DWAY

 

‌ 'ဒွေး' ကွယ်လွန်ခြင်း ၁၅နှစ်ပြည့်


ဒီနေ့ ဂျုလိုင်လ ၁၁ရက်နေ့ဟာဆိုရင် ကျနော်တို့ရဲ့ အရမ်းသရုပ်ဆောင်ကောင်းလှတဲ့ အဆိုတော် မင်းသားကွယ်လွန်ခဲ့တဲ့ နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။


မျက်လုံးညို့ဓာတ်တွေနဲ့ ကျနော်တို့ကို ဖမ်းစားသွားပြီး အသက်ငယ်ငယ်လေးနဲ့ လူ့လောကထဲက ထွက်သွားခဲ့ရတဲ့ "ကိုသားကြီး"လို့ ချစ်စနိုးခေါ်ကြတဲ့ အဆိုတော် သရုပ်ဆောင် 'ဒွေး'ရဲ့ ကွယ်လွန်ခြင်း (၁၅) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ 



မရှိတော့ပေမယ့် သူ့သီချင်းတွေ သူ့ရုပ်ရှင်တွေ သူ့ဇာတ်ကားတွေဟာ အမြဲပြန်ကြည့်နေကြဆဲပါပဲ။ပြန်ကြည့်မိတိုင်းလည်း သူ့အငွေ့အသက်တွေနဲ့ သူဟာ ကျနော်တို့တွေကို တင်ဆက်နေတုန်းပါပဲ။ 


သူသေသွားပေမယ့် သူ့အနုပညာတွေဟာ ဆက်လက်ပြီး ရှင်သန်နေဦးမှာဖြစ်ပါတယ်။


ဒါကြောင့် ကိုသားကြီးကို အမှတ်ရသတိရ‌တဲ့အနေနဲ့

ဒီနေ့မှာ ကိုသားကြီးရဲ့ ဇာတ်ကားတွေကို ညွှန်းပေးမှာဖြစ်ပါတယ်။


၁။ ကြောက်တတ်သူများမကြည့်ရ


သရဲကားကို မှ လိမ့်ကြိုက်တယ်ဆိုတဲ့ သူတွေအနေနဲ့ မြန်မာသရဲကားထဲမှာ အတော်ကို ကြည့်လိုကောင်းတဲ့ သရဲတစ်ကားပဲဖြစ်ပါတယ်။ငယ်ငယ်တုန်းကတော့ တစ်ယောက်တည်း မကြည့်ရဲခဲ့တဲ့ သရဲကားတစ်ကားပေါ့။ တင့်တင့်ထွန်း ၊ သားညီ၊ စတဲ့ သရုပ်ဆောင်တွေနဲ့ အတော်ကို စိတ်ဝင်စားစရာကောင်းပြီး သည်းထိတ်ရင်ဖိုဆန်တဲ့ ပြီး မထင်မှတ်စရာတွေပါ ပါတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။


၂။ ပြုံးတော်မူ


ဒီတခါတော့ drama ကားပါပဲ။ တကယ့်ကို ခံစားရမယ့် ကိုသားကြီးရဲ့ သရုပ်ဆောင်ချက်တွေနဲ့ မျက်ရည်လွယ်သူဆိုရင်တော့ လက်သာတ်ပဝါလေးဆောင်ထားဖို့ အကြံပြုချင်ပါတယ်။ မင်းသမီးကလည်း မအူဝဲ(ခေါ်)အိနြ္ဒာကျော်ဇင် ဆိုတော့ တကယ်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။


ကိုသားကြီးလို့ ပြောလိုက်တာနဲ့ ကျနော်ကတော့ တက္ကသိုလ်ဇာတ်ကားတွေကို တန်းပြေးမြင်တာပါပဲ။ကိုသားကြီးရဲ့ တက္ကသိုလ်ဇာတ်ကားတွေက အတော်ကို ကြည့်လို့ကောင်းသလို တက္ကသိုလ်အရသာကို အပြည့်အဝ ခံစားနေရသလို ခံစားရစေပါတယ်။ တက္ကသိုလ်ဇာတ်ကားတော်များများမှာကိုသားကြီးရဲ့ ဖက်ကြမ်းဆေးလိပ်သောက်ပုံလေးကလည်း ဟန်တမျိုးလေးပါပဲ။ ဒါကြောင့် တက္ကသိုလ်ဇာတ်ကားတွေကို ညွှန်းချင်ပါတယ်။


