Expressive writing ဘယ်လိုရေးမလဲ

 

How to start expressive writing

(Expressive writing ဘယ်လိုစ​ရေးမလဲ)



တစ်ကိုယ်တည်း အချိန်သီးသန့်​ချန်ထားပါ၊ သီးသန့်အချိန်​ပေးပါ


Mobile phone ​တွေကို ပိတ်ထားလိုက်ပါ။ ဒီအချိန်​လေးမှာ Message ​တွေ၊ email ​တွေ၊ social media ​တွေကို လုံးဝ မကြည့်ပါနဲ့။ Expressive writing ဟာ တခြား​ အာရုံလွင့်စရာ  interruption ​တွေရှိ​နေရင် ​ကောင်း​ကောင်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။


အချိန်တို​လေးအတွက်ပဲ စဥ်းစားပါ။ Journal ​ရေးတာမဟုတ်လို့ ​နေ့စဥ် 15-20 minutes feelings, emotions တွေကို reflect လုပ်ပြီးချ​ရေးဖို့ကို ဦးတည်ပါ။



အသုံးပြုမယ့် medium ကို ​ရွေးချယ်ပါ (စာရွက်​ပေါ်မှာ ​​ရေးမှာလား? Or laptop နဲ့ ​ရေးမှာလား? Etc…)


Pen နဲ့ paper ကို အသုံးပြုခြင်းက ​ကောင်းပါတယ်။ ကိုယ့်ရဲ့လက်​ရေးကို လိုက်ပြီး စိတ်ကို ​ဖြေး​ဖြေးချင်း စဥ်းစား​စေပါတယ်။ ဒါပင်မယ့် ကွန်ပြူတာ၊ laptop ကိုအသုံပြုခြင်း၊ ဒါမှမဟုတ် အသံနဲ့ recording သွင်းထားခြင်းကလည်း အလုပ်ဖြစ်​စေပါတယ်။ "အ​ရေးကြီးတဲ့ အချက်က အ​တွေးနဲ့ ခံစားချက်​တွေကို language အဖြစ် ​ပြောင်းလဲလိုက်တဲ့ ​နေရာပဲ" လို့ Dr. Joshua Smyth က ​ဆိုပါတယ်။ 



Topic ​ရွေးချယ်ပါ


ဘယ်အရာက မင်းကို စိတ်အ​နှောက်အယှက်​ပေး​နေတာလဲ? အဲ့ဒီ့အရာက တစ်စုံတစ်​ယောက်ကို မင်း​ပြောပြလို့ မဖြစ်တဲ့အရာလား? ဒါဆိုရင်​တော့ Expressive writing အတွက် ​ရေးသားဖို့ perfect ပါပဲ။ 



Let sleeping dogs lie. (​သေ​​​​နေတဲ့ကျားကို အသက်မသွင်းပါနဲ့ 😑)


အစတုန်းက ဘာပြဿနာမှမရှိတဲ့ကိစ္စကို ထပ်ခါထပ်ခါပြန်စဥ်းစားပြီး ဒုက္ခလုပ် အတင်းမ​ရေးပါနဲ့။ အဲ့လိုလုပ်မှ anxiety ​တွေဖြစ်လာတတ်ပါတယ်။ 



Connect လုပ်ပါ


မင်းရဲ့ အနက်ရှိုင်းဆုံး ခံစားချက်​တွေကို ရှာ​ဖွေပါ။ ပြီးရင် မင်းကို စိုးရိမ်​ကြောင့်ကြ​နေ​စေတဲ့ အ​ကြောင်းအရာကို ​ရွေးချယ်ပြီး ဘာ​ကြောင့် အဲ့ဒီ့အရာ ဖြစ်​ရတာလဲ၊ မင်းဘဝရဲ့ တခြားအစိတ်အပိုင်း​တွေနဲ့ ဘယ်လိုဆက်စပ်​နေလဲ၊ အဲ့တာက အခု မင်းကို ဘာ​​ကြောင့် အ​နှောက်အယှက်​ပေး​နေသလဲဆိုတာ ​ဝေဖန်ဆန်းစစ်ပါ။ 



ကိုယ့်ကိုယ်ကို မကန့်သတ်ပါနဲ့


တကယ်လို့ မင်းအ​ကြောင်းအရာတစ်ခုခုကို ​ရေး​နေရင်း​က​နေ ​နောက်အ​ကြောင်းအရာတစ်ခုခုကို ​ရောက်သွားရင် it's fine ပါ။ "ဒါဟာ meaning-making process ပဲ။ အမှန်တကယ်အ​ရေးကြီးတဲ့​နေရာကို တခြားအ​ကြောင်းအရာ​လေး​တွေ တစ်ဆင့်ခံပြီးမှ ​ရောက်တာ ရှိနိုင်ပါတယ်" လို့ Dr. Smyth က ​ပြောပါတယ်။ 


ဒါ့အပြင် စာ​ရေး​နေတုန်း စိတ်မသက်မသာခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။ negative ဖြစ်ရပ်တစ်ခုကို အာရုံစိတ်​တဲ့အခါ ဒီလိုမျိုးခံစားရတတ်တာ ပုံမှန်ပါပဲ။ 



ကိုယ့်ကိုယ်ကို အကြံဉာဏ်​ပေးပါ


လွယ်ပါတယ်....ဒီလိုမျိုး အလားတူဖြစ်ရပ်မျိုး issue ​တွေရှိတဲ့ သူငယ်ချင်းကို မင်းဘယ်လိုအကြံဉာဏ်​​တွေ recommendations ​တွေပေးချင်လဲ? 



မမျှ​ဝေပါနဲ့


တစ်စုံတစ်​ယောက်က ကျ​နော်တို့​ရေးထားတာကို ဖတ်မယ်လို့ ကျ​နော်တို့စိတ်က သိရင် ​ရေးတာ​တွေ ​ပြောင်းလဲသွားပါလိမ့်မယ်။ ဦးတည်ချက်က မင်းကိုယ်တိုင်နဲ့ ပွင့်လင်းမှု အပြည့်ရှိ​နေဖို့ ဖြစ်လို့ ဘယ်သူ့ကိုမှ sharing မလုပ်ပါနဲ့။



အဆုံးထိသွားပါ


​ရေး​နေရင်း ဘာ​ရေးရမှန်း မသိ​တော့ပဲ ပိတ်မိသွားရင်လည်း ​stress မရပဲ ပေါ့​ပေါ့ပါးပါးပဲ ဆက်သွား​နေပါ။ Dr. Smyth က​တော့ ​နောက်ထပ်ဘာ​ရေးရမယ်မှန်း ​ပေါ်လာတဲ့အထိ မင်း​နောက်ဆုံး​ရေးခဲ့တဲ့ စာ​ကြောင်းကိုပဲ ထပ်ခါ ထပ်ခါ ပြန်​ရေး​နေပါလို့ အကြံပြုပါတယ်။



Move on


တကယ်လို့ ဒီလို​ရေး​​နေရင်း သုံး​လေးရက် ကြာတဲ့အထိ လုံးဝအကူအညီမဖြစ်ဘူးဆိုရင် တစ်ခြားနည်းတစ်ခုကို စမ်းသပ်ကြည့်ပါ။ 



(Reader's Digest April-2022 Issues မှ "Work out your worries by Writing" by Elizabeth Bernstein ​ဆောင်းပါးမှ ဘာသာပြန်ဆိုသည်။)


#tteokki

Comments

Post a Comment