Expressive writing intro
စိတ်ဖိစီးမှုများ ဖြေလျှော့ရာ စာရေးသားခြင်း
တစ်ခုသောနေ့တစ်ရက်မှာ သူ့ရဲ့အဖေဖြစ်သူ အစာအိမ်အူလမ်းကြောင်း သွေးယိုစီးမှုနဲ့ ရုတ်တရက်ဆေးရုံတင်ရတဲ့နောက် အသက် ၄၃ နှစ်အရွယ်ရှိတဲ့ Yanatha Desouvre တစ်ယောက်ဟာ ထိတ်လန့်ကြောက်ရွံ့မှုကို စတင်ခံစားလာခဲ့ရပါတယ်။ အဲ့ဒီ့မှာ စိတ်သက်သာရာရလိမ့်မယ်လို့ သူထင်တဲ့ တစ်ခုတည်းသော အရာကို သူလုပ်တယ်။ အဲ့ဒါကတော့ စာရေးသားခြင်းပဲ ဖြစ်တယ်။
"ငါအရမ်းကြောက်နေမိတယ်"
"အဖေ့ကိုသာ ဆုံးရှုံးရရင် ငါဘာလုပ်ရမှန်း မသိတော့ဘူး" စသဖြင့် သူရေးသားခဲ့တယ်။
နောက်ထပ် ရက်သတ္တပတ်ပေါင်းများစွာကြာတဲ့အထိလည်း Desouvre ဟာ သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေ သူ့အဖေနဲ့အတူ ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရတွေကို သူ့ရဲ့မှတ်စုစာအုပ်တွေထဲမှာ ရေးသားနေခဲ့တယ်။ သူတို့ နှစ်ယောက်အတူမျှဝေခဲ့တဲ့ ပြက်လုံးတွေ၊ အတူကြည့်ခဲ့ဖူးတဲ့ အားကစားပြိုင်ပွဲတွေ၊ အိမ်ပြတင်းရွက်တွေ အတူတပ်ဆင်ရင်း ရေခဲမုန့်တွေစား အမောဖြေခဲ့တဲ့အချိန်တွေ အကြောင်းပေါ့။ တစ်ခါတစ်လေတော့ စာတွေရေးရင်း Desouvre တစ်ယောက် ငိုကြွေးနေမိသလို များသောအားဖြင့်တော့ သူရယ်မောနေတာ များပါတယ်။
"စာရေးခြင်းက ကျနော့်ကို ကျနော့်ရဲ့အကြောက်တရားတွေကို ရင်ဆိုင်ဝံ့စေတယ်။ ကျနော့်ရဲ့ ကလောင်တံဟာ ကျနော့်ရဲ့ နာကျင်ခံစားရမှုတွေကို ဖြေဖျောက်ပေးတဲ့ သော့ချက်ပဲ" လို့လည်း Desouvre က ပြောပါတယ်။
အမှန်တကယ်လည်း Desouvre ဟာ အဖော်ကောင်းကို ရခဲ့တာဖြစ်ပါတယ်။ ယခုအခါ များပြားလှတဲ့ သုတေသနတွေက ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ခက်ခဲ့တဲ့အခြေအနေတွေ၊ ထရော်မာ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး စာရေးသားခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဖွင့်လှစ်ပြသနေပြီ ဖြစ်တယ်။ ဒီလိုစာရေးသားခြင်းကို စိတ်ပညာရှင်တွေကတော့ "Expressive writing" လို့ခေါ်ပါတယ်။ ကိုယ့်ရဲ့ အနက်ရှိုင်းဆုံးအတွေးတွေနဲ့ ခံစားချက်တွေကို မှတ်တမ်းရေးသားတတ်တဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို တွေ့ရှိရပါတယ်လို့ US စိတ်ပညာပါမောက္ခတစ်ဦးဖြစ်တဲ့ James Pennebaker ကလည်း ဆိုပါတယ်။ 1980 ခုနှစ်တွေမှာ Pennebaker ဟာ ဒီ Expressive writing ကို ထရော်မာတွေ ကုသဖြေရှင်းတဲ့နည်းတစ်ခုအနေနဲ့ သိပ္ပံနည်းကျ စတင်လေ့လာခဲ့ပါတယ်။