၃။ချစ်ခြင်းရင်ခုန်ယုံကြည်စွာဖြင့် (အိနြ္ဒာကျော်ဇင်,တင့်တင့်ထွန်း)

{ဒီကားထဲက ကိုသားကြီးရဲ့ သီချင်းတွေ အတော်ကောင်းပါတယ် : စကားချပ်}


၄။ တ‌စ္ဆေကိုယ်တိုင် ငါ (ခင်သီတာထွန်း , နန္ဒာလှိုင်) 


၅။ ကောင်းကင်အကြွေကောက်တဲ့လက် (နန္ဒာလှိုင်)


ကိုသားကြီးရဲ့ ဟာသဇာတ်ကားတွေဟာလည်း တမျိုးလေးပါပဲ။ သူ့သရုပ်ဆောင်ချက်တွေဟာ ဟာသကားတွေမှာလည်း ပျက်မသွားပါဘူး။ ပိုပြီး ရယ်ရ ပိုပြီး ကြည်နူးစရာပါပဲ။ စိတ်တွေညစ်ပြီး လုပ်ချင်စိတ်ပျောက်နေရင်တော့ ဒီကားတွေကြည့်ဖို့ ညွှန်းချင်ပါတယ်။


၆။ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြု၍ (နန္ဒာလှိုင်)


၇။မချစ်ဖူးတဲ့ အချစ်ရူး(ထက်ထက်မိုးဦး)


၈။ဧဒင်မြို့သားများ (ထက်ထက်မိုးဦး)


၉။ အပြာရောင်ပုံတိုပတ်စများ (နန္ဒာလှိုင်)


၁၀။ မမုန်းလေနဲ့ ငပလီ (အိနြ္ဒာကျော်ဇင်)


အချစ်သက်သက်နဲ့ တကယ်ကို ဖီလ်ရမယ့် ဇာတ်ကားထဲမှာတော့ ကျနော့်အကြိုက်ဆုံးက ကိုသားကြီးနဲ့ မအူဝဲတို့ရဲ့ 

၁၀။ အချစ်သည်လေပြေ ပဲဖြစ်ပါတယ်။


အက်ရှင်ကားတွေထဲမှာလည်း ကိုသားကြီးဟာ သရုပ်ဆောင်ကောင်းဆဲပါပဲ။ 


၁၂။ဖိုးတေ(တင့်တင့်ထွန်း) နဲ့ ဇာတ်ကားဟာ အတော်ကို ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်။

နောက် ကျော်ဟိန်းတို့နဲ့ 

၁၃။ မိုက်တီးလေးများဟာလည်း အတော်ကောင်းပါတယ်။


ကိုသားကြီးရဲ့ ဇာတ်ကားတွေသာ ညွှန်းရမယ်ဆိုင် အကုန်ညွှန်းရမလိုပါပဲ။ ဒါကြောင့် ဒီလောက်ပဲ တဖြတ်ညွှန်းပေးလိုက်ပါတယ်။

Comments

  1. လေပြေရယ်
    မင်းတိတ်ဆိတ်နိုင်အား...🍃

    ReplyDelete
    Replies
    1. ကြားတတ်မှလေပြောတဲ့သူရဲ့စကား...🌾☁️

      Delete
    2. ဒါတွေဟာ မင်းလေးကိုသိပ်ချစ်လို့🌟🤍

      Delete
  2. Wheel..........dope.🏹🏹🏹

    ReplyDelete
  3. လေပြေ
    အဲ့သီချင်းလေး အရမ်းသဘောကျ

    ReplyDelete
  4. မဆုံးခင်လေးတင် ယုဇနပလာဇာမှာတွေ့ခဲ့ဖူးတာ

    ReplyDelete

Post a Comment