Hamster
Hello
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။
အခုနောက်ပိုင်းမှာ အိမ်မွေးတိရစ္ဆာန်အဖြစ် အာဝုလေးတွေ၊ မြောင်လေးတွေအပြင် Hamster လေးတွေကိုလည်း လူကြိုက်များလာကြပြီး တဖြည်းဖြည်း အမွေးများလာကြပါတယ်။ ဒီနေ့မှာတော့ Hamster လေးတွေနဲ့ ပက်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို clicker တွေ သိဖို့ မျှဝေပေးချင်ပါတယ်။
“Hamster ဆိုတဲ့ နာမည် “
Hamster ဆိုတဲ့ စကားလုံးဟာ ဂျာမန်စကား Hamstern ကနေ ပြောင်းလဲလာတာဖြစ်ပြီး မူလ အဓိပ္ပာယ်ကတော့ (To Hoard) သိုလှောင်သိမ်းဆည်းတယ် လို့ အဓိပ္ပာယ်ရပါတယ်။ ဒီနာမည်ကတော့ Hamster လေးတွေရဲ့ ပါးစောင်အိတ်ထဲမှာ အစာတွေ ထည့်ပြီး သိမ်းဆည်းတတ်တဲ့ အကျင့်ကို အစွဲပြုပြီး ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။
Hamster မျိုးစိတ်များ
ကမ္ဘာပေါ်မှာ တွေ့ရတဲ့ Hamster မျိုးစိတ်ပေါင်း (၂၀) ခန့်ရှိပြီး အိမ်မွေးတိရစ္ဆာန်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် မွေးကြတာကတော့ (၅)မျိုး သာရှိပါတယ်။
Syrian Hamster
အိမ်မွေး Hamster မျိုးစိတ်တွေထဲမှာ အထင်ရှားဆုံးနဲ့ အကြီးဆုံး ဖြစ်ပြီး Golden Hamster or Teddy Bear Hamster လို့လဲ ခေါ်ကြပါတယ်။ မြန်မာမှာတော့ ပိုလာ လို့ လူသိများပါတယ် (but သူကလဲ Hamster ပါပဲ။ အဲ့တာကို ပိုလာလေးတွေ Hamster နဲ့ လဲချင်လို့ဆိုပြီး ထထလုပ်ကြတာကတော့ လူရီစရာဖြစ်ပါတယ် :3) အရွယ်အစားအားဖြင့် ၅ လက်မ ကနေ ၇ လက်မ အထိ ရှိတတ်ကြပါတယ်။
Chinese Hamster
Chines Hamster တွေဟာ ကြွက်နဲ့ ပိုဆင်ပြီး ပိန်ပိန်ပါးပါးနဲ့ ရှည်မျောမျော ပုံသဏ္ဍာန် ရှိပါတယ်။ သိသာထင်ရှားတဲ့အချက်ကတော့ သူတို့ရဲ့ အမြီးဟာ တခြား အိမ်မွေး Hamster မျိုးစိတ်တွေထက် ပိုရှည်ပါတယ်။ အရွယ်အစားအားဖြင့် ၃ လက်မ ကနေ ၅ လက်မအထိ ကြီးထွားနိုင်ပါတယ်။
Roborovski Dwarf Hamster
Hamster မျိုးစိတ်ထဲမှာ အသေးဆုံးလေးတွေ ဖြစ်ပြီး တအားလဲလျင်ကြပါတယ်။ အရွယ်အစားအားဖြင့်လည်း ၁ လက်မခွဲ ကနေ ၂ လက်မလောက်အထိပဲ ရှိတတ်ကြပြီး သိသာထင်ရှားတဲ့ မျက်ခုံးဖြူဖြူလေးတွေ ရှိပါတယ်။ Robo လေးတွေကတော့ ထူးထူးခြားခြားပဲ အုပ်စုနဲ့နေတတ်ကြပါတယ်။
Winter White Dwarf Hamster