Expressive writing ဆိုတာဟာ သာမန် journal / diary ရေးတာနဲ့ မတူပဲ specific ဖြစ်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့ အဓိကအချက်တွေကတော့ ထရော်မာအတွေ့အကြုံတစ်ခု ဒါမှမဟုတ် ကိုယ်ကြုံတွေ့ခဲ့တဲ့ challenge တစ်ခုနဲ့ ပတ်သက်ပြီးတော့ အဲ့ဒီ့ဖြစ်ရပ်ပေါ်မှာ ခံစားရတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ရောင်ပြန်ဟပ်ရေးသားဖို့နဲ့ ဒီလိုအလေ့အကျင့်ကို short sessions လေးတွေအနေနဲ့ မကြာခနလုပ်ဖို့ပဲ ဖြစ်ပါတယ်။
Professor Pennebaker က ဒီ Expressive writing နဲ့ ပတ်သက်ပြီး ရရှိတဲ့ အကျိုးကျေးဇူးတွေကို ဆယ်စုနှစ်များစွာကြာ လေ့လာကြပြီးတဲ့နောက် Expressive writing ဟာ ခန္ဓာကိုယ်ခုခံမှုစနစ်(immune system) ကို အားကောင်းစေတာ၊ cancer ၊ PTSD (Post-traumatic stress disorder)၊ depression (စိတ်ကျဝေဒနာ) ၊ asthma (ပန်းနာရင်ကျပ်ရောဂါ) ၊ arthritis (အဆစ်ရောင်ရောဂါ) စတဲ့ ရောဂါဝေဒနာရှင်တွေမှာပါ ထိရောက်မှုရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ နာတာရှည်ဝေဒနာ (chronic pain) နဲ့ ယောင်ရမ်းမှု (inflammation)တွေကိုပါ လျော့ကျစေတဲ့အပြင် mood, sleep, memory စတာတွေကိုလည်း တိုးတက်စေတာကို တွေ့ရပါတယ်။ PTSD (Post-traumatic stress disorder) ရဲ့ symptoms တွေကိုတောင် လျော့ကျရာမှာ အကူအညီပေးနိုင်ပါတယ်။
ကျွမ်းကျင်သူပညာရှင်တွေကတော့ Expressive writing က ဒီလိုမျိုး ထိရောက်စွာ အထောက်အပံ့ပေးနေတာနဲ့ ပတ်သက်ပြီး ဒီလို စာရေးသားခြင်းက ကျနော်တို့ကို နာကျင်ဖွယ် အတွေ့အကြုံတွေကနေ အဓိပ္ပါယ်တစ်ခုခုကို ထုတ်နှုတ်ဖြစ်ပေါ်စေတာကြောင့်လို့ ပြောပါတယ်။ တစ်စုံတစ်ရာနဲ့ ကြုံတွေ့ရတဲ့အခါ ကိုယ့်ကို စိတ်ညစ်ညူးစေနေတဲ့ အဲ့ဒီ့အရာနဲ့ ပတ်သက်ပြီး လက်ခံလိုက်တာဟာ(recognizing) အရေးကြီးတဲ့ ပထမဆုံးအဆင့်ဖြစ်ပါတယ်။ အဲ့ဒီ့နောက် အဲ့ဒီ့အတွေ့အကြုံကို ဘာသာစကားအနေနဲ့ ပြန်ဆိုရေးသားလိုက်ခြင်းက ကျနော်တို့ရဲ့ အတွေးတွေကို ပိုပြီး စနစ်ကျကျစုစည်းသွားစေပါတယ်။ Narrative တစ်ခုအဖြစ် ဖန်တီးလိုက်ခြင်းက ကိုယ်က အဲ့ဒီ့ ဖြစ်ရပ်ကို ထိန်းချုပ်နေရတဲ့ခံစားမှုကို ရရှိသွားစေပါတယ်။
ဒါပင်မယ့် ဒီနေရာမှာ သတိပြုရမှာလေးတွေ အနည်းငယ်ရှိပါတယ်။ Expressive writing ဆိုတာဟာ ပြဿနာမှန်သမျှ ဖြေရှင်းပေးမယ့် magical solution ကြီး မဟုတ်ပါဘူး။ ဒါ့ကြောင့် Expressive writing ကို တခြား treatment တွေအစား လုံးလုံးလျားလျား အစားထိုးအသုံးပြုလိုက်တာမျိုးကို မလုပ်သင့်ပါဘူး။ ပြင်းထန်တဲ့ ထရော်မာတွေ၊ depression တွေ ခံစားနေရတဲ့ သူတွေမှာ တခြား therapy မပါပဲ expressive writing တစ်ခုတည်းနဲ့ အလုပ်ဖြစ်သွားတာကို မတွေ့ရတာမျိုးတွေ ရှိနိုင်ပါတယ်။
