Eid Mubarak
Eid Mubarak
အစ္စလာမ်ဘာသာဝင်တို့၏ သာသနာရေးပွဲတော်များကို အစ်ပွဲဟုခေါ်တွင်၏။
ဒီနေ့ကတော့ အသားအီးဒ်လို့ လူသိများတဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ “ကုရ်ဘာနီ အီးဒ်” (Eid Al-Adha) နေ့ပဲဖြစ်ပါတယ်။ အထိမ်းအမှတ်အဖြစ် အီဒွလ်ဖိသစ်ရ် ပွဲတော်ကို ဆင်နွဲကြပါတယ်။ ဖြူစင် ကောင်းမွန်သော အဝတ်အစားများကို ဝတ်ဆင်၍ အစ္စလာမ်ဘာသာဝင်တို့သည် ဗလီကျောင်းတော်များတွင် လည်းကောင်း၊ သီးသန့်ထားရှိသည့် ( အစ်ဝါ ) ကွင်းပြင်ကြီးများတွင် လည်းကောင်း စုရုံး၍ နမာဇ်ဝတ်ပြုကြပါတယ်။
ထိုနေ့တွင် အစ္စလာမ်ဘာသာတို့သည် "ကုရ်ဘာနီ" ပြုကြပါတယ်။“ကုရ်ဘာနီ” ဆိုတဲ့ အဓိပ္ပာယ်က “စွန့်လှူခြင်း”ပဲဖြစ်ပါတယ်။ ဖန်တီးခံလူသားလို့ ခံယူထားတဲ့ အစ္စလာမ်ဘာသာဝင်များ ကိုးကွယ်ဦးချရတဲ့ အလ္လာရှင်မြတ်ကို သူ့အတွက်ရည်စူးပြီး ခန္ဒာကိုယ်၊ အသက်ဇီဝိန်၊ မိသားစု၊ မိဘ၊ မောင်နှမ၊ ပိုင်ဆိုင်တဲ့ပစ္စည်းကို စွန့်လွှတ်စတေးပြီး လှူဒါန်းကြတာဖြစ်ပါတယ်။ အစ္စလာမ်ဘာသာမှာတော့ အလ္လာရှင်မြတ်ရဲ့ နှစ်သက်မှုရအောင် စွန့်လှူခြင်း ပဲဖြစ်ပါတယ်။
ကုရ်ဘာနီပြုပိုင် ခွင့်ရှိသော တိရစ္ဆာန်များမှာ ကုလားအုပ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တို့ဖြစ်ပြီး ကုလားအုပ်နှင့် ကျွဲနွား တစ်ကောင်လျှင် လူ ၇ ဦးတို့သည် တစ်စုကျ ပါဝင်လှူဒါန်းနိုင်ပါတယ်။ ကျန် တိရစ္ဆာန်များမှာ တစ်ဦးလျှင် တစ်ကောင်ကျ လှူဒါန်းကြရပါတယ်။ ငွေကြေး ချောင်ချိသူတို့သည် ထိုနေ့တွင် ဖော်ပြပါ တိရစ္ဆာန် တို့ကို ကုရ်ဘာနီပြု၍ ဘာသာမရွေး၊ လူတန်းစားမရွေး၊ ဝေငှလှူဒါန်းပေးကမ်းကြရပါတယ်။
ဒီနေ့ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာဖြစ်သည့် ကုရ်ဗာနီအီးဒ်နေ့အခါသမယတွင် အစ္စလာမ်ဘာသာဝင် တော်လှန်ပြည်သူတွေ၊ တော်လှန်ရဲဘော်တွေ အားလုံး ပျော်ရွှင်ဖွယ် Eid Mubarak ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
✌️✌️🍀🍀
ReplyDelete🐝
ReplyDeleteDone 💪
ReplyDelete❤️💜
ReplyDelete🤜🤛✊✊✊
ReplyDelete