Winter white Hamster တွေကို Siberian Hamster လို့လဲ လူသိများပါတယ်။ ဆောင်းရာသီမှာ အဖြူစွတ်စွတ်ပြောင်းသွားတတ်တဲ့ သူတို့ရဲ့အမွေးတွေကို အစွဲပြုပြီး winter white လို့ခေါ်ကြတာပါ။ အရွယ်အစား အားဖြင့်တော့ ၃ လက်မ ကနေ ၄လက်မ အထိ ရှိကြပါတယ်။
Campbell Hamster
Winter White နဲ့ ဆင်ဆင်တူပြီး တော်ရုံအတွေ့အကြုံရှိတဲ့သူတွေတောင် ခွဲဖို့မလွယ်ပါဘူး။ ဒါ့အပြင် breeder တွေက Campbell နဲ့ winter white ကို cross breed လုပ်ကြတဲ့အတွက် စျေးကွက်ထဲမှာတော့ Hybrid Dwarf လေးတွေပဲ တွေ့ရများပါတယ်။ အရွယ်အစား အားဖြင့်တော့ ၃ လက်မ ကနေ ၄ လက်မအထိ ရှိတတ်ပါတယ်။
Life span
Hamster လေးတွေရဲ့ သက်တမ်းဟာ ပျမ်းမျှအားဖြင့် ၁နှစ်ခွဲ ကနေ ၂နှစ် အထိ ရှိတတ်ကြပါတယ်။တချို့ ပိုအသက်ရှည်ရှည်နေရတဲ့ ဟမ်းလေးတွေရှိပေမယ့် ၁ နှစ်ခွဲလောက်ဆိုရင်ကို သက်ကြီးဟမ်းလေးတွေအဖြစ် သတ်မှတ်ပြီး သေချာဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
Hamsters are Territorial Animals!
Hamster လေးတွေဟာ ပိုင်နက်နယ်မြေ သတ်မှတ်တတ်ကြပြီး နှစ်ကောင်အတူထားမိရင် သေတဲ့အထိ ကိုက်ကြ၊ တိုက်ခိုက်ကြတာမျိုး ဖြစ်တတ်ပါတယ်။ တချို့ genderတူ၊မိဘတူ၊ ငယ်ငယ်ကတည်းက အတူနေခဲ့ကြတာမို့ တည့်ကြတာမျိုး ရှိတတ်ပေမယ့် အင်မတန်ရှားပါတယ်။ အကောင်းဆုံးကတော့ သားခွဲအရွယ်ရောက်တာနဲ့ တစ်ကောင်တစ်ကန်ထားပေးတာ စိတ်အချရဆုံးပါ။ ဆိုင်က အဖော်ရအောင် နှစ်ကောင်ယူသွားဖို့ ပြောရင်လည်း ယူမလာပါနဲ့။ Hamster တွေဟာ အဖော် လုံးဝမလိုပါဘူး။ တစ်ကောင်ထဲနေရတာကြိုက်တဲ့ solitary animals လေးတွေ ဖြစ်ပြီး single and happy ပါ။
Hamsters are Nocturnal.
Hamsterလေးတွေဟာ နေ့လယ်နေ့ခင်းတွေမှာ အိပ်စက်အနားယူတတ်ကြပြီး ညဘက်မှ active ဖြစ်ကြတဲ့ သတ္တဝါလေးတွေပါ။ ညနေခင်းတွေနဲ့ အရုဏ်တက်ချိန်တွေမှာ active အဖြစ်ဆုံး ဖြစ်ပြီး ညအချိန်ဟာ သူတို့နဲ့ interact လုပ်ဖို့ အကောင်းဆုံးအချိန်တွေပါ။ အရမ်းဆော့လွန်းတဲ့ကလေးတွေဖြစ်တာကြောင့် ကိုယ်အိပ်နေတဲ့အချိန်မှာ ဆူဆူညံညံ အသံလေးတွေလဲ ထွက်ပါလိမ့်မယ်။ ဒါကြောင့်သင်ဟာ ညဘက်စောစောအိပ်တတ်တဲ့သူတစ်ယောက်၊ အအိပ်ဆတ်တဲ့လူတစ်ယောက်ဆိုရင်တော့ ဟမ်းလေးတွေ မွေးဖို့ သေချာစဉ်းစားသင့်ပါတယ်။
YOU SHOULD NEVER WASH A HAMSTER.
