Movie review

 

ဒီနေ့ ညွှန်းပေးချင်တဲ့ TV series လေးကတော့ Reply 1988 ဖြစ်ပါတယ်။




Reply 1988 ဟာ အပိုင်း (20)ပါဝင်ပြီး Netflix က 2016 မှာ ထုတ်လွှင့်ပြသပြီးခဲ့ပါတယ်။ ကြည့်ရှုသူများသလို အရမ်းသဘောကျတဲ့ ကားလည်းဖြစ်ခဲ့ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။


ရရှိခဲ့တဲ့ဆုတွေကတော့...


မေ 03၊ 2020 ကပြုလုပ်တဲ့ စစ်တမ်းအရ tvNရဲ့ The Highest Rated and Most Watched Korean Drama Series of All-time in South Korea Cable Television History မှာ စတုတ်ထမြောက် rating အမြင့်ဆုံးကားဖြစ်မယ်။ Rating (18.813%)နဲ့ပါ။ သူ့အထက်မှာ


1. The World of the Married (2020 - ongoing) [Episode 12 out of 16 Episodes] — JTBC (24.337%)

2. SKY Castle (2018) — JTBC (23.779%)

3. Crash Landing on You (2019) — TVN (21.683%)

တို့ရှိပါတယ်။


Awards

2016 (52nd) BaekSang Arts Awards - June 3, 2016

Best Director (Shin Won-Ho)

Best New Actor (Ryoo Joon-Yeol)

2016 (5th) APAN Star Awards - October 2, 2016

Best New Actor (Park Bo-Gum)

Best New Actress (Hyeri)

Best Director (Shin Won-Ho)

tvN10 Awards - October 9, 2016

Grand Prize (content)

Scene Stealer Actor (Kim Sung-Kyun)

Scene Stealer Actress (Ra Mi-Ran)

Popular Actor and Actress Award (Ryu Jun-Yeol/Hyeri)

Content Main Prize




စမတ်ဖုန်းတွေ မရှိတုန်းက၊ အင်တာနက်တွေမရှိတုန်းကအချိန်တွေမှာ ကျမတို့ဘာတွေ လုပ်နေခဲ့ပါလိမ့်။


1988 တုန်းက တောင်ကိုရီးယားမှာ ဂီတမှာဆို lee Moon Sae (လီမွန်ဆယ်) က ကေပေါ့ပ်ကင်း၊ SoBanCha ရဲ့ Last Night က ပေါ်ပြူလာ အဖြစ်ဆုံး။ Lee Sang Eun (Dan Da Di ) က ကေပေါ့ကွင်း။ အခုချိန်ထိ ဂျန်ဟွမ်၊ ဆန်းဝူးနဲ့ ဒုန်ယောင်း ကခဲ့တဲ့ SoBanCha ကကွက်က Variety Show တော်တော်များများမှာလည်း အခုထိ ကကြတုန်းဖြစ်ပြီးတော့ ကျမတို့ကိုယ်တိုင်လည်း Reply ကြည့်ပြီး အသည်းစွဲဖြစ်ခဲ့ရတာပေါ့။ IU လည်း ပြန်ဆိုထားသေးတယ်။


Reply 1988 ထဲကလိုပဲ ကျမတို့က ရေဒီယိုအစီအစဥ်တွေ၊ စာအုပ်​တွေ၊ တီဗွီအစီအစဥ်တွေနဲ့ ကျမတို့ဘေးနားကအရာတွေအပေါ်မှာ အာရုံနှစ်ခဲ့ကြတာပေါ့။ ချစ်မေတ္တာနဲ့၊ နွေးထွေးငြိမ်းမြမှုတွေနဲ့။ Reply 1988 က ကျမတို့ငယ်ဘဝကို ပြန်ပေးခဲ့လို့ ဘဝရဲ့အမှတ်တရအဖြစ်ဆုံး စီးရီးတစ်ခုအနေနဲ့ ကျမတို့နှလုံးသားထဲမှာ ကျန်နေရစ်တာပါ။


ကျမအခု အသက်နှစ်ဆယ့်ရှစ်နှစ်ထဲမှာပါ။ ဂရုထဲမှာ ကျမထက်ကြီးတဲ့သူအနည်းအကျဉ်းနဲ့ ကျမအောက် ငယ်တဲ့သူ များမယ်ထင်ပါတယ်။ ဆန်းမူဒုန်က 1988 က ကျမတို့ ငယ်ဘဝအစိတ်အပိုင်းများပါပဲ။


အခမဲ့ရုပ်သံလိုင်းကလာတဲ့အစီအစဉ်တွေကို မက်မက်မောမောကြည့်တတ်ခဲ့တယ်။ ဂျန်ဟွမ်၊ ဆန်းဝူးနဲ့ ဒုန်ယောင်းအတွက် လီမီယွန်းက ဘုရင်မတစ်ပါးဖြစ်ခဲ့သလို ကျမတို့ဆီမှာလည်း မတင့်၊ အူဝဲတို့။

