News

 

Jeff Satur နဲ့ Hwasa တို့ Collab လုပ်တော့မှာလား?




ထိုင်းနိုင်ငံက နာမည်ကြီး အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Jeff Satur နဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ Hwasa တို့ collab လုပ်ထားတဲ့ သီချင်းတစ်ပုဒ် ထွက်ရှိလာမယ်လို့ သတင်းတွေထွက်နေပါတယ်။


Jeff Satur ဟာ အခုလက်ရှိပြသနေဆဲဖြစ်တဲ့ KinnPorsche the series ဇာတ်လမ်းတွဲမှာ မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ဦးရဲ့ သားအငယ်ဖြစ်သူ Kim အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး ကိုယ်ပိုင်တေးသီချင်းများစွာ ရေးစပ်သီဆိုထားတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။ 

"Why don't you stay?" ဆိုတဲ့ ဇာတ်ဝင်တေးသီချင်းနဲ့ YouTube မှာ ကြည့်ရှူသူသန်းချီရှိလာပြီး Instagram followers သန်းချီရှိလာပြီ ဖြစ်ပါတယ်။


Hwasa ကတော့ တောင်ကိုရီးယား အမျိုးသမီးအဖွဲ့ဖြစ်တဲ့ Mamamoo အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူမရဲ့ solo songs တွေဖြစ်တဲ့ "Maria", "I'm A B" ဆိုတဲ့ ကမ္ဘာကျော်သီချင်းတွေများစွာ ထွက်ရှိထားနိုင်တဲ့သူတစ်ဦးပါ။ 

တောင်ကိုရီးယားရဲ့ cutie girl image ကနေကွဲထွက်ပြီး strong woman ပုံစံနဲ့ ရပ်တည်နေတာကြောင့် ပိုလို့လူသိများလာပါတယ်။


Jeff ဟာ လွန်ခဲ့တဲ့တစ်ပတ်က ကိုရီးယားကို collaboration ကိစ္စနဲ့ ခရီးသွားခဲ့ပြီး အဲဒီအချိန်မှာပဲ Hwasa ရဲ့ entertainment ကနေ Hwasa ဟာ သီချင်းအသစ်တစ်ပုဒ် ပြင်ဆင်နေပါတယ်လို့ ပြောကြားခဲ့တာကြောင့် သူတို့နှစ်ယောက် collab လုပ်နိုင်တယ်လို့ ပရိသတ်တွေ ထင်ကြေးပေးနေကြတာပဲ ဖြစ်ပါတယ်။


ဒီသတင်းသာ မှန်ကန်တယ်ဆိုရင်တော့ အမိုက်စားအသံပါဝါတွေနဲ့ ဖျော်ဖြေမှုတွေကို မြင်တွေ့ရဦးမှာပါ။

Comments

Post a Comment