ဒီအချက်ကတော့ အရေးအကြီးဆုံးပါ။ Hamster လေးတွေကို ရေချိုးပေးတာမျိုး၊ ဆပ်ပြာနဲ့ ဆေးပေးတာမျိုး လုံးဝ လုံးဝ မလုပ်ရပါဘူး။ Hamster တွေဟာလည်း ကြောင်တွေလိုပဲ self-groaming (ကိုယ့်ဘာသာ သန့်ရှင်းရေး ) လုပ်တတ်တဲ့ အကောင်လေးတွေဖြစ်ပြီး အင်မတန်လဲ အသန့်အပြန့်ကြိုက်တတ်တာမို့ သူတို့ကိုယ်တိုင်ကိုက သန့်ရှင်းနေပြီးသားပါ။ ရေချိုးပေးလိုက်ခြင်းအားဖြင့် သူတို့ရဲ့ အရေပြားနဲ့ အမွေးကြားက အဆီလေးတွေကို ဆေးကြောလိုက်သလို ဖြစ်ပြီး အရေပြားခြောက်တာ၊ အမွေးကြွတ်တာ စတဲ့ အရေပြား ပြဿနာတွေ ဖြစ်နိုင်တဲ့ အပြင် အခန့်မသင့်ရင် stress ရ ၊ wet tail ဖြစ်ပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ (အခြေအနေတစ်ခုအရ vet က မဖြစ်မနေညွှန်ကြားလို့မဟုတ်ရင်) သူတို့ကို လုံးဝရေချိုးမပေးသင့်ပါဘူး။ ကိုယ့်အနေနဲ့ တစ်ခုခုလုပ်ပေးချင်တယ်ဆိုရင်တော့ သူတို့အတွက် bathing sand လေးတွေ ထားပေးနိုင်ပြီး သဲထဲမှာ သူတို့ဟာသူတို့ လူးခြင်းအားဖြင့် သန့်ရှင်းရေးလုပ်ကြပါတယ်။
Hamster Cage
Pet store ကြော်ငြာတွေ၊ ကာတွန်းရုပ်ရှင်တွေထဲမှာ Hamster လေးတွေဟာ အစာနဲ့ရေပုံမှန် ပေးထားရုံ မွေးလို့ အင်မတန်လွယ်ကူပြီး၊ နေရာလည်း သိပ်မပေးရတဲ့ pet လေးတွေ အဖြစ် ပုံဖော်ကြတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် အဲ့တာဟာ လုံးဝမမှန်ပါဘူး။ Hamster လေးတွေဟာ အကောင်သေးသလောက် အင်မတန် energetic ဖြစ်ပြီး အင်မတန် active ဖြစ်တဲ့ အကောင်လေးတွေပါ။ သူတို့တွေ stress ကင်းကင်းနဲ့ ကောင်းကောင်းပျော်ရွှင်ကြီးပြင်းနိုင်ဖို့ ကစားစရာမျိုးစုံနဲ့ cage နေရာကျယ်ကျယ် လိုအပ်ပါတယ်။ Hamster တစ်ကောင်အတွက် လိုအပ်တဲ့ minimum floor space က 450 square inches ပါ။ ဒါကြောင့်မို့ cage size အနေနဲ့ဆို ၂ပေခွဲ * ၁ပေခွဲ ဒါမှမဟုတ် ၃ပေ * ၁ပေ လောက်ထားပေးမှ အဆင်ပြေပါတယ်။ pet shop တွေမှာ ရောင်းနေကြတဲ့ ပုစိပုစိလှောင်အိမ်တွေဟာ carrier cage အနေနဲ့လောက်သာ သုံးဖို့ သင့်တော်ပြီး Main Enclosure အနေနဲ့ လုံးဝမသုံးသင့်ပါဘူး (စဉ်းစားကြည့်လေနော့် you တို့ဆိုရင်ရော ဆယ်ပေပတ်လည် အခန်းကျဉ်းလေးထဲ အစာနဲ့ရေရှိရုံ တစ်သက်လုံးနေနိုင်မလား။ ကိုယ်ချင်းစာကြည့်ပေါ့နော် 😁 )
Hamster have poor eyesight.