ဘယ်လိုပဲပြောပြော Expressive writing ဟာ အများစုအတွက်တော့ တကယ်ကို အသုံးဝင်တဲ့ နည်းလမ်းတစ်ခုဖြစ်နေတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ထရော်မာနဲ့ ပတ်သက်ပြီး လူအများစု တစ်ယောက်တည်းခံစားရလေ့ရှိတဲ့ secrecy (လျှို့ဝှက်ထားရမှု)နဲ့ သူတို့ရဲ့ ခံစားမှု(emotions)တွေကို ရင်ဆိုင်ရမှာ ကြောက်လန့်နေတာတွေကို ရင်ဆိုင်တိုက်ခိုက်နိုင်အောင် အကူအညီပေးလို့ပဲ ဖြစ်ပါတယ်။
"ပြဿနာတစ်ခုကို ရှောင်လေလေ၊ အဲ့ဒါနဲ့ ပတ်သက်ပြီး မင်းပိုပိုဒုက္ခရောက်ရလေပဲ။ ဘာလို့ဆို အဲ့ဒီလို ရှောင်နေလေလေ အဲ့ဒီ့ပြဿနာနဲ့ ပတ်သက်လို့ ကြောက်ရွံ့မှုသံသရာကို ဖန်တီးလိုက်ပြီး negative emotions တွေပဲ များများလာရလို့ပဲ" လို့ Boston University က စိတ်ရောဂါပါမောက္ခတစ်ဦးဖြစ်တဲ့ Dr. Brian Marx က ပြောပါတယ်။ Dr. Brian Marx ဟာဆိုရင် "Written Exposure Therapy" လို့ခေါ်တဲ့ သူကူညီ designရေးဆွဲထားတဲ့ expressive writing နည်းတစ်မျိုးကို အသုံးပြုပြီး PTSD ဝေဒနာကိုခံစားနေရတဲ့ war veterans (စစ်ပြန်စစ်သား) တွေကို ကုသပါတယ်။
Why Write? (ဘာ့ကြောင့် စာရေးတာမှလဲ?)
အတွေ့အကြုံတစ်ခုနဲ့ ပတ်သက်ပြီး ပြန်ပြီးတွေးတောတာ၊ စကားနဲ့ပြန်ပြောတာ စတဲ့ activity တွေဟာ အဲ့ဒီ့ဖြစ်ရပ်နဲ့ ပတ်သက်တဲ့ စိတ်ခံစားမှုတွေကို ထပ်တလဲလဲပြန်လည်တွေးခေါ်နေစေခြင်းအားဖြင့် emotions တွေမှာ နစ်မြုပ်သွားစေတတ်ပါတယ်။ စာဖြင့်ရေးသားလိုက်ခြင်း (Writing)ကတော့ မင်းရဲ့ ပြင်းထန်နေတဲ့စိတ်ခံစားမှုတွေကို အရှိန်လျော့ကျစေပါတယ်လို့ Expressive writing ကို လေ့လာခဲ့သူ Pennsylvania State University အပြုအမူဆိုင်ရာ ကျန်းမာရေး ပါမောက္ခ Dr. Joshua Smyth က ဆိုပါတယ်။
ခံစားချက်တစ်ခု(feeling)ကို label ထိုးသလို နာမည်ပေးလိုက်ခြင်း၊ emotion တစ်ခုကို စကားလုံးတွေအဖြစ် ပြန်ဆိုလိုက်ခြင်းဟာ ဦးနှောက်ရဲ့ threat area မှာ ဖြစ်ပေါ်နေတဲ့ neural activity (လှုံ့ဆော်မှု) တွေကို လျော့ကျစေတယ်လို့ စိတ်ပညာပါမောက္ခ Dr. Annette Stanton ကပြောပါတယ်။ (ဒီလို threat area မှာ လှုံ့ဆော်မှုတွေများလေလေ စိတ်ဖိစီးကြောက်လန့်မှုကို ခံစားရတာ ဖြစ်ပါတယ်။) Dr. Annette ရဲ့ research မှာ expressive writing ဟာ depressive