ကျမတို့ဘယ်လောက်ထိ ရုပ်သံကို စွဲလန်းသလဲဆို ဇာတ်ကားနားတဲ့အချိန်မှာတောင်ကြော်ငြာအရေအတွက် ဘယ်သူ များမများ ပြိုင်ခဲ့ကြတာ။ အဲ့ဒီတုန်းက ကြော်ငြာကွင်းက ထက်ထက်မိုးဦး။


ဂျန်ဘုံသီချင်းတောင်းတဲ့ ချစ်စရာကောင်းလွန်းတဲ့ ရေဒီယိုအစီအစဉ်တွေလို ကျမတို့ဆီမှာလည်း magazine တွေဆီ မိတ်ဆက်စာပေးတာ၊ ရင်ဖွင့်စာပေးတာတွေ။


Reply 1988 မှာ အကြိုက်ဆုံးအခန်းထဲကတစ်ခုက ဂျန်ဟွမ်တို့အိမ်မှာ စုပြီးကြည့်ကြတဲ့ သီချင်းဆိုပြိုင်ပွဲလေ။ ဘယ်သူရမလဲဆိုပြီး ခန့်မှန်းကြတာ။ နောက်ဆုံးမှာဆိုတဲ့ ကျနော်အခု အိမ်ကိုပြန်ချင်နေပြီဆိုတဲ့ Shin Hae Chul ရဲ့ To you က ဆုရသွားတာလေ။ အရမ်းကို တက်တက်ကြွကြွလေး။ ကျမဆိုတကယ်ကြိုက်လို့ အဲ့သီချင်းလေး မကြာခဏ နားထောင်ဖြစ်တယ်။


ကျမတို့ငယ်ငယ်ကလည်း သီချင်းတွေကို အရမ်းသဘောကျခဲ့တာ။ CD ချပ်ပြားတွေမဖြစ်သေးခင် ဗီဒီယိုခွေအကြီးကြီးတွေ။ ရုံတွေမှာ ဇာတ်ကားမလာခင် သီချင်းတွေ ဖွင့်ပြခဲ့ကြတာပေါ့။ အဲ့ဒီတုန်းက ထွန်းအိန္ဒြာဗိုလ်၊ မတင့်ရဲ့ ပုဂံလမ်း၊ ဖိုးချိုအမှတ်တရ၊ ဗဒင် အမှတ်တရ အခြားအများကြီးပေါ့။


ပြီးတော့ ရုပ်ရှင်တွေ၊ ဇာတ်ကောင်တွေထဲကလို လိုက်လုပ်တဲ့ ဆန်းဝူးတို့လိုကလေးတွေက ကျမတို့ငယ်ငယ်က အရမ်းပေါခဲ့တာပေါ့။ ကိုကိုပါဝါရိန်းဂျား ဘာညာအော်တာ။ ကျမတို့အိမ်ကအငယ်လေးတွေဆို smart down ထဲကလို အမြဲချနေကြတာလေ။


ကျမတို့ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုမှာ ဒေါ့ဆွန်းတိုလို ဖူးစာကို ကျောင်းစာအုပ်ထဲမှာ ကိန်းဂဏန်းတွေနဲ့ ရှာဖွေဖူးသူ။ 

ကျမတို့တွေက အဲ့လောက်ထိ ဆင်တူပါတယ်။


ဒီလိုအရာတွေကြောင့်ပဲ ကျမတို့က Reply 1988က ကျမတို့ ရုန်းမထွက်နိုင်တာပါပဲ။ ကျမတို့ကို ကျမ ပြန်မြင်နေရသလိုမျိုး။ ငယ်ဘဝကို အတိအကျခံစားရသလိုမျိုး။ အရာအားလုံးကို ပြန်လွမ်းမိသလိုမျိုး။ Reply ထဲမှာ...။


ကျမ ပြန်တွေးမိတာလေ Reply1988 ကိုများ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်တဲ့ လီမီယွန်းအပြင်

လီမွန်ဆယ်၊ Lee Sang Eun၊ SoBangCha မန်ဘာတွေများ ပြန်ကြည့်ရရင် သူတို့ရဲ့ တောက်ပတဲ့နေ့တွေ၊ နုပျိုမှုတွေ အောင်မြင်နေ့ရက်တွေနဲ့ တက်ကြွခဲ့တဲ့အရာတွေအတွက် အမှန်တကယ် ပျော်ရွှင်လွမ်းမောရမှာပါ။ ဝမ်းနည်းစရာကောင်းတာက To You ဆိုတဲ့ Shin Hae Chul က 2014 မှာပဲ ကွယ်လွန်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီနေ့လည်း 1988 ကို တစ်ကြော့ပြန်သွားရအောင်။ ပြီးတော့ ကျမတို့ ငယ်ဘဝတွေကိုလည်း လွမ်းရအောင်...။


#Reply1988Myanmar



Comments

Post a Comment