ဟမ်းစတားလေးတွေဟာ မွေးကတည်းက မမြင်ရသလောက်နီးပါး မျက်လုံး မှုန်ကြပြီး color blind ကောင်လေးတွေပါ (တရုတ်မလင်လိုပဲ :3) ဒါပေမယ့် အကြားအာရုံနဲ့ အနံ့ခံအာရုံ အရမ်းကောင်းကြပြီး အဲ့အာရုံတွေကိုပဲ အားပြုပြီး သဘာဝထဲမှာ အစာရှာတာ၊ သူတို့ထက်ကြီးတဲ့ သားရဲတွေရဲ့အန္တရာယ်က တိမ်းရှောင်တာတွေကို ဆောင်ရွက်ကြပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်လာတော့လဲ ဒီအာရုံတွေနဲ့ပဲ သခင်ရဲ့ အနံ့နဲ့ အသံကို ခွဲခြားမှတ်သားကြပါတယ်။
Breeding & Reproduction
Hamsters လေးတွေဟာ အကြမ်းဖျင်းအားဖြင့် အသက် (၄) ပတ် ဝန်းကျင်မှာပဲ စတင်မျိုးပွါးနိုင်ကြပြီး ကိုယ်ဝန်ဆောင်ချိန်ဟာလည်း ၁၅ ရက်ကနေ ရက် ၂၀ ပဲ ကြာပါတယ်။ သို့သော်လည်း Research တွေအရ breeding လုပ်ဖို့ အကောင်းဆုံးအရွယ်ကတော့ အသက် ၆ လ လောက်မှ ဖြစ်ပါတယ်။ အရမ်းငယ်လွန်းတဲ့ Hamster လေးတွေအနေနဲ့ မအေကိုယ်တိုင်ကိုက ကောင်းကောင်းမဖွံ့ဖြိုးသေးတာကြောင့် ကလေးတွေ အဖက်မတင်တာ၊ သားထိန်းမတတ်သေးတာကြောင့် stress ရပြီး ကိုယ့်ကလေးကို ပြန်စားတာတွေ ဖြစ်နိုင်ပါတယ်။ ပြီးတော့ တစ်ခါပေါက်ရင် ၄ ကောင် ကနေ အများဆုံး ၁၂ ကောင်လောက်အထိ ပေါက်နိုင်တာမို့ သူတို့အတွက်လဲ အရမ်းဒုက္ခကြီးပြီး မွေးထားတဲ့ ဟူးမန်းအတွက်လဲ တာဝန်ကြီးလွန်းပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်တော့ (ကိုယ်က professional breeder မဟုတ်ရင်) မျိုးမဖောက်တာ အကောင်းဆုံးပါပဲ။ အရမ်းစိတ်ပျက်ဖို့ ကောင်းတာကတော့ ဒီက breeder တွေက ကလေးတွေကို ရောင်းစားဖို့အတွက် တပြွတ်ပြွတ်မျိုးဖောက်နေတာပါပဲ။ Hamster law ခိုင်ခိုင်မာမာရှိတဲ့နိုင်ငံတွေမှာတော့ ဟမ်းစတား အမတစ်ကောင်ကို တစ်သက်မှာ ၂ ခါ ကနေ ၃ ခါ အထိပဲ မျိုးဖောက်ခွင့်ပြုပါတယ်။
(ချွင်းချက်အနေနဲ့ Chinese Hamsters ကတော့ 2-3 months မှာမှ စတင်မျိုးပွါးနိုင်တဲ့ အရွယ်ကိုရောက်ပါတယ်)
Hamsters are OMNIVORES.