symptoms တွေကို လျော့ကျစေတာ၊ positive ခံစားမှုတွေ ဖြစ်ပေါ်စေတာ၊ ဘဝနဲ့ပတ်သက်လို့ တန်ဖိုးထားမှု (appreciation) တွေ တိုးတက်စေတာမျိုးကို ဦးတည်ဖြစ်ပေါ်စေတယ်လို့ ခန့်မှန်းထားရှိပါတယ်။ "စာရေးသားခြင်းက လူတစ်ဦးတစ်ယောက်ရဲ့ သူတို့ရဲ့ အတွေ့အကြုံတွေအပေါ် လက်ခံမှုစွမ်းရည်ကို မြင့်တက်လာစေပြီး အဲ့ဒီ့လက်ခံလိုက်မှုဟာလည်း ငြိမ်းငြိမ်းချမ်းချမ်းရှိတယ်" လို့ သူမကပြောပါတယ်။
ဆိုတော့ ကိုယ့်ကိုယ်ကို စာရေးဆရာတစ်ယောက်လို့ မယူဆရင်ရော စာရေးရတာ အဆင်ပြေပါ့မလား? စာလုံးပေါင်းတွေ၊ သဒ္ဒါတွေကို တွေးပူမနေပါနဲ့။ ကိုယ်ရေးထားတာတွေ ဘယ်သူ့ကိုမှလည်း မပြပါနဲ့။ မင်းလုပ်ရမှာက မင်းရဲ့ အတွေးတွေ ခံစားချက်တွေကို နက်နက်ရှိုင်းရှိုင်းတူးဖော်ပြီး ရေးသားဖို့ပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းရဲ့ ပန်းတိုင်ဟာ ယောက်ယက်ခတ်နေတဲ့ မငြိမ်မသက် အဖြစ်အပျက်တွေထဲမှာ အဓိပ္ပါယ်တစ်ခုခုကို ရှာဖွေတွေ့ရှိစေဖို့ပဲ ဖြစ်တယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က Yanatha Desouvre တစ်ယောက် expressive writing ကို စတင်အသုံးပြုခဲ့တဲ့အချိန်….unhealthy relationship လို့ သူပြောတဲ့ relationship breakup နဲ့ကြုံခဲ့တဲ့အချိန်တုန်းကပေါ့။ သူဟာ ဘာလို့ ဒီအရာက သူ့ကို တစ်ခါတစ်ရံ ဖျားနာတဲ့အထိ နာကျင်စေရသလဲဆိုတာ နားလည်ဖို့ စာတွေရေးခဲ့တယ်။ "မင်းဟာတစ်ချိန်လုံး မင်းခံစားချက်တွေကို ကွယ်ဝှက်မထားနိုင်ဘူး။ ဒီအပြုအမူဟာ မင်းကို နာကျင်စေလိမ့်မယ်" လို့ သူပြောပါတယ်။ စာရေးခြင်းဟာ အရင်တုန်းက ရှိခဲ့ဖူးတဲ့ ဒဏ်ရာဟောင်းတွေကိုလည်း ကုစားပေးပါတယ်။ Desouvre ဟာ ၉ နှစ်သားအရွယ်တုန်းက New York က ဆံသဆိုင်တစ်ဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ အသက်ရှင်ကျန်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် နှစ်ပေါင်းများစွာကြာအောင် အိပ်မက်ဆိုးတွေရှိခဲ့ပင်မယ့် အဲ့ဒီ့အရာတွေကို အာရုံမစိုက်မိအောင် သူကြိုးစားခဲ့ပါတယ်။ နောက်တော့ အဲ့ဒီ့အတွေ့အကြုံနဲ့ ပတ်သက်ပြီး စတင်ရေးသားတဲ့အခါမှာတော့ ဝေဒနာတွေဟာ သက်သာလာခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး သူပြန်ရေးသားတဲ့အခါမှာ ထရော်မာဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သူဘယ်လိုခံစားခဲ့ရသလဲ၊ အဲ့ဒီ့ဖြစ်ရပ်တွေကနေတစ်ဆင့် ဘာတွေ သိရှိသွားသလဲဆိုတာတွေကို သူ့ကိုယ်သူ ပြန်လည်ဆန်းစစ်မေးမြန်းပါတယ်။ "ဒီအရာတွေဟာ နာကျင်ဖို့ကောင်းပါတယ်။ ဒါပင်မယ့် ဒီနာကျင်မှုကို ကျနော် လက်ခံလိုက်တဲ့ တစ်ခနမှာ ကျနော့်မှာ ရှိခဲ့မှန်းကျနော်မသိခဲ့တဲ့ သတ္တိတွေကို ပြန်မြင်စေပါတယ်" လို့ သူကပြောပါတယ်။
