်တော့တာလဲ ဆိုတာလား။

တကယ့်တကယ်က ကျမရော dream catcher က ပိုက်ကွန်ထဲကနေ ရုန်းထွက် နိုင်ရဲ့လား။ မသေချာ...

Comments

  1. There is no love or hate.....

    Peaceful world.........

    Flowers are born.......

    Because of the fragrance of love......

    No one can reap,just stare.........

    Cross the river where the water is drying up.......

    Fly where you want to fly.........

    Do not look back...........

    Let the stars and the stars live in the sky..........

    (Do not let the stars erupt again)......


    .............❤Htet........

    ReplyDelete
  2. Dream catcher 🍀🐬🌧️

    ReplyDelete
  3. Wheel...........dope.🏹🏹🏹

    ReplyDelete
  4. ခလောခလူး😴

    ReplyDelete
  5. I have no idea why I'm seriously obsessed with dream catchers.💙

    ReplyDelete

Post a Comment