ဟမ်းစတားလေးတွေဟာ အစုံစားသတ္တဝါလေးတွေ ဖြစ်ကြပြီး အစေ့အဆံ၊ အသီးအရွက်ကစလို့ နို့ထွက်ပစ္စည်းနဲ့ ပိုးကောင်လေးတွေအထိ စားသုံးတတ်ကြပါတယ်။ အိမ်မွေးဟမ်းလေးတွေကိုတော့ အစာခြောက်ကို အဓိကထားကျွေးကြပြီး အသီးအရွက်ကိုတော့ တစ်ပတ်မှာ တစ်ခါနှစ်ခါလောက်သာ ကျွေးကြပါတယ်။ ဒါပေမယ့်လည်း သူတို့နဲ့ မတည့်တဲ့ အသီးအနှံတွေလည်းရှိတာကြောင့် (များသောအားဖြင့် citric acid ပါတဲ့ အသီးအနှံတွေနဲ့ မတည့်ပါဘူး) သေချာလေးလေ့လာပြီးမှ ကျွေးသင့်ပါတယ်။
Hamsters’ incisor teeth grow continuously throughout their lives.
Hamsters တွေဟာ Rodents အမျိုးအနွယ်ဝင် mammals လေးတွေ ဖြစ်တာကြောင့် sharp incisors teeth တစ်စုံ ရှိတတ်ကြပြီး အဲ့ရှေ့သွားလေးတွေဟာ ဘဝတစ်လျှောက်လုံး ရှည်ထွက်နေပါတယ်။ ဒါကြောင့် သူတို့လေးတွေ ကိုက်ဖို့ chew toy လေးတွေ၊သစ်ကြားသီးတို့လို အစာမာလေးတွေ သေချာထည့်ပေးရ၊ ကျွေးရပါတယ်။ မဟုတ်ရင်တော့ အသက်ကြီးလာတဲ့အခါ ရှေ့သွားတွေတအားရှည်ပြီး အစာစားမရတာ၊ နာကျင်တာမျိုးတွေ ဖြစ်တတ်လို့ ဆေးခန်းမှာ သွားတိပေးရတတ်ပါတယ်။
ဒီနေ့တော့ ဒီလောက်ပါပဲခင်ဗျ။ကလစ်နှိပ်ရင်း Hamster အကြောင်း အတန်အသင့်သိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
I love Hamster.
ReplyDeleteDone
ReplyDeleteချစ်စရာအကောင်လေးတွေပဲ🍀✌️
ReplyDeleteHamster 🍀
Delete❤️💜
ReplyDelete❤️💜
DeleteDone 💪
ReplyDeleteDone.
ReplyDeleteDoneပါဗျာ🌾☁️
ReplyDeleteDoneပါဗျာ🌻🤍
DeleteDone
ReplyDeleteDone
ReplyDeleteThanks for sharing
ReplyDelete🐝
ReplyDeleteWheel..............dope.🏹🏹🏹
ReplyDeleteWheel.........dope.🏹🏹🏹
DeleteWheel............dope.🏹🏹🏹
DeleteDone
ReplyDeleteDone ✅
ReplyDeleteCute😍💜
ReplyDelete💪💪💪💋
ReplyDeleteHamster🐹
ReplyDeleteDone 🍀
ReplyDeleteDone 🍀
DeleteAPPRECIATE.
ReplyDeleteDone
ReplyDelete❤️❤️
ReplyDeleteThanks
ReplyDeleteThanks again 💙
Delete🍀🍀
ReplyDeleteSo cute!
ReplyDelete