Desouvre ဟာ သူ့ရဲ့ expressive writing နဲ့ ပတ်သက်လို့ Captain's log (ကပ်တိန်ရဲ့ မှတ်တမ်း) တစ်ခုလို သဘောထားပါတယ်။ ဘာတွေဖြစ်ခဲ့တယ်၊ အဲ့ဒီကနေ သူဘာတွေ သင်ယူသိရှိသွားတယ်ဆိုတာတွေရဲ့ မှတ်တမ်းပေါ့။ တစ်ခါတစ်လေ စာတစ်ကြောင်း၊ နှစ်ကြောင်းပဲ သူရေးခြစ်လိုက်တာမျိုးလည်း ရှိတယ်။ ဒါပင်မယ့် အမြဲတမ်းမှာတော့ ခက်ခဲလှတဲ့ အတွေ့အကြုံတွေအကြောင်းကနေ အရင်စပြီး အဲ့ဒီ့နောက်မှာမှ ဒီအတွေ့အကြုံက သူ့ကို ဘာတွေသင်ပေးလိုက်တယ်ဆိုတာတွေကို ရေးပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းကတော့ သူ့ရဲ့ note စာအုပ်ထဲမှာ ပိုးမွှားတွေနဲ့ လုံးပန်းရမှု၊၊ ဆုံးရှုံးမှုတွေ၊ အချက်အလက်မှားယွင်းမှုတွေနဲ့ pandemic အတွင်း သူ့ရဲ့ကလေးတွေကို home-schooling လုပ်ရတဲ့အကြောင်းတွေ၊ ဒါတွေနဲ့ ပတ်သက်လို့ စိတ်ဖိစီးမှုတွေကို မှတ်တမ်းတင်ထားပါတယ်။ ဒါပင်မယ့် သူဘာတွေ အကျိုးကျေးဇူးရရှိသွားလဲဆိုတာကိုလည်း သေချာပေါက် ရေးထားပါတယ်။ သူ့မိသားစုနဲ့အချိန်ပိုရတာတွေ၊ ကောင်းမွန်တဲ့ အမြင်သစ်တွေရယ်ပေါ့။
"ကျနော့်ရဲ့ expressive writing က ကျနော့်ရဲ့ အကြောက်တရားတွေကို ရင်ဆိုင်ဖို့ ခွန်အားသတ္တိတွေပေးတယ်။ နောက်ပြီး ကျနော်လိုအပ်တဲ့ ကုသမှုတွေနဲ့ ကျနော့်ရဲ့ မျှော်လင့်ချက်တွေကို ပြန်လည်ရှာဖွေရာမှာလည်း အကူအညီပေးနေတယ်လို့ ကျနော်ယုံကြည်ပါတယ်" လို့ Desouvre က ဆိုပါတယ်။
(Reader's Digest April-2022 Issues မှ "Work out your worries by Writing" by Elizabeth Bernstein ဆောင်းပါးကို ဘာသာပြန်ဆိုသည်။)
#tteokki
One child,one teacher,
ReplyDeleteone book, one pen, can change the world.
...Malala Yousafzai...
One hand,
one phone,
a little bit phone bill or wifi,
desire to do,
can change our Country Myanmar.
............❤Htet...............
Morning
ReplyDeleteDone
ReplyDeleteDone
DeleteI love. ... ✍️🍀
ReplyDeleteDone 💪
ReplyDelete❤️💜
ReplyDelete❤️💜
DeleteDoneပါဗျာ🌻✊
ReplyDeleteTHANKS.
ReplyDeleteWheel........dope.🏹🏹🏹
ReplyDeleteDone 🍀
ReplyDeleteDone 🍀
DeleteDone💕
ReplyDelete🤗🍀🕊
ReplyDelete🕊️🌸🕊️
ReplyDeleteThanks you Adms
ReplyDeleteDone💕
ReplyDeleteDone
ReplyDelete